menu

Tuesday 4 September 2012

အစိုးရနဲ့ KNU အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၅ ချက် ကို သဘောတူ

ဖါးအံမြို့မှာ ဒီကနေ့ ဆက်လက်ပြုလုပ်တဲ့ အစိုးရနဲ့ KNU အဖွဲ့တို့ရဲ့
ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၅ ချက် ကို သဘောတူ
လက်မှတ်ရေးထိုးခဲ့ပေမဲ့ တပ်များ ဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေးဘူးလို့
သိရပါတယ်။
နှစ်ဘက်သဘောတူညီချက်ရရှိတဲ့ အချက်တွေဟာ မနေ့ကဆွေးနွေခဲ့တဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး မှာ နှစ်ဘက်လိုက်နာရမဲ့ စည်းကမ်းတွေ
ဖြစ်ပါတယ်။

ဒါပေမဲ့ KNU အဖွဲ့က တောင်းဆိုထားတဲ့ ၁၉၉၇ ခုနှစ်က အခြေအနေအတိုင်း

တပ်များပြန်လည် နေရာ ချထားရေးကို အစိုးရဘက်က လက်ခံခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့အစည်းအဝေးဟာ အစိုးရနဲ့ KNU အဖွဲတို့ရဲ့ တတိယ အကြိမ်မြောက် တွေ့ဆုံပွဲဖြစ်ပြီး ဖါးအံမြို့ ဇွဲကပင် ဟော်တယ် မှာ

ပြုလုပ်ခဲ့တာပါ။

အစည်းအဝေးဟာ မနက် ၈ နာရီကစတင်ခဲ့ပြီး မွန်းလွဲ ၂နာရီခွဲမှာ

ပြီးဆုံးသွားတာဖြစ်ပါတယ်။

(Photo courtesy of U Hla Maung Shwe)
RFA 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis