menu

Wednesday 15 February 2012

လာမည့်နှစ် သန်း ၅၀ မှ သန်း ၂၀၀ အတွင်း အမေရိက၊ ဥရောပနှင့် အာရှတိုက်များပေါင်းစပ်ပြီး တိုက်ကြီးတစ်ခုဖြစ်လာနိုင်







လာမည့်နှစ် ၅၀ မှ သန်း ၂၀၀ အတွင်း အမေရိကတိုက်နှစ်ခု၊ ဥရောပတိုက်နှင့် အာရှတိုက်တို့ မြောက်ဝင်ရိုးစွန်းဘက်ခြမ်းမှ ချိတ်ဆက်ပြီး တိုက်ကြီးတစ်တိုက်ဖြစ်လာနိုင်ကြောင်း ယေးလ်တက္ကသိုလ်မှပညာရှင်များက  ခန့်မှန်းခဲ့သည်။
တဖြည်းဖြည်းတောင်နှင့် မြောက်အမေရိကတိုက်သည် ဆက်လာမည်ဖြစ်ပြီး ကာရေဘီယံပင်လယ်မှာ ပျောက်ကွယ်သွားမည်ဖြစ်ကာ အာရှနှင့်ဥရောပသည်လည်း ဆက်သွားမည်ဖြစ်သည်။ ယင်းနောက်တွင် ယင်းတိုက်ကြီးများချိတ်ဆက် ကာ မြောက်ဝင်ရိုးစွန်းကိုပတ်ပြီး အမေးရှားဟုခေါ်သော တိုက်ကြီး ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

နာမည်ကျော်သိပ္ပံဂျာနယ် Nature ၌ ဖော်ပြထားသောလေ့လာမှုတွင် ကမ္ဘာ့ကျောက်လွှာချပ်များသည် အစဉ်အမြဲရွေ့လျားနေပြီး ငလျင်များလည်း လှုပ်ခတ်နေသောကြောင့် ကမ္ဘာကြီး၏ပုံစံသည် တဖြည်းဖြည်းနှင့် လုံးဝကွဲပြားခြားနား သောပုံစံသို့ ရောက်ရှိသွားဖြစ်မည်ကြောင်း ခန့်မှန်းထားသည်။
သုတေသနကို ဦးဆောင်ခဲ့သည့် ယေးလ်တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားရော့စ်မစ်ချယ်က ''ဒီကျောက်လွှာချပ်တွေပေါ်က တိုက်ကြီးတွေဟာ သူ့စံနှုန်းနဲ့သူ ရွေ့လျားနေပါတယ်။ လက်သည်းရှည်ထွက်သလိုမျိုး တဖြည်းဖြည်းနဲ့ပါ''ဟု ပြော ကြားခဲ့သည်။
နောက်ဆုံးဖြစ်ပေါ်ခဲ့သော မဟာတိုက်ကြီးမှာ လွန်ခဲ့သော အနှစ် သန်း ၃၀၀ က တည်ရှိခဲ့ပြီး ယနေ့ခေတ်ပညာရှင်များက ပန်ဂျီယာတိုက်ဟု ခေါ်ဝေါ်ကြသည်။ ယင်းတိုက်ကြီး၏ အသွင်အပြင်ကို ယနေ့ခေတ်ရှိနေသော တိုက်ကြီးများ၏ ပုံစံကို ပေါင်းစပ်ပြီး ပုံဖော်ကြည့်နိုင်သည်။ အမေရိကတိုက်နှစ်တိုက်နှင့် အာဖရိကတိုက်ကို ဆက်ကြည့်ပါက အဆင်ပြေစွာ တစ်သားတည်းဖြစ်နေမည်ကို တွေ့နိုင်မည်ဖြစ်ပြီး ယင်းမှာတစ်ချိန်က တစ်ဆက်တည်းရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဖြစ်ပေါ်လာမည့် တိုက်သစ်ကြီးသည် ပန်ဂျီယာတိုက်ကြီး ဖြစ်ပေါ်ခဲ့သည့်နေရာနှင့် ၉၀ ဒီဂရီ ထောင့်ချိုးတွင် ရှိမည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။
Ref: dailymail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis