menu

Tuesday 4 September 2012

တည်ဆောက်ရန် လျာထားသည့် တံတားဦးမြို့သစ် စီမံကိန်းအတွက် ကျပ်ဘီလျံ ၂၀၀ ခန့် ရရှိထားဟုဆို


မြို့သစ်စီမံကိန်း၏ နမူနာပုံစံကို တွေ့ရစဉ်။
အမေရိကန် ဒေါ်လာနှစ်ဘီလျံအကုန် အကျခံ တည်ဆောက်ရန် လျာထားသည့် မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့သစ်စီမံကိန်း အတွက် လက်ရှိအချိန် အထိ အစုရှယ်ယာငွေကျပ်ဘီလျံ ၂၀၀ ကျော်ရရှိထားပြီးဖြစ်သည်ဟု သမ၀ါယမ ဘဏ်လီမိတက်နှင့် ကောင်းမြန်မာအောင် ကုမ္ပဏီ လီမိတက်အုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်အေးက ဩဂုတ်လ ၂၁ ရက် နေ့တွင် ပြောကြားသည်။
"လက်ရှိအထိ အစုရှယ်ယာဝင် စုစု ပေါင်း ၃,၀၀၀ ကျော်ဆီက စုစုပေါင်း ကျပ် ဘီလျံ ၂၀၀ ကျော်လောက်ရရှိထားပြီး ဖြစ်ပါတယ်" ဟု ဦးခင်မောင်အေးက အဆိုပါအခမ်းအနားအပြီးတွင် သတင်း ထောက်များကို ပြောကြားသည်။
အဆိုပါ မြို့တော်သစ်ဖွံ့ဖြိုးတိုးတက် ရေး အများပိုင်ကုမ္ပလီမိတက်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရ ထံမှ ခွင်ပြုချက်ရရှိရန် တင်ပြသွားမည် ဟု ၎င်းက ပြောသည်။

"စီမံကိန်းကတော့ အခုထက်ထိမစရ သေးပါဘူး။ အရင်ဆုံး မန္တလေးတိုင်း ဒေသကြီးအစိုးရကနေ လေလံတင်ဖို့ ခေါ်ပါလိမ့်မယ်။ အဲဒီအချိန်ကြရင် ကျွန်တော်တို့ရဲ့ ဒီမြို့သစ်စီမံကိန်း အသေးစိတ် အချက်အလက်တွေ၊ အစု ရှယ်ယာဝင်တွေနဲ့ အစုရှယ်ယာငွေပေါင်း ကိုတင်ပြ ရမှာဖြစ်ပါတယ်" ဦးခင်မောင် အေးက ပြောသည်။
"တခြားကုမ္ပဏီတွေနဲ့ အပြိုင် ကျွန်တော်တို့ လေလံဝင်ပြိုင်မှာပါ။ ကျွန်တော်တို့ဘက်ကနေ အကောင်းဆုံး လုပ်သွားမှာပါ။ နောက်ဆုံး ဆုံးဖြတ်ခွင့် ကတော့ တိုင်းဒေသကြီးအစိုးရ ပေါ် မူတည်ပါတယ်။သူတို့ဘက်က ခွင့်ပြု မပြု မသိရပေမယ့် ကျွန်တော့အနေနဲ့ တော့ ကျွန်တော်တို့ ကုမ္ပဏီကရလိမ့် မယ်လို့တော့ ယုံကြည်မှုရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့ ကုမ္ပဏီက ရသွားခဲ့ရင်တောင် မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကောင်မရှင်ကနေ ခွင့်ပြုချက်ရဖို့ လိုပါသေးတယ်" ဟု ဦးခင်မောင်အေးက ပြောသည်။
တံတားဦးမြို့သစ် စီမံကိန်းအား အင်းဝမြို့ဟောင်း အနီး မြေဧက ၂၂,၀၀၀ အကျယ်အ၀န်းတွင် တည်ဆောက်ရန် လျာထားပြီး မန္တလေးမြို့တောင်ဘက် ၁၀ မိုင် အကွာနှင့် မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ခြောက်မိုင်အကွာတွင် တည်ရှိသည်။
မြို့သစ်စီမံကိန်းတွင် လွတ်လပ်စွာ ကုန်သွယ်မှု လုပ်ကိုင်နိုင်သည့် ဧရိယာ၊ သိုလှောင်ထားရှိနိုင်သည့် ဧရိယာ၊ မြစ်နံဘေး အပန်းဖြေ ဥယျာဉ်၊ လူမှုရေးဆိုင်ရာ ရင်ပြင်၊ ရေပြင်ရှုခင်းသာ အိမ်ရာ၊ ဟိုတယ်ဇုန်၊ ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာန၊ သိပ္ပံနှင့် ပညာရေး ဗဟို ဌာန စသည်တို့ ပါဝင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်း အကောင်အထည် ဖော်လုပ်ဆောင်မည့် စီမံကိန်း မြေဧက တွင် အများစုမှာ မြေလွတ်များဖြစ်ပြီး ရွာအချို့ရှိကြောင်း ဦးခင်မောင်အေးက ပြောသည်။ "လက်ရှိ အဲဒီကရွာသားတွေ မကျေ နပ်ရင်တော့ ကျွန်တော်တို့ ဒီစီမံကိန်းကို ဆက်လုပ်မှာ မဟုတ် ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ စီမံကိန်းကြောင့် သူတို့ တွေအတွက် အလုပ်အကိုင်အခွင့်အ လမ်းတွေ ရှိလာမယ်။ သူတို့ဒေသပိုပြီး ဖွံ့ဖြိုး တိုးတက်လာမယ်လို့ ယုံကြည်တယ် ဆိုရင်တော့ ကျွန်တော်တို့ ဆက်လုပ်သွား မှာပါ။ သူတို့တစ်တွေရဲ့ လယ်ကွက်တွေအတွက် လည်း ကာလပေါက်ဈေးနဲ့ တွက်ချက်လျော်ပေးမှာ ဖြစ်ပါတယ်" ဟု ဦးခင်မောင်အေးကပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis