menu

Thursday 3 May 2012

‘မိုးမင်း စံပြသဘင်’ ၏ အဖွဲ့ ဖျော်ဖြေ တင်ဆက်မှုများအား အပြီးရပ်နား





e552
၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်းက ကျင်းပခဲ့သော ဆူးလေစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် မိုးမင်းဇာတ်သဘင် အဖွဲ့ ဖျော်ဖြေနေစဉ်
ဇာတ်မင်းသားမိုးမင်း တည်ထောင်ဖွဲ့စည်းထားသည့် ‘ မိုးမင်းစံပြသဘင်’ ၏ အဖွဲ့လိုက် ဖျော်ဖြေ တင်ဆက်မှုများအား ၂၀၁၂ ခုနှစ် မေလမှစတင်ကာ ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။
“အစ်ကိုတို့ ‘မိုးမင်းစံပြသဘင်’ ရဲ့အဖွဲ့လိုက် တင်ဆက်မှုတွေကို၂၀၁၂ ခုနှစ် ဧပြီလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ ပဲခူးရွှေမော်ဓောဘုရားပွဲကြီးမှာ ကပြမှုအပြီးမှာ ရပ်နားလိုက်တာပါ။ ရပ်နားလိုက်တာကလည်း ကျန်းမာရေးအခြေအနေကြောင့်ရော အခြားသောပညာရပ်တွေကို လေ့လာပြီး တခြားပတ်ဝန်းကျင်တစ်ခုမှာ ရပ်တည်ချင်တာရယ်၊ မိသားစုနဲ့ပိုပြီး နွေးနွေးထွေးထွေး နေချင်တာကြောင့် ရပ်နားလိုက်တာပါ။
အစ်ကို့အနေနဲ့ အဖေရဲ့ စိန်မာဒင်ဇာတ်အဖွဲ့မှာ ခုနစ်နှစ်သားလောက်တည်းက ပါဝင်ခဲ့သလို ဘ၀တစ်လျှောက်လုံး နီးပါးမှာလည်း ဒီဇာတ်သဘင် အနုပညာနဲ့ပဲ နေထိုင်ခဲ့တာပါ။ အခုရပ်နားတယ်ဆိုတာက ဇာတ်သဘင် အနုပညာလောကကနေ အပြီး အနားယူတာမျိုး မဟုတ်ပါဘူး။ ဇာတ်သဘင် အဖွဲ့တစ်ခုမှာ ခေါင်းဆောင်ဇာတ်မင်းသား၊ ဇာတ်ဦးစီးတည်ထောင်သူ အဖြစ် မရပ်တည်တော့ပေမယ့် သဘင်အနုပညာ အပါအ၀င် အခြားသော အနုပညာလှုပ်ရှားမှုတွေတော့ အခါအားလျော်စွာ လုပ်ဖြစ်ချင်လုပ် ဖြစ်မှာပါ။ နောက်ပြီး မြန်မာ့ဇာတ်သဘင် လောကအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်းဆောင် သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ အခုလိုအဖွဲ့လိုက် ကပြမှုတွေရပ်နားမယ် ဆိုတာကို ပရိသတ်ကိုကြိုတင် မကြေညာခဲ့အတွက် ကျွန်တော်ကို ချစ်တဲ့ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်” ဟု မင်းသားမိုးမင်းက ဆိုပါသည်။
မင်းသားမိုးမင်းသည် ‘ မိုးဝင်း စံပြသဘင်’ တွင် ကျောင်းသားအရွယ်မှ စတင်ကာ လိုက်လံဖျော်ဖြေခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ‘မိုးမင်းစံပြသဘင်’ ကို သီးသန့် တည်ထောင်ခဲ့ ခြင်းဖြစ်သည်။ ‘ မိုးမင်းစံပြသဘင်’ အဖွဲ့သည် ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တို့တွင် ကျင်းပခဲ့သော မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၏ဇာတ်တော်ကြီး တင်ဆက်မှု ပြိုင်ပွဲတွင် အဖွဲ့လိုက်ရွှေတံဆိပ်ဆု များရရှိခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis