ကမ္ဘာတွင်
လူသုံးအများဆုံး ဖြစ်သည့် လူမှု ဆက်သွယ်ရေး ဝက်ဘ်ဆိုက်ြ ဖစ်သော Facebook
အား ပိုင်ပိုင်နိုင်နိုင် အသုံးချ၍ အိမ်များကို ဖောက်ထွင်းခိုးယူမှု
ကျူးလွန်သူ ၃ ဦးအား အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း
ကြေညာခဲ့သည်။ ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံ နယူးဟမ့်ရှိုင်းယားပြည်နယ်၌
မာရီယိုရိုဂျက်စ်၊ လီယိုနာဒိုဘာရိုဆိုနှင့် ဗစ်တာရိုဒရီဂွတ်ဟု ခေါ်ဆိုသောသူ ၃
ဦးသည် Facebook အား အသုံးပြု၍ အိမ် ၁၈ လုံးအား ဖောက်ထွင်း ခဲ့ပြီးဒေါ်လာ ၂
သိန်းနီးပါးမျှ ခိုးယူ နိုင်ခဲ့ကြသည်ဟုသိရသည်။ ၄င်းတို့က Facebook မှ တစ်ဆင့် ဖောက်ထွင်းမည့်အိမ်၌ လူရှိမရှိအား ခြေရာခံ ခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ Facebook အား အသုံးပြုသူများသည် အပြင်သွားရန် အကြောင်းကိစ္စပေါ်လာပါက မိမိ အပြင်သွားနေကြောင်း အချက်အလက် ချန်ထားခဲ့၍ သွားတတ်ကြသည်။ ဤအချက်အား ဖောက်ထွင်းရေးသမားများက လက်ကိုင်ထား၍ သူတို့ ဖောက်ထွင်းမည့်အိမ်၌ အိမ်ပိုင်ရှင်များ ရှိ၊ မရှိကို ကြိုတင်စုံစမ်း၍ ဖောက်ထွင်းမှု ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ”လူတိုင်းဟာ ကိုယ်နဲ့ပတ်သက်တဲ့ အချက်အလက်ကို Facebook ပေါ်မှာ ဖော်ပြတာဟာ သတိထားသင့်ပါတယ်။ မိမိအိမ်မှာ မရှိကြောင်း ဖော်ပြလိုက်တော့ ရာဇဝတ်မှု ကျူးလွန်ချင်သူတွေအတွက် စိတ်ကြိုက်ဖြစ်သွားတာပေါ့” ဟု ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ရွန်ဒစ်ကာဆန်က မေးမြန်းခန်းတစ်ခု၌ ပြောကြားသွားခဲ့သည်။ အထက်ပါကိစ္စနှင့်အလားတူ ကိစ္စရပ်များနှင့်ပတ်သက်၍ Facebook ဝက်ဘ်ဆိုက်၌ လုံခြုံရေး ဆိုင်ရာ အားနည်းချက်များ ရှိကြောင်း ၄င်းအားနည်းချက်များက ရာဇဝတ်မှု များအား တွန်းအားပေးရာ ရောက်ကြောင်းဝေဖန်သူများက ထောက်ပြ ပြောဆိုကြသည်။
By Popular News
No comments:
Post a Comment