menu

Wednesday 11 January 2012

မိုဘိုင်းသုံးဆွဲသူများပြားလာသော်လည်း မိုဘိုင်းပညာရှင်နည်းပါးသေး



ပြည်တွင်း၌ Mobile ဈေးကက်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ သုံးစွဲသူဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိကြောင်း သိရသည်။ Mobile Handset အမျိုးအစားများစွာသည်လည်း ပြည်တွင်းဈေးကက်အတွင်းသို့ ၀င်ရောက်လျက်ရှိပြီး

အဆိုပါ Handset များနှင့် နည်းပညာသစ်များအား ဖြေရှင်းနိုင်ရန်အတွက် ပညာရှင်များစွာ လိုအပ်နေသေးကြောင်း သိရသည်။ Mobile Hardware Technician များ ပြည်တွင်း၌ရှိနေပြီဖြစ်သော်လည်း ပြည်တွင်းဖုန်းသုံးစွဲမှုပမာဏနှင့်နှိုင်းယှဉ်လျှင် နည်းပါးနေသေးသည်ဟု သိရသည်။
အိမ်နီးချင်းနိုင်ငံတချို့မှ ၀င်ရောက်လာသော Handset များတွင် အရည်အသွေးမပြည့်မီသောထုတ်ကုန်များကို မြင်တွေ့ရလေ့ရှိပြီး၊ ကာလတိုအတွင်းပျက်စီးသွားသော Handset များအတွက်လည်း ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် Technician များကို မွေးထုတ်ပေးနိုင်ရန်လိုအပ်ကြောင်းနှင့် Mobile Handset အပိုပစ္စည်းတချို့မှာလည်း အခြားနည်းပညာပစ္စည်းများထက် တန်ဖိုးအနည်းငယ်ပိုမိုများပြားခြင်းကြောင့် ပြုပြင်သူများအတွက်လည်း အခက်အခဲဖြစ်ကြောင်းကို ဖုန်းပြုပြင်ရေးဆိုင်များမှသိရသည်။ Phone Software ရေးသားခြင်းတွင်လည်း ပညာရှင်များမှာ အရေအတွက်အားဖြင့် ပိုမိုနည်းပါးလျက်ရှိကြောင်း သိရသည်။ Mobile Developer များအနေဖြင့် လျင်မြန်သောနည်းပညာပြောင်းလဲမှုအား လေ့လာရသောကြောင့် အခက်အခဲများရှိကြောင်းလည်း သိရသည်။ Mobile Software ပညာရှင်များနှင့်ပတ်သက်၍ Mobile Developer Training တစ်ခုဖြစ်သော IMCS မှသင်တန်းနည်းပြတစ်ဦးက “Mobile Developer တစ်ဦးအဖြစ်ရပ်တည်နိုင်ဖို့က အချိန်တစ်ခုပေးရမှာဖြစ်တယ်။ လက်ရှိကျွန်တော်တို့ဆီမှာ သင်တန်းတက်နေတဲ့ကျောင်းသား၊ ကျောင်းသူတွေရှိတယ်။ တစ်နေ့မှာအောင်မြင်တဲ့ Developer တွေဖြစ်လာမယ့်သူတွေပါတယ်။ ဒါပေမဲ့ ဒါဟာနည်းပညာရပ်တစ်ခုကို အသေးစိတ်လေ့လာရတာဖြစ်လို “ခုရေတွင်းတူး၊ ခုရေကြည်သောက်” လို့မရနိုင်ပါဘူး။ မကြာမီအချိန်ကာလတစ်ခုမှာတော့ ပြည်တွင်းက အောင်မြင်တဲ့ Mobile Developer များစွာကို တွေ့မြင်နိုင်တော့မှာဖြစ်ပါတယ်” ဟု သူ၏အမြင်ကိုပြောကြားခဲ့သည်။
By Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis