menu

Friday 6 January 2012

အန္တရာယ်ရှိ တရုတ်နို့ထွက်ကုန်များ ဖျက်ဆီး


တရုတ်နိုင်ငံ အနောက်တောင် ပိုင်း ဇီချွန်ပြည်နယ်ရှိ China Mengniu Diary ကုမ္ပဏီကြီးသည် ၄င်းတို့ ထုတ်လုပ်သော နို့ထွက် ပစ္စည်းစားသောက်ဖွယ်ရာများအတွင်း စားသုံးသူများအား အန္တရာယ် ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် Aflatoxin  ဓာတု ပစ္စည်းများမြင့်မားစွာ ပါဝင် နေခြင်း ကြောင့် ပထမအသုတ်အဖြစ် ကုန် ပစ္စည်းများစွာကို ဖျက်ဆီးပစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန် ပြောကြား ခဲ့သည်။ ယခုလက်ရှိကာလတွင် ထိုကုန်ပစ္စည်းများကို ဈေးကွက်သို့ ရောင်းချခြင်း မရှိသေး   သောကြောင့် စားသုံးသူများအနေဖြင့် မည်သို့မျှ ထိခိုက်မည် မဟုတ်ကြောင်း၊ မိမိ တို့ ကုမ္ပဏီထုတ် ပစ္စည်းများကိုလည်း ဆက်လက်၍ စစ်ဆေးမှုများ   ပြုလုပ်နေကြ   ကြောင်း ဖော်ပြထား သည်။
ဤကဲ့သို့ ဖြစ်ပွားရခြင်းမှာ နွားများ၏ အစားအစာများ သန့်ရှင်း မှု မရှိသောကြောင့် ဖြစ်ကြရသည် ဟု အပြစ်တင် ဖော်ပြသည်။ Mengniu Diary ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် အကြီးမားဆုံး နို့ ထွက်ပစ္စည်းထုတ် ကုမ္ပဏီကြီးတစ် ခုဖြစ်ပြီး ၄င်း၏ ဟောင်ကောင် အစု ရှယ်ယာ ဈေးကွက်တွင် ၂၁ ရာခိုင်နှုန်း အထိ  ကျဆင်းသွားခဲ့ရသည်။  ၂ဝဝ၈ ခုနှစ်ကလည်း ၄င်းတို့ ကုမ္ပဏီထုတ် နို့မှုန့်များတွင် မသမာ သူများက ဓာတုပစ္စည်း မယ်လမင်း များ ရောစပ်ကာ အတုလုပ်ရောင်း ချခဲ့ကြ၍ နာမည်ပျက်ခဲ့ရသည်ဟု တာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြော ကြားခဲ့သည်။  နို့ထွက်ပစ္စည်း ကုမ္ပဏီကြီးတစ် ခု ဖြစ်သော ဖူရှန်ပြည်နယ်ရှိ Fujian Changfu Dairy Group Co. ကလည်း ၄င်းတို့ ပစ္စည်းများတွင်  Aflatoxin ဓာတုပစ္စည်းများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ ပြီး စားသုံးသူများအား ၄င်းတို့၏ မတော်တဆ   ဖြစ်မှုအပေါ် ခွင့်လွှတ် ရန် တောင်းပန်ထားသည့် ထုတ် ပြန်ချက်ကို ဝက်ဘ်ဆိုက်တွင် တွေ့ ရှိရသည်။ ဤဖြစ်ရပ်ကြောင့် နို့ထွက်   ပစ္စည်း ကုမ္ပဏီကြီးများ၏ အစု ရှယ်ယာ   ဈေးများ ကျဆင်းနေရ ကြောင်း သတင်းဌာနများက ဖော်ပြ ကြသည်။
By Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis