menu

Thursday 3 May 2012

ဇာဂနာ နဲ့ စကားစမြည်(၀ါဆိုကိုဦး (တောင်ကြီး))



ကိုဇာဂနာရေ ခင်ဗျားဆီအိတ်ဖွင့် ပေးစာတစ်စောင်ရေးပြီး နောက်ပိုင်း ကျွန်တော်ဆက်မရေးဖြစ်တော့တာ တော်တော်ကြာသွားပြီနော်။ ခင်ဗျားလည်း ဟိုကိစ္စ၊ သည်ကိစ္စတွေနဲ့ အလုပ်တွေများ နေလို့ အားနာတာကတစ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင်ကလည်း တတ်နိုင်ရင်   သည်အကြောင်းတွေ မရေးချင်တာက တစ်ကြောင်းပေါ့ဗျာ။ ခုတော့လည်း ရေး ရပြန်ပြီပေါ့။ သင်္ကြန်ရက်အတွင်း နယ် ပြန်တော့နယ်ခံမိတ်ဆွေဆွေက ဆောင်း ပါးလေးဖတ်ရတဲ့အကြောင်း၊ ဆက်ရေး မလားလို့စောင့်ဖတ်ပေမယ့် မတွေ့ရတော့  ကြောင်း၊ ဆက်ရေးစေလိုကြောင်းပြော ကြတယ်။ Hot News Journal  ကလည်း အတော် ခြေဆန့်နိုင်တာကိုး။ ၀မ်းသာရတာပေါ့ဗျာ။ ကျွန်တော်ကတော့ သိပ်ပျံ့နှံ့စေဖို့လည်း မရည်ရွယ်ပါဘူး။ သိသင့်၊ သိထိုက်တဲ့ယူ တွေသိကြ၊ ဖတ်ကြရဖို့လောက်ပဲ ရည်ရွယ်  တာပါ။ ပျံ့နှံ့တော့လည်း ပိုကောင်းတာ ပေါ့ဗျာ။

သည်လိုဗျ။ ပါတီနိုင်ငံရေးနယ်ပါယ် ထဲကို အလွှာအသီးသီးက ထင်ရှားတဲ့သူ တွေ ၀င်လာကြတယ်ဗျာ။ သူ့နယ်ပါယ် နဲ့သူကတော့ ကျွမ်းကျင်အဆင့်၊ ပညာရှင် အဆင့်တကယ့်ပရော်ဖက်ရှင်နယ်တွေပေါ့ ဗျာ။ ဒါပေမဲ့ သဘောသဘာဝမတူ၊ အခင်း အကျင်းမတူတဲ့ကိစ္စမှာကျတော့ အစိမ်း သက်သက်မဖြစ်သင့်ဘူးလို့ထင်တာပဲဗျာ။ သိသင့်၊ သိထိုက်၊ လေ့လာသင့်၊ လေ့လာ ထိုက်တာလောက်တော့ လေ့လာသိရှိထား  ရလိမ့်မဗျ။ မဟုတ်တော့ ဟိုဟာသတစ်ခု လိုဖြစ်နေမှာစိုးလို့ပါ။
ဆပ်တပ်ပွဲကြီးတစ်ခုမှာပေါ့ဗျာ။ ကြိုး တန်းလျှောက်သမားတစ်ယောက်ဟာ ကြိုး တန်းပေါ်ကုလားထိုင်တစ်လုံးတင်လိုက် တယ်။ ကုလားထိုင်ပေါ်မှာမှ ရေဖလား တစ်လုံးတပ်တင်ပြန်ရောဗျ။ ပြီးတော့မှ ဓားရှည်တစ်လက်ကိုင်ပြီး ရေဖလားပေါ် တယ်လိုက်တယ်။ ဖလားပေါ်ရောက်တော့   မှ ဓားရှည်ကိုထောက်ပြီး ဓားပေါ်ကိုတက်  ခြေတစ်ဖက်တဲနဲ့ရပ်ပြတော့ ပရိသတ်က သဘောကျတာပေါ့ဗျာ။ လက်စုပ်သံတွေ ဆိုတာ ဟီးထနေတာပေါ့။ အဲသည်မှာ  အောက်ကတစ်ယောက်က သူ့ကိုတစ် ယောက်တစ်လက်ပစ်ပေးလိုက်တာလည်း သူကဟန်ချက်မပျက်ဘဲ ဖမ်းယူလိုက်နိုင် တော့ ပိုသဘောကျသြဘာပေးကြတာပေါ့။ သည်မှာတင်ပဲသူကတစ်ယောက်ကို ဟန်နဲ့  ပန်နဲ့ထိုးပြလိုက်တဲ့အခါမှာတော့ ပရိသတ်   ထဲက မာသံတစ်သံထွက်လာတယ်။
““တယောက်မထိုးတက်ဘဲနဲ့များ တတ်ထိုးနေလိုက်တာ နားငြီးစရာကောင်း  လှတယ် မိန်းမရေ လာဟေ့ ပြန်ကြမယ်”” တဲ့ ဓားရှည် ပေါ်တက်ရပ်ပြတဲ့အထိ လက်ခုပ်တီးပေးခဲ့ပြီးပြီဗျာ။ မတတ်ဘဲနဲ့ တယောကြီးထိုးပြမှာပဲစိုးရတာပါ။ ဆပ်ကပ် ပညာကသပ်သပ်၊ တယောပညာကသပ် သပ်လေ။ နှစ်ခုလုံးရဲ့ အရသာပျက်အောင်  တော့မလုပ်ကြစေချင်ဘူးဗျ။ တယောထိုး ပြဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင်တော့ တယောထိုးလေးကြိုသင်ထားကြဖို့သင့် တာပေါ့ဗျာနော။ မဟုတ်လို့ကတော့ လက်ခုပ်သံအပြင် ဘာသံညာသံလေးတွေ  ပါကြားရမှာအသေအချာပဲပေါ့ဗျာ။
အခွန်တွေနဲ့ ပတ်သက်ပြီးလည်း ပြောကြာသဗျ။ လုပ်ငန်းကြီးလုပ်ပြီး ချမ်း သာနေတဲ့သူတွေ၊ နိုင်ငံခြားမှာ ၀င်ငွေ ကောင်းနေတဲ့သူတွေကျတော့ လုပ်ငန်း ခွန်တွေလျှော့၊ ၀င်ငွေခွန်တွေလျှော့၊ ဟော အဲသည်ကလျော့သွားတဲ့အခွန်တွေ ကို ဟိုအခွန်၊ သည်အခွန်ခေါင်းစဉ်တွေနဲ့ အခြေခံလူတန်းစားတွေက ခံနေရသလို ပဲတဲ့။ ခက်တာက ကျွန်တော်ပဲ။ ကျွန်တော်  က စာရေးတာပဲသိတော့ ကျန်တာဘာမှ မသိဘူး။ အခွန်လျှော့တာလည်း ကိုယ်နဲ့ မဆိုင် အခွန်ကောက်တာလည်း ကိုယ်နဲ့ မဆိုင်ဖြစ်နေတာလေ။ ဒါပေမဲ့ ဟာသလေး  တစ်ခု သတိရသွားပြန်ရောဗျ။ ဆိုင်မဆိုင် တော့မသိဘူးပေါ့ဗျာ။
““ဟဲ့ကောင်လေး နင် ဆပ်ပြာပူဖောင်း  တွေ မှုတ်ကစားနေပါလားဆပ်ပြာဝယ်ရ တာ ဈေးကကြီးကကြီးနဲ့ နင်ခြွေတာမှုလုံး ၀မရှိပါလား”” ““ဆောရီးမေမေ၊ ရေချိုးတဲ့ အခါ သားဆပ်ပြာ ခြွေတာလိုက်ပါ့မယ်”” တဲ့။ မြန်မာစကားပုံတော့ရှိတယ်။ ခုတ်ရာ တစ်ခြား၊ ရှရာတစ်လွဲတဲ့။ အဲသလို လွဲနေ တာလည်း နီကိုရဲ ၀တ္ထုလောက်ပဲဖက်လို့ ကောင်းပေမယ့် လက်တွေ့ဘ၀မှာတော့ ရယ်စရာနည်းနည်းမောစရာကများများ ကိုးဗျ။
သည်လောက်အသေးအဖွဲလေး လောက်ကိုများ တခုတ်တရပြောနေတယ်  လို့ဆိုချင်လည်းဆိုကြမှာပေါ့ဗျာ။ တစ်ဖက် မှာက နိုင်ငံတော်ကြီး ခေတ်မှီဖွံ့ဖြိုးတိုး တက်ရေးကိုလုပ်နေကြရတာကိုး။ သို့ပေမယ့် ဆင်လည်းဆင်အထွာနဲ့ ကြွက် လည်း ကြွက်အထွာနဲ့ ပေါ့ဗျာ။ သူဌေးက  သင်္ဘောအမှောက်ခံနိုင်ပေမယ့် သူတောင်း  စားကခွက်ပျောက်မခံနိုင်ရှာဘူးလေ။ အဲသည်မှာလည်း ဟာသလေးတစ်ခုသတိရ တယ်ဗျာ။
ရဲစခန်းကိုဖုန်းဝင်းလာတော့ တာဝန်  ကျက ကောက်ကိုင်သတဲ့။
““အမြန်လာကယ်ပါ အမြန်လာကယ်  ပါ””
““စိတ်အေးအေးထားပါ အခုပဲလာခဲ့  ပါ့မယ် ဘာဖြစ်နေသလဲဆိုတာ အတိုချုံး ပြောပြပါ””
““အခန်းထဲကို ကြောင်တစ်ကောင် ၀င်လာလို့ပါ””
““ခင်ဗျား လာနောက်နေတာလား ၀တ္တရားနှောက်ယှက်မှုဖြစ်သွားမယ်နော် ခင်ဗျားဘယ်သူလဲ””
““ကျွန်တော် ကျွန်တော်က ကြက်တူ ရွေးပါ”” ကဲစဉ်းစားကြည့်လေကိုဇာဂနာ ရဲစခန်းက နောက်နေတယ်လို့ထင်နေတဲ့ ကိစ္စဟာ ဟိုဘက်က ကြက်တူရွေးအတွက်  တော့ အသက်နဲ့ရင်းရတဲ့ တကယ့်ပြဿနာ မာကြီးကြီးဗျ။ ကျွန်တော်ပြောချင်တာက အဲဒါပါ။ ဈေးကောက်တွေ မကောက်တော့ ဘူးဆိုတာကမှ ဈေးသည်လေးတွေအတွက်  သက်သာခွင့်ရမှာပေါ့ဗျာ။ ခုတော့ ဈေး ကောက်ကလည်းကောက်သွား၊ စည်ပင် ကလည်း ဟိုနားမရောင်းရ သည်နားမ ရောင်းရနဲ့ဆိုတော့ ခမျာများ အချိန်ကုန်၊ ငွေကုန်၊ လူပန်း၊ ဒါနဲ့ပဲ နေ့ပြန်တိုးနွံထဲနစ် ရတော့တာကိုးဗျာ။ ဈေးသည်ကြက်တူ ရွေးလေးအတွက်နှောက်ယှက်မယ့်ကြောင် တွေကလည်း များမှများကိုး။ မတတ်သာ လို့တိုက်ပြန်တော့လည်း။
အဲဒါလိုတာပဲဗျာ။ ပြောပေးမယ့်သူလို  တယ်။ ကိုယ်ချင်းစာပေးမယ့်သူလိုတယ်။ ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာသိတဲ့သူ လိုတယ်။ သိရင်လည်းသိတဲ့အတိုင်းလုပ်မယ့်   သူလိုတယ်။ တကယ်လိုနေတာတွေက အဲဒါတွေပဲ။ နာမည်ကြီးအဆိုတော်မဟုတ်  ဘူး။ နာမည်ကြီးဆရာဝန်မဟုတ်ဘူး။ လူသိများ ထင်ရှားကျော်ကြားရုံသက်သက် လူတွေမဟုတ်ဘူး။ ကိုယ်နာမှပြောမယ်။ ကိုယ်သာနေသရွေ့ဘာမှမပြောဘူးဆိုတဲ့ သူတွေမဟုတ်ဘူး။ ကြည့်လေ ဟာသတစ်  ခုကိတ်မုန့်တိုက်ကြီးတစ်ခုက ဆိုင်ရှင်က သူ့အလုပ်သမားကိုဆူနေတယ်။ ““ဈေးလာ  ၀ယ်တဲ့သူတွေကို သေသေချာချာဂရုစိုက် ပါဆိုမှ အခုကြည့် ဟိုလူတစ်ယောက် ပေါင်မုန့်၆လုံးယူရမယ့်အစား၇လုံးယူသွား ပြီ”” ““ကျွန်တော်မြင်ပါတယ် သူကပေါင်မုန့် ၈ လုံးစာ မှားပေးသွားလို့ ကျွန်တော် ဘာမှမပြောတာပါ””တဲ့။
ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်၊ သူဌေးကြီး အတွက်ပဲ မစဉ်းစားနဲ့လေ။ ဟိုမှာ သာသ လိုလိုနဲ့ နာသွားရှာသူဘက်ကိုလည်း တစ်ချက်စဉ်းစားပေးပါဦး။ တစ်လုံးစာ လောက်လေးများလို့တော့မပြောနဲ့။ အဲသည်တစ်လုံးစာအတွက်သူဘယ်လို့ ဘယ်လောက်ရုန်းကန်ရှာဖွေခဲ့ရရှာဖွေခဲ့ ရမှာသလဲဆိုတာလည်းထည့်စဉ်းစားပေး ရမယ်။ ကိုယ့်လူတွေက သူဌေးကြေးပန့် လုပ်ချင်နေတာဆိုရင်တော့ သိပ်မဟုတ် သေးဘူး။ ပြင်သစ်က ပါလီမန်အမတ်ဟာ  သလေးလိုပေါ့။ အမတ်နှစ်ယောက်စကား  များတော့တစ်ယောက်လာပြောသတဲ့။
“ဒီပါလီမန်ထဲမှာ ခင်ဗျားဘာလာလုပ်  တာလဲဆိုတာ ကျုပ်စဉ်းစားမရဘူးခင်ဗျား ပါးစပ်ဟတာကျုပ်မမြင်ဖူးဘူး””လို့ ပြော တော့နောက်တစ်ယောက်လာ ““ခင်ဗျား ပါးစပ်ဟတိုင်းတော့ ကျုပ်အိပ်ငိုက်လာတာ  ပဲလေ””တဲ့ ကဲမပြောတဲ့သူလာမပြော ပြောတဲ့သူက အိပ်ငိုက်စေတဲ့စကားပဲပြော  မှတော့ ဘာများထူးခြားမှာလဲနော်။
အေးဗျာ ခင်ဗျားကိုမို့လို့ ရယ်စရာ ဟာသလေးတွေနဲ့ ပြောနေပေမယ့် လောကကြီးကတော့ ရယ်လိုက်ရုံနဲ့ ပေါ့ မသွားဘူးဆိုတာ ကျွန်တော်လည်းသိနေ ပါတယ်ဗျာ။ ကဲ နောက်မှထပ်ရေးဦးမယ် ဗျာ။

ဝါဆိုကိုဦး (တောင်ကြီး)
Hot News Journal   

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis