menu

Thursday 6 September 2012

အိန္ဒိယနိုင်ငံရေးသမားနှစ်ဦးပြောကြားသည့် ကဘော်ချိုင့်ဝှမ်း ပြန်လည်ရယူပေးမည်ဆိုသော မဲဆွယ်စကား ကန့်ကွက်မည်

ရန်ကုန်၊ စက်တင်ဘာ-၁

အိန္ဒိယအတိုက်အခံ BJP ပါတီ ဥက္ကဋ္ဌ Nitin Gadkari နှင့် ထိုပါတီမှအမတ်တစ်ဦးတို့က ၎င်းတို့ အာဏာရခဲ့လျှင် ကဘော်ချိုင့်ဝှမ်းကိုပြန်လည် ရယူပေးမည်ဆိုသော မဲဆွယ်ပြောကြားချက်ကို တရားဝင်ကန့်ကွက်သွားမည်ဟု ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးနိုထန်ကပ်က ပြောသည်။

အိန္ဒိယသံရုံးသို့ တရားဝင်ကန့်ကွက်

စာပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတကြီးထံသို့လည်း တင်ပြသွားမည်ဟုဆိုသည်။“ပါတီအနေနဲ့ရော တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်ယောက်အနေနဲ့ပါ ကန့်ကွက်သွားမယ်” ဟု 7Day News သို့ ပြောသည်။ သြဂုတ်လနောက်ဆုံးပတ်က မဏိပူရပြည်နယ်တွင် မဲဆွယ်စည်းရုံးစဉ် ကဘော်ချိုင့်ဝှမ်းဒေသသည် အိန္ဒိယပိုင်ဖြစ်ပြီး နှစ်သိမ့်သည့်အနေဖြင့် မြန်မာအစိုးရသို့ ပေးထားခဲ့ခြင်း
ဖြစ်ကြောင်း ၎င်းတို့အာဏာရပါက ပြန်လည်ရယူပေးမည်ဟု BJP ပါတီဥက္ကဋ္ဌနှင့် ထိုပါတီမှ ဥပဒေပြုအမတ်ကလည်း ပြောကြားခဲ့ကြောင်း Seven Sisters Post သတင်းစာတွင် ဖော်ပြထားသည်။

အထက်ပါ ကိစ္စနှင့်စပ်လျဉ်း၍ ကလေးမြို့ အင်န်အယ်လ်ဒီပါတီနှင့် အထက်ချင်းတွင်း ကွန်ရက်မှအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်သက်ဝင်းက “လုံးဝလက်ခံနိုင်စရာမရှိဘူး။ လိုအပ်တဲ့ သက်သေတွေ ရှာဖွေပြီး ကန့်ကွက်သွားမယ်”ဟု ပြောသည်။ ကဘော်ချိုင့်ဝှမ်းဒေသသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တည်ရှိပြီး ကလေး၊ တမူး၊ ခန်းပက်၊ ဘုတ်ကန်မြို့နယ်များ ပါဝင်သည်။ ချင်းတိုင်းရင်းသား အနွယ်များ အဓိကနေထိုင်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖျားဒေသများမှ လူမျိုးခြား နှစ်သောင်းမှ သုံးသောင်းကြားအခြေချလာကြောင်း စစ်ကိုင်း တိုင်းဒေသကြီးချင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးနိုထန်ကပ်က ပြောသည်။

“လူဝင်မှုကြီးကြပ်ရေးနဲ့လည်း လှုပ်ရှားမယ်။ စည်းရုံးရေးအနေနဲ့လည်း လှုပ်ရှားသွားမယ်” ဟု ၎င်းက ပြောသည်။ BJP ပါတီဥပဒေပြုအမတ်၏ ပြောကြားချက်များသည် မဲရရှိရန်အတွက်သာ ရည်ရွယ်သည်ဟုယူဆကြောင်းနှင့် ယုတ္တိမရှိကြောင်း အရှိုချင်းအမျိုးသားပါတီအထွေထွေ အတွင်းရေးမှူးဆလိုင်းအောင်မင်းလှိုင်က သုံးသပ်သည်။ BJP ပါတီသည် ၂၀၁၂ အိန္ဒိယရွေးကောက်ပွဲ၌ မဏိပူရ ပြည်နယ်တွင် လက်ရှိအာဏာရ ကွန်ကရက်ပါတီကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis