menu

Sunday 8 April 2012

ဖော့ကလန်ကျွန်းစုတိုက်ပွဲ နှစ် ၃၀ ပြည့် နှစ်နိုင်ငံစလုံး၌ကျင်းပ


ဧပြီလ ၂ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရီးစ်မြို့ ဖော့ကလန်စစ်ပွဲတွင် ကျဆုံးခဲ့သူများအထိမ်းအမှတ်ဗိမာန်တွင်
အလေးပြုနေသူ စစ်မှုထမ်းဟောင်းတစ်ဦးအား တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
 ဗြိတိန်နိုင်ငံနှင့် အာဂျင်တီး နားနိုင်ငံတို့ ၇၄ ရက်ကြာ တိုက်ခိုက်ခဲ့ ကြသည့် ဖော့ကလန်ကျွန်းစုတိုက်ပွဲ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲကို ဧပြီလ ၂ ရက်နေ့တွင် နှစ်နိုင်ငံစလုံးက ကျင်းပ ခဲ့ကြသည်။
၁၈၃၃ ခုနှစ်ကတည်းက ဗြိတိန်က အုပ်စိုးခဲ့သော ဖော့ကလန် ကျွန်းစုကို အာဂျင်တီးနားအစိုးရက မကြာမီကမှ အပိုင်စီး လိုက်သောကြောင့် ဗြိတိန်က အထူးတပ်ဖွဲ့တစ်ဖွဲ့စေလွှတ်၍ အာဂျင်တီး နားထံမှ ဖော့ကလန်ကျွန်းစုကို ပြန်လည် တိုက်ခိုက် ရယူခဲ့ခြင်းဖြစ်သည်။
ယခုစစ်ပွဲတွင် အာဂျင်တီးနားသည် စစ်သည် ၆၄၉ ဦး သေဆုံးပြီး ဗြိတိန် တပ်သား ၂၅၅ ဦး သေဆုံးနှင့် ဖော့ကလန်ကျွန်းသား သုံးဦးသေဆုံး ခဲ့သည်။

ယခင်နှစ် ၃၀ က ဖော့ကလန် ကျွန်းသားများ အကျူးကျော်ခံခဲ့ရပြီး လွတ်လပ်မှုကင်းမဲ့ခဲ့ကြရာမှ ယနေ့ သော် ကျွန်းသားများ၏ လူမှုအခွင့် အရေးနှင့် အနာဂတ်ဘ၀ထူထောင်ရေး အတွက် ဗြိတိန်အစိုးရက အပြည့်အ၀ ကာကွယ် ဆောင်ရွက်ပေးနေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဆိုသည်။
ဖော့ကလန်ကျွန်းစုကို ခေတ်နောက် ပြန်စွဲစနစ်ဖြင့် အုပ်စိုးထားသော ဗြိတိသျှ အစိုးရအား ရှုတ်ချသည့် အာဂျင်တီးနား သမ္မတ ခရစ္စတီးနား ကပ်ခ်ျနာသည် နိုင်ငံအတွက် အသက်စတေးသွား သော စစ်သည်များ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲနှင့် ထာဝရ မီးရှူးတိုင် ညှိပွဲကို နိုင်ငံတောင်ပိုင်းမြို့ Ushuaia တွင် ဧပြီလ ၂ ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။
ဧပြီ ၁ ရက်နေ့ကတည်းက ဖော့ကလန် စစ်ပွဲ နှစ် ၃၀ ပြည့် အခမ်းအနားများ စတင်ကျင်းပနေသော Ushuaia မြို့မှာ ဖော့ကလန်နှင့် အနီးဆုံး အာဂျင်တီးနား ပြည်နယ် Tierra del Fuego ပြည်နယ် တွင်ရှိရာ သမ္မတ ကပ်ခ်ျနားသည် စစ်ပွဲမှ ကျန်ရစ်သော စစ်မှုထမ်း ဟောင်းများ အား ယင်းမြို့၌ပင် ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားရန် ရှိနေသည်။
ဗြိတိန်နိုင်ငံ အရှေ့ပိုင်းရှိ Arboretum အမျိုးသား အာဇာနည် ဗိမာန်တွင်လည်း အောက်မေ့ဖွယ် အခမ်းအနားကျင်းပ၍ ဖော့ကလန် မီးရှူးတိုင်ကြီးကို ၇၄ ရက် ကြာ ဂုဏ်ပြုထွန်းညှိထားမည်ဖြစ်သည်။
ဖော့ကလန်ကျွန်းစုသည် အာဂျင်တီးနား အရှေ့ဘက်ကမ်းနှင့် ရေမိုင် ၄၀၀ ခန့်သာဝေးပြီး လူဦးရေ ၃,၀၀၀ ၀န်းကျင် ရှိသည်။
အာဂျင်တီးနားနိုင်ငံသားတို့က Malvinas ကျွန်းစုဟု ခေါ်ကြသည်။
ယခင် နှစ် ၃၀ ကာလ ဧပြီလ ၂ ရက် တွင် ဖော့ကလန်ကျွန်းစုကို အာဂျင်တီး နားစစ်အစိုးရက ဗြိတိသျှတို့အငိုက်တွင် ပြန်သိမ်း ခဲ့သည်။
ထိုစဉ်က ဗြိတိန်သည် အလွန်အလှမ်းဝေးသော ဖော့ကလန်ကို အင်အားဖြင့် ပြန်လည် သိမ်းယူရန် သင့်မသင့်စဉ်းစားခဲ့သေးသည်။
ထိုစဉ်က ၀န်ကြီးချုပ် မာဂရက် သက်ချာက ဖော့ကလန်ကျွန်းစုကို ရသည့်နည်းဖြင့် ပြန်လည်သိမ်းပိုက်ရန် ခိုင်မာသည့် အဆုံးအဖြတ် ပေးခဲ့သည်။
စစ်ပွဲအောင်မြင်ပြီးနောက် သက်ချာ သည် The Iron lady အဖြစ် အမည် တွင်ကျော်ကြားခဲ့ရုံမျှမက ၀န်ကြီးချုပ် အဖြစ် ၁၉၈၃ ခုနှစ်နှင့် ၁၉၈၇ ခုနှစ်များ တွင် ဆက်လက် အရွေးခံခဲ့ရသည်။
၂၀၁၀ ပြည့်နှစ်တွင် ဗြိတိန်က ရေနံ ကုမ္ပဏီများအား ဖော့ကလန်ရေပိုင်နက် အတွင်း ရေနံတူးဖော်ခွင့်ပြုခဲ့ချိန်မှစ၍ ဖော့ကလန် ရေပြင်၌ ဗြိတိန်က စစ်အင်အားဖြန့်ကြက် အသုံးချဖွယ် ရှိနေကြောင်း အာဂျင်တီးနားက စွပ်စွဲ ကာ နှစ်နိုင်ငံတင်းမာလာခဲ့ကြသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis