menu

Thursday 6 September 2012

တရုတ်နှင့်ပိုင်နက်အငြင်းပွားမှုကို မဖြေရှင်းနိုင်ပါက အာဆီယံအဖွဲ့ကို ထိခိုက်နိုင်ဟု စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းပြောကြား

ဘေဂျင်း၊စက်တင်ဘာ ၆

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာနေသောတရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံတချို့အကြား ပိုင်နက်အငြင်းပွားလျက်ရှိသော တောင်တရုတ်ပင်လယ်အရေးကိစ္စကို အာဆီယံအဖွဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက အဖွဲ့၏ ယုံကြည်စိတ်ချနိုင်စွမ်းကို အကြီးအကျယ်ထိခိုက

်နိုင်ကြောင်း စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းကပြောကြားလိုက်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်တွင်းရှိ ပိုင်နက်အငြင်းပွားနေမှုများသည် အာဆီယံအဖွဲ့အတွက် အဓိက အရေးပါသော ကိစ္စဖြစ်သည်ဟု တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုသင်တန်းကျောင်းတွင် မိန့်ခွန်းပြောကြားရာတွင်ပြောကြားသွားခဲ့သည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့်တရုတ်တို့အကြား အငြင်းပွားလျက်ရှိသော တောင်တရုတ်ပင်လယ်အရေးကိစ္စတွင် အာဆီယံအဖွဲ့အနေဖြင့် ဘက်တဘက်မှရပ်တည်ခြင်းမရှိဘဲ ကြားနေခြင်းသာသင့်ကြောင်းလည်း လီရှန်လွန်းကပြောကြားသည်။

တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုတွင် အာဆီယံအဖွဲ့ကလက်ခံထားသော အချက် ၆ ချက်ပါ အခြေခံမူဘောင်များသည် အောင်မြင်မည်ဟု ယုံကြည်ကြောင်း လီရှန်လွန်းကဆိုသည်။

စင်ကာပူနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စတွင် မပါဝင်သော်လည်း၊ယင်းကိစ္စတွင် စင်ကာပူ၏ အကျိုးစီးပွားများရှိကြောင်းကိုလည်း ၎င်းကပြောကြားသွားသည်။

တောင်တရုတ်ပင်လယ်တွင်းရှိပိုင်နက်အငြင်းပွားမှုသည် အချိန်တိုအတွင်းဖြေရှင်း၍ ရမည်မဟုတ်ကြောင်း၊ပိုင်နက်အငြင်းပွားမှုကိစ္စမျိုးသည် ရှုပ်ထွေးပြီး ဖြေရှင်းရခက်သောကိစ္စဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းကပြောကြားသွားသည်။

တောင်တရုတ်ပင်လယ်တွင်းရှိ စပါတယ်နှင့်ပါစယ် ကျွန်းစုမျာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှား၊ဘရူနိုင်းတို့မှာ အငြင်းပွားလျက်ရှိသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis