menu

Thursday 19 January 2012

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများအတွက်ဖြေလျော့မှု (၀င်းနိုင်ထွန်း)

b42_10
မြန်မာနိုင်ငံ၏ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီမှ ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်နေကြသော အလုပ်သမားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးရန်သည် အလုပ်သမားဝန်ကြီးဋ္ဌာန၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ထိုပြည်ပရောက်အလုပ်သမားများနှင့် ပတ်သက်၍ ရှေးဦးစွာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကွန်ပျူတာစနစ်ဖြင့် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား ထုတ်ပေးခြင်း၊ အိုင်တီစနစ်ဖြင့် နိုင်ငံသားစိစစ်မှု လုပ်ငန်းဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံ ရောက်မြန်မာအလုပ်သမားများ၏ သားသမီးများအား မည်သူမည်ဝါ ဖြစ်သည် ဆိုသည့် အထောက်အထား ထုတ်ပေးခြင်း အစရှိသည်များသည် မလုပ်မနေရလုပ်ရမည့် လုပ်ငန်းစဉ်များဖြစ်သည်။ ထိုင်းမြန်မာအစိုးရ အချင်းချင်းသဘောတူညီချက်အရ အခြေခံအလုပ်သမား အခွင့်အရေးများ ရရှိရန်၊ လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်းနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ခြင်းတို့ကို တားဆီးနိုင်ရန်အတွက် ယာယီနိုင်ငံကူးလက်မှတ်များကို ထိုင်းနယ်စပ်မြို့များရှိ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းနှင့် ထိုင်းနိုင်ငံဘက်ရှိ ရနောင်းမြို့တွင် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှစကာရုံးများ ဖွင့်လှစ်ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင့် ၇ ဆင့်ရှိသည်။


အဆင့် ၁

ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးသည် ထိုင်းနိုင်ငံရှိ ဆေးရုံ/ဆေးခန်းများတွင် ဆေးစစ်မှုခံယူကာ ဆေးစာအုပ်/ဆေးထောက်ခံချက် တစ်နှစ်သက်တမ်း ရယူရမည်။ ဆေးထောက်ခံချက်၊ စက်ရုံပိုင်ရှင် (သို့) လုပ်ငန်းပိုင်ရှင်၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းများနှင့်အတူ ယာယီနိုင်ငံကူးလက်မှတ်ရရှိရေး ပေးမည့်ကုမ္မဏီများသို့ အလုပ် အပ်နှံကြရသည်။ ထိုအကျိုး ဆောင်ကုမ္ပဏီများ၏ ၀န်ဆောင်ခ ကောက်ခံနှုန်းမှာ ဘန်ကောက် ကုမ္ပဏီဖြစ်လျင် အလုပ်သမား တစ် ဦးလျင် ထိုင်းဘတ်ငွေ ၅,၅၀၀နှုန်း၊ ရနောင်းကုမ္ပဏီဖြစ်လျင် အလုပ် သမားတစ်ဦးအတွက် ထိုင်းဘတ်ငွေ ၄,၅၀၀ နှုန်း ၀န်ဆောင်ခအဖြစ် ကောက်ခံကြသည်။
အဆင့် ၂

ထိုဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများသည် ၎င်းတို့ထံ အပ်နှံထားသူများအတွက် ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာနသို့ လျှောက်ထားကြရသည်။ ပုံစံဖြည့်စွက်ခြင်း(နေပြည်တော်ပုံစံ) အဆင့်(၁)မှ ပြုလုပ်ပြီးသော အထောက်အထား မိတ္တူများတွင် တစ်ဦးလျှင် ဓာတ်ပုံနှစ်ပုံစီကပ်၍ ဘန်ကောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာနသို့ လျှောက်ထားကြရသည်။ အလုပ်သမားဝန်ကြီးဋ္ဌာနမှ တစ်နှစ်သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်(ဘတ်ကတ်)အား ထုတ်ပေးသည်။

အဆင့် ၃
ဘတ်ကတ်ရပြီးသော အလုပ်သမားများ၏ အမည်စာရင်းများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးရုံးသို့ မြန်မာနိုင်ငံသား ဟုတ်/မဟုတ် စိစစ်ပြန်ကြားပေးရန် ပေးပို့ကြသည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးရုံးသို့ အမည်စာရင်းများပေးပို့ကာ နိုင်ငံသားစိစစ်မှုအတွက် ဆောင်ရွက်ကြသည်။ ထိုမှအတည်ပြုစိစစ်ပြီး သော စာရင်းအား နိုင်ငံခြားရေးရုံးမှ ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာနသို့ အကြောင်းပြန်ကြားပေးရသည်။
အဆင့် ၎

ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာနမှ အကျိုးဆောင်ကုမ္ပဏီများကို ခေါ်ယူတွေ့ဆုံကာ ၎င်းတို့တင်ပြထားသည့် အလုပ်သမားစာရင်းများအား စိစစ်လက်ခံကြောင်းအကြောင်း ပြန်ကြားထုတ်ပေးသည်။ အလုပ်သမားစာရင်းနှင့် သံရုံးတို့ပါ ထည့်ပေးပါသည်။
အဆင့် ၅

ထိုစာရွက်စာတမ်းရရှိပြီးသော ကုမ္ပဏီများသည် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိုင်းပြည်ထဲရေးဝန်ကြီးဋ္ဌာနသို့လွှတ်ကာ ပြည်နယ်ဖြတ်ကျော်ခွင့် လျောက်ထားကြရပြန်သည်။ သို့မှသာ နယ်စပ်ရှိယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများသို့ လာရောက်နိုင်ကြမည်ဖြစ်သည်။
အဆင့် ၆

နယ်စပ်ဖြတ်ကျော်ခွင့်ရပြီးလျှင် ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာနသို့ ပြန်လည်တင်ပြကြရသည်။ အလုပ်သမားဝန်ကြီးဌာနမှ အကွက် ၃ ခုပါ စာရွက်၏ အပေါ်ဆုံးအကွက်တွင် တာဝန်ခံအရာရှိမှ လက်မှတ်ရေးထိုးခြင်း၊ တံဆိပ်ရိုက်ခြင်းများ ပြုလုပ်ကာ ကိုယ်စားလှယ်သို့ ပြန်ပေးသည်။
အဆင့် ၇

ကိုယ်စားလှယ်များသည် သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်သွားရောက်ပြီး မြန်မာအလုပ်သမားများကို ခေါ်ဆောင်ကာ စာရွက်စာတမ်းများနှင့်အတူ နယ်စပ်ရှိ ယာယီနိုင်ငံကူး လက်မှတ်ရုံးများသို့ သွားရောက်ကြရသည်။ ထိုရုံးများက ယာယီနိုင်ငံ ကူးလက်မှတ် ပေးသည်။ မြန်မာအလုပ်သမားဝန်ကြီးဋ္ဌာနမှ စမတ်ကတ် ထုတ်ပေးသည်။ မြန်မာလ၀ကမှ နိုင်ငံမှထွက်ခွာကြောင်း တံဆိပ်ထုပေးကာ ထိုင်းလ၀ကမှ ၀င်ရောက်ကြောင်း ဗီဇာတံဆိပ်တုံး ထုပေးသည်။

အလုပ်သမားတစ်ဦး ကုန်ကျမှု အကျိုးဆောင်ကုမ္ပဏီများအနေဖြင့် တရားဝင်ပေးသွင်းငွေများ အပြီးအစီး ဘတ်ကတ်ပြုလုပ်ပါက ခန့်မှန်းကုန်ကျငွေ ၃,၅၀၀ ဘတ်၊ ယာယီနိုင်ငံကူးလက်မှတ်နှင့် နှစ်နှစ်ဗီဇာအတွက် ပျမ်းမျှကောက်ခံငွေ ဘတ် ၆,၀၀၀၊ နှစ်နှစ်စာ အလုပ်လုပ်ခွင့်ပါမစ်အတွက် ပျမ်းမျကောက်ခံငွေ ၄,၀၀၀ ဘတ်၊ စုစုပေါင်း ၁၃,၅၀၀ ဘတ်ကုန်ကျကြသည် ...

အလုပ်သမားတစ်ဦး ကုန်ကျမှုအကျိုးဆောင်ကုမ္ပဏီများအနေဖြင့် တရားဝင် ပေးသွင်းငွေများ အပြီးအစီး ဘတ်ကတ်ပြုလုပ်ပါက ခန့်မှန်းကုန် ကျငွေ ၃,၅၀၀ ဘတ်၊ ယာယီနိုင်ငံကူးလက်မှတ်နှင့် နှစ်နှစ်ဗီဇာအတွက် ပျမ်းမျှကောက်ခံ ငွေဘတ် ၆,၀၀၀၊ နှစ်နှစ်စာ အလုပ်လုပ်ခွင့် ပါမစ်အတွက် ပျမ်းမျှကောက်ခံငွေ ၄,၀၀၀ ဘတ်၊ စုစုပေါင်း ၁၃,၅၀၀ ဘတ်ကုန်ကျ ကြသည်။ ထို့ကြောင့် အလုပ်သမားတစ်ဦး တရားဝင် အလုပ်လုပ် ကိုင်ခွင့်ရရန်နှင့် ယာယီနိုင်ငံကူးလက်မှတ်ရရန်သည် ဘတ်ငွေ ၁၃,၀၀၀မှ ၁၅,၀၀၀ ခန့်ဖြစ်သည်။ ဖြေလျော့မှု ကုန်ကျမှုများခြင်းနှင့် အချိန်ကြန့်ကြာမှုများ ဖြေလျော့ရန် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် တရားဝင်အလုပ်သမားများဖြစ်စေရန် နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးမှုများကို ထိုင်းနိုင်ငံအတွင်း ၅ နေရာတွင် တစ်နေရာတည်းနှင့် ဆောင်ရွက်နိုင်ရန် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကွန်ပျူတာစနစ်ဖြင့် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းတို့ ဆောင်ရွက်ကြမည် ဖြစ်သည်။ ထိုငါးနေရာသည် ချင်းမိုင်၊ မဟာချိုင်၊ ဗန်ကောက်၊ စမွတ်ပရာကန်နှင့် ဆူရတ်ထနီတို့ဖြစ်သည်။ ကွန်ပျူတာစနစ်ဖြင့်ထုတ်ပေးမည့် ယာယီနိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ ၁၄,၀၀၀ ကျပ်သတ်မှတ်မည်ဖြစ်ပြီး၊ ထိုစာ အုပ် သက်တမ်းတိုးခြင်းအတွက် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ ၇၀၅၀ ကျပ်ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းလုပ်ငန်းရှင်များကိုယ်တိုင် အလုပ်သမားများ ကာကွယ်ရေး ဥပဒေကို လိုက်နာရန် ပျက်ကွက်မှုများနှင့် လူကုန်ကူးမှုနှင့် အဓမ္မအလုပ်ခိုင်းစေမှုများတွင် ပါဝင်ပတ်သက်နေမှုများ၊ ပွဲစားများကအာဏာပိုင်များနှင့် အလုပ်ရှင်များနှင့်ပူးပေါင်းကာ အလုပ်သမားများ၏ နိုင်ငံသား စိစစ်မှုလုပ်ငန်းများ၊ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်းများ နှင့် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များတွင် ခေါင်းပုံဖြတ် အမြတ်ထုတ်နေမှုများ၊ ထိုင်းအလုပ်သမားဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းချက်များထဲမှ လာဘ်ပေးလာဘ်ယူမှု ကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေမှုများ၊ အာဏာပိုင်များ၏ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ထိမ်းသိမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ၀င် အခြားအနိုင်ကျင့်မှုအမျိုးမျိုး ပြုကျင့်မှုများ စသည့်ရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်သည့် ဖြေလျော့ရန် လိုနေမှုများကိုလည်း နှစ်နိုင်ငံနီးကပ်စွာ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းရပေဦးမည် ဖြစ်သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis