menu

Monday 23 January 2012

နိုင်ငံတော်အရန်ဆန် စတင်ဝယ်ယူ

မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​က​နေ နိုင်ငံ​တော် အရန်ဆန်ကို စတင် ဝယ်ယူ​တော့​မယ်လို့​ သိရပါတယ်။
နိုင်ငံ​တော် အရန်ဆန် တန်ချိန် ဆယ်သိန်း​ကို ​တောင်သူ လယ်သမား​တွေဆီက တိုက်ရိုက်ဝယ်မယ်လို့​ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​ အသင်း​က​နေ သိရပါတယ်။
 တောင်သူလယ်သမား​တွေရဲ့​ အ​ခြေခံ စပါး​ဈေး​နှုန်း​ဟာ အရင်နှစ်​တွေထက် ​ဈေး​ကျ​နေပြီး​ ​တောင်သူ​တွေ စိုက်ပျိုး​စရိတ် ကာမိရုံနဲ့​ ​နွေစပါး​တွေ အရင်း​နှီး​ရ​အောင် အခုလို ဝယ်ယူတာလို့​ မြန်မာနိုင်ငံ ဆန်စပါး​လုပ်ငန်း​အသင်း​က ဒုတိယဥက္ကဋ္ဌ ဦး​အောင်သန်း​ဦး​က ​ပြောပါတယ်။
“​ တောင်သူလယ်သမား​တွေရဲ့​ အ​ခြေခံစပါး​ဈေး​တွေ သိပ်ကျ​နေလို့​ အဓိက က​တော့​ အရန်ဆန်ထက် အ​ခြေခံစပါး​ဈေး​ကျတာကို ကျ​နော်တို့​ သူတို့​ ​ဈေး​လေး​တွေ ရ​စေချင်တာ​ပေါ့​နော်။ ကျ​နော် အခု ဝယ်မယ့်​ အစီအစဉ်က ​တောင်သူလယ်သမား​ဆီကပဲ တိုက်ရိုက်ဝယ်မှာဗျ၊​ ကုန်သည်ဆီကဆိုရင် မဝယ်ဘူး​ဗျ။ လက်ရှိ​တောင်သူ​တွေ မ​ရောင်း​ဘဲ ကျန်​နေ​သေး​တယ်၊​ တချို့​ဈေး​မရလို့​ လက်ထဲမှာ ကိုင်ထား​တဲ့​ ​တောင်သူ​တွေအတွက် အဓိက ဦး​စား​ပေး​ ဝယ်မှာ။ ​နောက်တခုက မကြာခင်မှာလည်း​ ​နွေစပါး​ ​ပေါ်​တော့​မှာ။ ​နွေစပါး​ကျရင်လည်း​ သူတို့​အတွက် အ​ထောက်အကူဖြစ်​အောင်။ ပမာဏက​တော့​ ကျ​နော်တို့​ ​ငွေရှိသ​လောက် ဝယ်မှာ​ပေါ့​။ တန်ချိန် ၁ သိန်း​ နီး​ပါး​ပေါ့​။”
ပြင်ပ ​ပေါက်​ဈေး​မှာ​တော့​ စပါး​တင်း​ တရာကို ကျပ်​ငွေ ၂ သိန်း​ ၈ ​သောင်း​နဲ့​ ၂ သိန်း​ ၉ ​သောင်း​ ကြား​မှာ ရှိ​နေ​ပေမယ့်​လည်း​ ဆန်စပါး​လုပ်ငန်း​ အသင်း​က​နေ စပါး​တင်း​တရာကို ကျပ်​ငွေ ၃ သိန်း​ ၃ ​သောင်း​အထိ ​ပေး​ဝယ်တာလို့​ ဦး​အောင်သန်း​ဦး​က ​ပြောဆိုပါတယ်။
အခုလို ​တောင်သူ​တွေဆီက ဝယ်ထား​ပြီး​တဲ့​နောက်မှာလည်း​ နိုင်ငံတကာ ​ဈေး​ကွက်ကို တင်ပို့​ရောင်း​ချမယ်လို့​ ဆိုပါတယ်။
“အဓိကက​တော့​ ​ဈေး​ကွက်ထဲက ​နေပြီး​တော့​ ​တောင်သူ​တွေ လက်ထဲကို ​ငွေ​ရောက်ချင်တာ​ပေါ့​။ သူတို့​ ​ငွေ ​လော​လောဆယ် စပါး​ မ​ရောင်း​ရ​သေး​တဲ့​အတွက် ​ငွေမလည်တာတို့​ ဘာတို့​ ကျ​နော်တို့​ကလည်း​ ဒီဟာ​တွေ တကယ်လက်ရှိလည်း​ လက်ထဲမှာထား​မယ်။ တချို့​တဝက်လည်း​ စပါး​ဈေး​ကွက်ထဲမှာ ပြန်ပြီး​တော့​မှ export လုပ်မယ်။ အဲဒါ ​ရောင်း​ပြီး​ရင်လည်း​ ပြန်ဝယ် ဖြည့်​သွား​မှာ​ပေါ့​။”
ပြင်ပ​ပေါက်​ ဈေး​ထက် ​တောင်သူ​တွေဆီက​နေ ​ဈေး​မြင့်​ ​ပေး​ဝယ်​ပေမယ့်​ ကုန်သည်​တွေပဲ အကျိုး​ရှိနိုင်မယ်လို့​ ရန်ကုန်အ​ခြေစိုက် စီး​ပွား​ရေး​ဆောင်ပါး​ရှင် တဦး​က သုံး​သပ် ​ပြောဆိုပါတယ်။
“တကယ်တမ်း​ လယ်သမား​တွေက အ​ကြွေး​ရှိတဲ့​အခါကျ​တော့​ အ​စောကြီး​ကလည်း​က ​ရောင်း​ထုတ်လိုက်ပြီ။ ဆန်​တွေက သူတို့​လက်ထဲမှာ မရှိ​တော့​ဘူး​။ ကုန်သည်​တွေ လက်ထဲကို ​ရောက်သွား​ပြီ။ အခု ဝယ်မယ်ဆိုရင်လည်း​ ကုန်သည်​တွေပဲ အဆင်​ပြေမှာ။ လယ်သမား​ကို အဆင်​ပြေ​အောင် မြန်မာနိုင်ငံ ဆန်​ဈေး​ကျ​နေတာကို ပြန်တက်သွား​အောင် ဆိုပြီး​တော့​ ၃၃ (စပါး​တင်း​တရာကို ၃ သိန်း​ ၃ ​သောင်း​) ​ပေး​ပြီး​ ဝယ်တာပဲ။ ဒါ​ပေမယ့်​ ခက်တာက လယ်သမား​က အ​ကြွေး​ရှိ​တော့​ အ​စောကြီး​ကတည်း​က အကုန် ရှင်း​ထုတ်လိုက်တဲ့​ အခါကျ​တော့​ သူ့​လက်ထဲမှာ ဆန်မရှိ​တော့​ဘူး​။ ​ဈေး​ကောင်း​ ​ပေး​ဝယ်​နေတဲ့​အချိန်မှာ သူ့​လက်ထဲမှာ ဆန်က မရှိ​တော့​ဘူး​။ ၃၃ နဲ့​ ​ရောင်း​တဲ့​ဟာကို အဆင်​ပြေသွား​မှာက ကုန်သည်​တွေပဲ။ ကုန်သည်​တွေ လက်ထဲမှာပဲ ဆန်ရှိတယ်။”
မင်းလွင်(ဒီဗွီဘီ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis