menu

Tuesday 20 May 2014

ဝူခုန်းမင်းသား ဒုသမ္မတနှင့်သာ တွေ့ခွင့်ရမည်

သရုပ်ဆောင် တရုတ်မင်းသားအား တွေ့ရစဉ်

တရုတ်လူမျိုး ၀ူခုန်းသရုပ်ဆောင်မင်းသားသည် နိုင်ငံ တော်ဒုတိယသမ္မတနှင့်သာ တွေ့ ဆုံခွင့်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အနောက်အရပ်သို့ ခရီးသွား ခြင်းအမည်ဖြင့် မြန်မာပရိသတ် အကြားနာမည်ကျော်ကြားသည့် ၀ူခုန်းသရုပ်ဆောင်မင်းသား မစ္စတာ လျူချီယိုလင်တန်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက စီစဉ်ခဲ့ကြသော်လည်း ဒုတိယသမ္မတကသာ လက်ခံတွေ့ဆုံမည်ဟု အစိုးရဘက်မှ အကြောင်းပြန်ကြားလာကြောင်း ရန်ကုန်မြို့ရှိ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း (ဗဟို)မှ သတင်းရရှိသည်။
‘‘ပထမကတော့ သမ္မတနဲ့ တွေ့ဖို့ စီစဉ်ခဲ့ပေမယ့် အခုဒုသမ္မ တနဲ့ပဲ တွေ့တော့မယ်။ သမ္မတ အနေနဲ့က တခြားတိုင်းပြည်ရေး ရာတွေလုပ်စရာရှိသေးလို့ ဖြစ်မှာ ပေါ့။ ယဉ်ကျေးမှုကိစ္စတွေကိုင်တဲ့ သမ္မတနဲ့ပဲ တွေ့တော့မှာ။ ဘယ် ဒုသမ္မတဖြစ်မလဲတော့ အခုအချိန်မှာ မသိသေးဘူး’’ ဟု ယင်းဗဟိုအသင်းမှ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကပြောသည်။

မေလ ၂၁ ရက်မှ ၂၆ ရက် အထိ မြန်မာပြည်သို့ လာရောက် မည့် ချစ်ကြည်ရေးခရီးစဉ် အ တွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုဂံမြို့တို့ကို အသီး သီးသွားရောက်လည်ပတ်ပြီး နေ ပြည်တော်တွင် နိုင်ငံတော်သမ္မတ ကြီးနှင့် တွေ့ဆုံရန် တာဝန်ရှိသူ များက စီစဉ်ခဲ့ကြသည်။ သို့သော် လည်း ၀ူခုန်းမင်းသားမြန်မာပြည် သို့ ရောက်ရှိမလာမီ ရက်ပိုင်းအ လိုတွင်ပင် ယင်းကဲ့သို့ အစီအစဉ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
အခြားနိုင်ငံမှ သရုပ်ဆောင် တစ်ဦးအား လက်ခံတွေ့ဆုံရန်မှာ နိုင်ငံတော်သမ္မတတစ်ဦး၏ ကိစ္စ မဟုတ်ကြောင်း၊ ယခုကိစ္စတွင် သမ္မတ တွေ့ဆုံခြင်းမပြုသည် မှာ မှန်ကန်သည့်လုပ်ရပ် ဖြစ် ကြောင်း မူလတွေ့ဆုံရန် အစီအ စဉ်မဖြစ်မြောက်ခဲ့ခြင်းနှင့် ပတ် သက်ပြီး မန္တလေးမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသား တစ်ဦးကပြောသည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis