menu

Tuesday 4 September 2012

မြောင်းမြဆန္ဒထုတ်ဖော်မှုအတွက် ဒီချုပ် ဗဟိုမှ ကြေညာချက်ထုတ်ပြန် ဦးဆောင်ဆန္ဒဖော်ထုတ်သူနှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့

Photo: မြောင်းမြဆန္ဒထုတ်ဖော်မှုအတွက် ဒီချုပ် ဗဟိုမှ ကြေညာချက်ထုတ်ပြန်
ဦးဆောင်ဆန္ဒဖော်ထုတ်သူနှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့

မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
(ဗဟို)မှ  စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ 

ယင်းကြေညာချက်တွင် မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲ ကိစ္စနှင့်စပ်လျဉ်းပြီး စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ 
ဆန္ဒဖော်ထုတ်ပွဲကို အဓိက ဦးဆောင် ဆောင်ရွက်သူများမှာ
  ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ဖြစ်ကြပြီး လူတစ်ဦးတစ်ယောက် မြို့နယ်ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ မဖြစ်သည်ကို အကြောင်းခံသည်ဟု သိရကြောင်း၊  ဆန္ဒဖော်ထုတ်ရန် ဦးဆောင်သူ  ဦးမြင့်ကျော် ၊ ဦးဝင်းရွှေ (ခ) ရွှေမှိုင်း တို့အား ဗဟိုညီလာခံကျင်းပချိန်ထိ  အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားလိုက်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis