menu

Thursday 19 April 2012

ယူရိုဇုန် အလုပ်လက်မဲ့နှုန်း ဖေဖော်ဝါရီလတွင် ၁၀ ဒသမ ၈ ရာခိုင်နှုန်းထိ စံချိန်တင်





ယူရိုငွေကြေးသုံးစွဲသည့် ဥရောပနိုင်ငံများ၏ အလုပ်လက်မဲ့နှုန်းသည် ဖေဖော်ဝါရီလတွင် ၁၀ ဒသမ ၈ ရာ ခိုင်နှုန်းထိ ရောက်ရှိခဲ့ပြီး ၁၅ နှစ် အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း ယူရိုစာရင်းအင်းရုံးက ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများတွင် ဖော်ပြခဲ့သည်။

ယူရိုဇုန်တွင် အလုပ်လက်မဲ့ အရေအတွက်သည် ယခင်တစ်လကထက်  ၁၀ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီး အလုပ်လက်မဲ့ ၁၇ ဒသမ ၁ သန်း ကျော်ရှိခဲ့ကြောင်း ယူရိုစာရင်း အင်းအေဂျင်စီက ခန့်မှန်းခဲ့သည်။ အဖွဲ့ဝင် ၂၇ နိုင်ငံရှိသော ဥရောပသမဂ္ဂတစ်ခုလုံး၏ အလုပ်လက်မဲ့နှုန်းမှာ ဖေဖော်ဝါရီလတွင် ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဥရောပသမဂ္ဂ တစ်ခုလုံး၏ အလုပ်လက်မဲ့မှာ ၂၄ ဒသမ ၅၅ သန်းရှိပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလကထက် ၁ ဒသမ ၈၇ သန်းတိုးလာခဲ့ကြောင်း ယူရိုစာရင်း အင်းအေဂျင်စီက ခန့်မှန်းခဲ့သည်။

ဥရောပသမဂ္ဂ ၁၈ နိုင်ငံတွင် အလုပ်လက်မဲ့တိုးလာခဲ့ပြီး ၈ နိုင်ငံတွင် အလုပ်လက်မဲ့ လျော့ကျသွားခဲ့သည်။ ရိုမေးနီးယားတွင် အလုပ်လက်မဲ့ အတက်အကျ မရှိခဲ့ပေ။ စပိန်သည် ဥရောပတွင် အလုပ်လက်မဲ့ အမြင့်ဆုံး နိုင်ငံဖြစ်ပြီး အလုပ်လက်မဲ့ ၂၃ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။ ဥရောပသမဂ္ဂမှ အလုပ်လက်မဲ့ ဒုတိယ အများဆုံးနိုင်ငံမှာ ဂရိဖြစ်ပြီး အလုပ်လက်မဲ့ ၂၁ ရာခိုင်နှုန်းရှိခဲ့သည်။ ဥရောပသမဂ္ဂတွင် အလုပ်လက်မဲ့ အနိမ့်ဆုံးနိုင်ငံမှာ သြစတြီးယားဖြစ်ပြီး အလုပ်လက်မဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis