အနုပညာရှင်များ၏ ကိုယ်ပိုင်စာမျက်နှာများတွင် ပရိသတ်ပေါင်း လေးသောင်းကျော်သည်အထိ အများဆုံးရရှိထားသော ဖွေးဖွေးနှင့်သူမအားလပ်ရက်တစ်နေ့တွင် စကားပြောဖြစ်ခဲ့သည်။ ဖွေးဖွေးက သူမ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် အနုပညာလှုပ်ရှားမှုအကြောင်းကိုပြောပြခဲ့သည်။
အခုဖေ့စ်ဘွတ်ခ်မှာပရိသတ်အများဆုံးရထားတဲ့ ဖွေးဖွေးရဲ့ စာမျက်နှာကို ကိုယ်တိုင်သုံးဖြစ်လား။
သုံးဖြစ်ပါတယ်။ Admin မှာ ဖွေးဖွေးရယ်၊ စင်ကာပူက အစ်မ၀မ်းကွဲရယ်၊ အမေရိကက သူငယ်ချင်းတစ်ယောက်ရယ်ပါတယ်။ အဲဒီအစ်မတွေက ကော်နက်ရှင် မကောင်းတဲ့အခါပုံတွေတင်ပေးတာတို့၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာပါတာတွေစုတင်ပေးတာပေါ့။ ဖေ့စ်ဘွတ်ခ်မှာ စာတွေရေးတာ၊ ကော်မန့်တွေရေးတာတော့ ဖွေးကိုယ်
တိုင်ပဲရေးပါတယ်။
ပရိသတ်တွေရေးတဲ့ ကော်မန့်တွေကိုလည်း ဖတ်ဖြစ်တယ်။ပရိသတ်တွေရေးတဲ့ ကော်မန့်တွေ၊ ပုံတွေတွေ့တဲ့အခါ ဘယ်လိုခံစားရလဲ။
ဖွေးရဲ့ညတိုင်းအလုပ်က အလုပ်ပြီးရင် ဖေ့စ်ဘွတ်ခ်ကြည့်တာပါ။ ပရိသတ်တွေ ဘာတွေတင်ပေးထားလဲကြည့်တယ်။ တစ်ခါတလေကိုယ့်ပုံကို ခဲခြစ်ပန်းချီတွေ၊ ဘာတွေနဲ့ ဆွဲပြီးတင်တာတွေ့ရတယ်။ ၀မ်းသာတာပေါ့။ ကိုယ့်အချိန်ပေးပြီး လုပ်ပေးတာဆိုတော့။
ဖေ့စ်ဘွတ်ခ်မှာ Fanpage စလုပ်ဖြစ်တာဘယ်ကလဲ။ ကိုယ်တိုင်ပဲလုပ် ဖြစ်တာလား။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကအမေရိကမှာကျောင်းတက်နေတဲ့ အမ်မလီကစပြီးလုပ်ပေးတာ။ ပြီးမှ အစ်မ၀မ်းကွဲကတစ်ဆင့် သူနဲ့သိသွားတာ။ သူနဲ့က အပြင်မှာ မမြင်ဖူးကြဘူး။ သူစလုပ်ပေးပြီးမှ အက်ဒမင်ထဲမှာ ဖွေးဝင်လိုက်တယ်။
ကော်မန့်တွေ အမြဲတမ်းကြည့်တယ်ဆိုတော့ တစ်ခါတလေကိုယ့်ကို ဝေဖန်ကဲ့ရဲ့ရေးထားတာတွေ တွေ့ရင်ဘယ်လိုဖြစ်မိလဲ။
ကောင်းတဲ့ဘက်ကနေပြီး ကောင်းစေချင်လို့ဝေဖန်ကြတာများပါတယ်။ ကိုယ့်ကိုထိခိုက်စေလိုတဲ့သဘောနဲ့ ရေးတာတော့ တော်တော်ရှားပါတယ်။ အခုထိ ဆိုရင် ၃ ယောက်လောက်ပဲရှိသေးတယ်။ သူတို့ဆိုရင်တော့ ban (ပိတ်ပင်တားမြစ်) လိုက်တယ်။ သူတို့ကို စိတ်တော့မတိုဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေကိုပဲ စိတ်ထဲထည့်ထားလိုက်တယ်။
ပရိသတ် လေးသောင်းကျော်တဲ့ အထိရှိသွားပြီဆိုတော့ ဘယ်လို ခံစားရလဲ။
ပျော်တာပေါ့။ အရမ်းပျော်တယ်။ ပရိသတ် တစ်သောင်းကျော်လာတဲ့အချိန်မှာ စသတိထားမိတယ်။ ဒီစာမျက်နှာက အမ်မလီ စလုပ်ပေးတာဆိုတော့ တခြား ဖွေဖွေးအတု(စာမျက်နှာ)တွေလည်းရှိတယ်။ အမ်မလီက Fanpage လုပ်ပေးတော့ ရေးထားတယ်။ သူဖွေးဖွေးအစစ် မဟုတ်ဘူး။ ပရိသတ်အနေနဲ့ပဲ လုပ်ပေးထားတာပါလို့ ပြောထားတယ်။ ရိုးသားတယ်လို့မြင်တယ်။ အဲဒါနဲ့ သူ့ကိုဆက်သွယ်ပြီး ကိုယ်ပါ Admin တစ်ယောက်အနေနဲ့ ပါလိုက်တာပါ။
ဂျပန်ခရီးစဉ်မှာ ဆံပင်တုတွေ ၀ယ်ဖြစ်ခဲ့တယ်ကြားတယ်။ ဘယ်နှခုဝယ်ခဲ့လဲ။
ဟုတ်တယ်။ နှစ်ခု၊ သုံးခု လောက်ပါပဲ။ အခုဆံပင်အရှည်မနည်းပြန်ထားနေရတယ်။ ၀ယ်လာတာကတော့ ကားရိုက်အတွက်ပေါ့။ လူတိုင်းက ဒီလိုဆံပင်တိုနဲ့ မကြိုက်ကြဘူးလေ။ အရှည်ကြိုက်တာများတယ်။ ဖွေးကိုယ်တိုင်က ဆံပင်တို စစညှပ်ချင်းတုန်းကတော့ကြိုက်တယ်။ အခုတော့ ပြန်ရှည်ချင်နေတယ်။
ဖေ့စ်ဘွတ်ခ်ပရိသတ်တွေ အပြောများတဲ့ ဖွေးဖွေးရဲ့ ဇာတ်ကားတွေက ဘာတွေဖြစ်မလဲ။
ကိုဝိုင်းရိုက်တဲ့ “မျက်ရည်အဘိဓာန်”ရယ်၊ ဦးမျိုးမင်းရိုက်တဲ့ “အငြိတစ်ချက်ကြောင့် အသက်ပါ သွားတယ်”၊ပြီးတော့ ဟာသကား “ဟန်ဆောင်ကာမူပို”ကိုအပြော များကြတယ်။
အရင်က သီချင်းဆိုဖို့ လုပ်နေတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အခုသရုပ်ဆောင်လိုင်းဘက်ကို ပိုအာရုံစိုက်နေတယ်လို့ပြောလို့ ရမလား။
သရုပ်ဆောင်လမ်းကြောင်းပေါ်စရောက်သွားတဲ့အချိန်မှာ လိုင်းချော်သွားမှာစိုးလို့။ တစ်ခုတည်းကိုသေသေချာချာလေးလုပ်ချင်လို့ပါ။
ပြေတီဦးဖောင်ဒေးရှင်းမှာ LMFAO ရဲ့ သီချင်းနဲ့ကတာကို ပရိသတ်တွေသတိထားမိတယ်နော်။
ဟုတ်တယ်။ ဒါရိုက်တာကိုကချင်တယ်ပြောပြီး အကဆရာနဲ့ တိုင်ပင်ပြီးကဖြစ်သွားတာ။ Shuffle အကပေါ့။
ကားရိုက်တဲ့အခါမှာ ဘယ်လိုမျိုး ဇာတ်ကားတွေရွေးလဲ။ ခုနောက်ပိုင်း သေချာစစ်ပြီး လက်ခံတယ်ကြားတယ်။
အတတ်နိုင်ဆုံး ဇာတ်ကိုအရမ်းရွေးတယ်။ ထွက်တဲ့ကားတိုင်းကို ပရိသတ်မှတ်မိစေချင်တယ်။ ကားနာမည်နဲ့ ဇာတ်လမ်းလေးနဲ့ သေချာ မှတ်မိစေချင်တယ်။ ဒါပေမဲ့ ရွေးပြီးရိုက်နေတဲ့ကြားက အမှားအယွင်းဖြစ်သွားတဲ့ ကားတွေလည်းရှိတယ်။
တကယ်လို့သာ သရုပ်ဆောင် တစ်ယောက်မဖြစ်ခဲ့ဖူးဆိုရင် ဖွေးအခုဘာဖြစ်နေလောက်ပြီလဲ။
ဗြူးတီးဆလွန်းဖွင့်နေလောက် ပြီ။ Hair & Make up ကိုဝါသနာပါတယ်။
လောလောဆယ် အကြိုက်တွေ့နေတဲ့ သီချင်းဆိုရင်။
အခုလောလောဆယ် နားထောင်နေတာတော့ LMFAO ပေါ့။ အခုနောက်ပိုင်း အဆွေးသီချင်းသိပ်နားမထောင်ဖြစ်ဘူး။ ကိုယ့်ကို Modivate လုပ်တဲ့သီချင်းမျိုးပဲ နားထောင်ဖြစ်တယ်။ ပြီးတော့ Pink နားထောင်တယ်။ Lonely Island နားထောင်တယ်။
No comments:
Post a Comment