menu

Sunday 8 April 2012

အမေရိကန် ထိပ်သီး GE ကုမ္ပဏီ မြန်မာပြည်လာမည်

အမေရိကန်နိုင်ငံ၏ ထိပ်သီး General Electric (GE) ကုမ္ပဏီ ကမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။ GE ကုမ္ပဏီမှ ဒုတိယဥက္ကဌ Mr.John G.Rice သည် မြန်မာနိုင်ငံသို့လာရောက်ပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ အရာရှိကြီးများ စီးပွားရေး  နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့်တွေ့  ဆုံမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအတော်များများနှင့် အချိန်အတန်ကြာ အဆက်အသွယ်ပြတ်နေခဲ့ပြီး ယခုကဲ့သို့ နိုင်ငံရေး စီးပွားရေါ် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေချိန်တွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံအဆောက်အဦနှင့် အရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ကူညီဖော်ထုတ် ဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်သည် ဟု သိရသည်။


‘‘ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်မှုအတွက် အကျိုးရှိရှိအကောင်ထည်ဖော်ပေး နိုင်ဖို့အတွက် လက်ရှိမြန်မာနိုင်ငံရဲ့ မူဝါဒများ ပြုပြင်ပြောင်းလဲ လာမှုဟာ အဓိကတွန်းအားဖြစ်စေခဲ့ပါတယ်’’ ဟု Mr.Rice ကပြောကြားသည်။ GEASEAN မှ အမူဆောင်အရာရှိချုပ် Mr.Stuart Dean မှလည်း ‘‘မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများ ၊နိုင်ငံတကာနှင့် ပိုမိုထိတွေ့  ဆက်ဆံလာမှု များအတွက် လေးစားဂုဏ်ယူ မိပါကြောင်း GE အနေဖြင့်လည်း မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများနှင့်အတူ GE ၏ ရှေ့ဆက်မည့် လုပ်ငန်း အကောင်ထည်ဖော် နိုင်အောင် ဆက်လက် ကြိုးပမ်း သွားမည်’’ ဖြစ်ကြောင်း သိရသည်။


GE ကုမ္ပဏီမှ အဖွဲ့ဝင်များသည် ယနေ့ဧပြီ ၆ ရက် နံနက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌဦးစိုးသိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ‘‘ သူတို့က အမေရိကန်မှာ ရှိတဲ့  အဆင့် ၁၊ ၂ ဝင်တဲ့ ကုမ္ပဏီ ကြီး တွေက  မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပေးဝေရေး လုပ်ငန်းတွေမှာ ဆောင်ရွက်ချင်ပါတယ်လို့ပြောပါတယ်၊ အဓိကအားဖြင့် ရန်ကုန်မြို့မှာ ၂၄ နာရီ မီးရရှိ ရေးဆောင် ရွက်ချင်ပါ တယ်လို့ ကျွန်တော်တို့ ကို ပြောသွား ပါတယ် ’’ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ  ဦးစိုးသိန်းက ရန်ကုန် Sedona Hotel တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုတွင် သတင်းထောက်များ  အား အထက်ပါ အတိုင်းပြော ကြားသည်။

 မြန်မာနိုင်ငံသည် အခြေခံအားဖြင့် သယံဇာတများ  ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး အာရှတွင်း စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ကြားတွင် အချက်အချာ ကျကျတည်ရှိနေသည်။ လူဦးရေ သန်း (၆၀) ခန့်ရှိ၍ တိုင်းရင်းသား လူမျိုးစုများစွာ လည်း မှီတင်း နေထိုင်လျက် ရှိနေပါသည်။ တိုင်းပြည်၏ အနာဂတ် စီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာမူဝါဒ အသစ်များ ပြုပြင်ပြောင်းလဲမှုများသည် အဓိကအရေးပါသော တွန်းအား များ ပင်ဖြစ်ပါသည်။

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis