menu

Sunday 18 May 2014

မြန်မာပျားရည်ဆမ်းကာလအလွန်

ရန်ကုန်မြို့တွင်း သွားလာနေသည့် မြို့ခံများကိုတွေ့ရစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
လွန်ခဲ့သော ၂ နှစ်တာကာလ ယ ခုလို မေလမျိုးမှာ မြန်မာနှင့် ပတ် သက်သည့် သတင်းများက စိတ် လှုပ်ရှားစရာ၊ အားတက်စရာတွေ ချည်းသာ။ အမေရိကန်။ အီးယူ။ ကုလသမဂ္ဂစသော နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးထံမှ ချီး ကျူးသံတွေသာ ကြားနေရသည်။ မြန်မာ၏ အချိုမြိန်ဆုံး  ပျားရည် ဆမ်းကာလများဟု ဆိုရပေမည်။ သို့ရာတွင် ၂ နှစ်အကြာတွင် အ ခြေအနေတွေက ပြောင်းလဲသွား ခဲ့သည်။
ယခုရက်ပိုင်းကြားရသော သတင်းများက မြန်မာအစိုးရအ တွက်တော့ သာယာနာပျော်ဖွယ် မရှိလှ။ ပြီးခဲ့သည့် ကြာသပတေး နေ့တွင် အမေရိကန်သမ္မတအို ဘားမားက ကန်လွှတ်တော်ကို အကြောင်းကြားပြီး မြန်မာအပေါ် ကျန်ရှိနေသေးသည့် စီးပွားရေး ပိတ်ဆို့မှုများကို နောက်တစ်နှစ် သက်တမ်းတိုးလိုက်သည်။ နောက်တစ်ခါ    ဥရောပသမဂ္ဂကလည်း လာပြန်ချေပြီ။
ယခုနှစ် ဧပြီလကုန်တွင် သက်တမ်းကုန်ခဲ့သည့် မြန်မာအ ပေါ် စစ်ရေးပိတ်ဆို့အရေးယူထား မှုကို တစ်နှစ်ထပ်မံသက်တမ်းတိုး လိုက်သည်ဟု မေလဒုတိယပတ် တွင် ကြေညာချက်ထုတ်ပြန်လိုက် ပါသည်။ စစ်ရေးပိတ်ဆို့မှုဆို သည်မှာ အီးယူအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် လက်နက်ရောင်းချခြင်း အပါအ၀င် မြန်မာနှင့် စစ်ရေးပူး ပေါင်းလုပ်ဆောင်မှုများ မလုပ် ကြရန်ဖြစ်၏။ ထိုဆုံးဖြတ်ချက်ကို အီးယူနိုင်ငံခြားရေးနှင့် မူဝါဒရုံး အကြီးအကဲ ကက်သရင်း အက်ရှ တန်နှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌတို့က အတည်ပြုခဲ့သည်ဟု အီးယူကဆိုသည်။
ထိုကဲ့သို့ မြန်မာအပေါ်အ ရေးယူပိတ်ဆို့မှုများကို သက် တမ်းတိုးလိုက်သည်ဆိုသည့် သဘောက အမေရိကန်ရော၊ အီးယူကပါ မြန်မာ၏ပြုပြင် ပြောင်းလဲရေးများကို မယုံကြည်ကြသေးဘဲ စောင့်ကြည့်အကဲခတ်နေဆဲ အဆင့်သာ ရှိနေဆဲဆိုသည့်သဘော ဖြစ်သည်။

အမေရိကန်သမ္မတအိုဘား မားက လွှတ်တော်သို့ ပေးပို့သည့် ကြေညာချက်တွင် ‘‘မြန်မာက ပြု ပြင်ပြောင်းလဲမှုတွေ အကြီးအ ကျယ်လုပ်ခဲ့ပေမယ့် နိုင်ငံရဲ့ အ ခြေအနေက ပုံမှန်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို လွန်လွန်ကဲကဲ ခြိမ်းခြောက်မှုတွေ ဆက်လုပ်လာနေတယ်’’ ဟု ပြောကြားထားပါသည်။    အီးယူကလည်း    မြန်မာအစိုးရအနေဖြင့် ရခိုင်ဒေသအပါအ၀င် တိုင်းရင်းသားလူနည်းစုများအပေါ် လူအခွင့်အရေး ချိုးဖောက်မှုများရှိနေဆဲဟုထောက်ပြပြောဆိုထားပါသည်။
အမေရိကန်စီးပွားရေး ပိတ် ဆို့မှုကို သက်တမ်းတိုးခြင်းက မြန်မာနိုင်ငံတွင် အခြေချရင်းနှီး မြှုပ်နှံနေကြသော အမေရိကန် ကုမ္ပဏီများ၊ ယင်းကုမ္ပဏီများနှင့်  စီးပွားရေးပူးပေါင်းလုပ်ကိုင်ရန် ကြိုးစားနေသည့် ပြည်တွင်းလုပ် ငန်းရှင်များကို အကျပ်ရိုက်စေပါ သည်။ အဆိုပါ ပိတ်ဆို့မှုအရ မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် များက ဒီမိုကရေစီလှုပ်ရှားမှုတွင် ဖိနှိပ်ခဲ့သည့် စစ်တပ်နှင့် မိသားစု ၀င်များ။ ၎င်းတို့နှင့် ပတ်သက် နေသော စီးပွားရေးလုပ်ငန်းများ နှင့် အမေရိကန်လုပ်ငန်းရှင်များ စီးပွားရေး လုပ်ခွင့်မရှိပေ။ သို့ရာ တွင် မြန်မာနိုင်ငံ လုပ်ငန်းတော် တော်များများကို စစ်တပ်နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်း ရှင်များက ပိုင်ဆိုင်နေသည်။
ထို့အတွက်  အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ တွင် အကန့်အသတ်ဖြင့်သာ စီး ပွားရေးလုပ်ဆောင်နေရသည်ဟု ၀ါရှင်တန်ဒီစီတွင် ကျင်းပသော မြန်မာအရေးဆွေးနွေးပွဲတစ်ခု တွင် အမေရိကန်ဂျီအီးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
၂၀၁၂ မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်စဉ်က ချီးမွမ်းအားပေးခဲ့ ကြသည့် နိုင်ငံများက ယခုအခါ သတိအနေအထားဖြင့် ပြန်လည် စောင့်ကြည့်လာနေပြီဖြစ်၍ နောက်ထပ်နိုင်ငံတကာ၏    ယုံ ကြည်မှုများ လက်ခံရရှိရန် မြန်မာ အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများ အမှန်တကယ်လုပ်နေ ကြောင်း ပြသရန် ကြိုးစားအား ထုတ်ရပေမည်။
လက်ရှိ မြန်မာအစိုးရအ သည်းအသန် ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုက လည်း ပီပီပြင်ပြင် အောင်ပွဲခံနိုင် သည့် အခြေအနေမရောက်ရှိ သေး။ အခြေခံဥပဒေပြင်ဆင်ရန် တောင်းဆိုနေသည်များကလည်း အများအပြား။
ထို့ထက်ပိုဆိုးပြီး နိုင်ငံတ ကာအလယ်မှာ အရှက်ရစရာဖြစ် လာသည်က ရခိုင်ပြည်နယ်အ တွင်း ပဋိပက္ခများဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်က မိတ္ထီလာနှင့် မြို့ ကြီးတချို့တွင် ဖြစ်ပွားခဲ့သော မွတ်စလင်လူနည်းစုအပေါ် အ ကြမ်းဖက်မှုများက တစ်ကမ္ဘာလုံး ကို တုန်လှုပ်ချောက်ချားစေခဲ့ သည်။ လူပြိန်းကြိုက်ဘာသာရေး မှိုင်းတိုက်ပြီး မွတ်စလင်မုန်းတီး မှုဖြင့် လမ်းလွှဲကာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ လူကြိုက်များမှုကို ကျ ဆင်းအောင် လုပ်ဖို့ကြိုးစားခြင်း ဆိုပါက မြန်မာအစိုးရအနေဖြင့် ကိုယ့်ကြိုးကွင်း ကိုယ်စွပ်သလို သာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက ပြော ကြားသည်။
‘‘ဒီနှစ်တွေထဲမှာ ဖြစ်ပွားခဲ့ တဲ့ ဘာသာရေးအကြမ်းဖက်မှု တွေက အတော်စိုးရိမ်စရာကောင်း တယ်။ ဒီအချက်ကြောင့် ပြုပြင် ပြောင်းလဲရေးတွေကို ဆက်မလုပ် နိုင်မှာစိုးတဲ့အတွက် အမေရိကန် က ပိတ်ဆို့မှုတွေကို ဆက်ထား နေသေးတာ ဖြစ်ပါတယ်’’
ယင်းပြဿနာများအပြင် ပြည်တွင်းတွင်လည်း သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့အပေါ် စိတ်ပျက်အလိုမကျမှုများ ပိုများ လာသည်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်များတွင် သမ္မတ ဦးသိန်းစိန်က ရှားရှားပါးပါး လူ ထုချစ်ခင်မှု အများဆုံးရရှိထားသူ ဖြစ်သော်လည်း စီမံခန့်ခွဲပုံ ညံ့ ဖျင်းလှသည့် အစိုးရအဖွဲ့ဝင်ဝန် ကြီးများ၏ ဆောင်ရွက်ချက်များ ကို လူအများက စိတ်ပျက်လာကြ ခြင်း ဖြစ်သည်။
  အစိုးရ  ၀န်ကြီးအချို့က လည်း လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေကြသဖြင့် ပြစ် တင်သံတွေ ညံနေသည်။ မကွေး တိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ ကို တိုင်တန်းသူ အများအပြား ရှိသလို   ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းကိုလည်း ကဆုန်လ ပြည့်နေ့က ရွှေမော်ဓောစေတီ ရင်ပြင်တော်ပေါ်အထိ ကားဖြင့် တက်၍    လူအတော်များများကမကျေမနပ်ဖြစ်ကြသည်။
မန္တလေးမဟာမြတ်မုနိဘုရား တွင်လည်း    သံဃာတော်များကို ပင် နေရာမပေးဘဲ တိုင်းမှူးနှင့် အရေးကြီးပုဂ္ဂိုလ်     ဘုရားကန် တော့ရန် နေရာကို သီးသန့်ခွဲခြား လုပ်ထားသဖြင့် ဒေသခံများ ပြော စရာ ဖြစ်လာသည်။
လာဘ်ပေး လာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများကလည်း လျော့ကျမသွားဘဲ ယခင်ကလို ပေါ်ပေါ်တင်တင် ရှိနေစမြဲဖြစ် သည်။ ဥပမာ မကြာမီဖွင့်လှစ် မည့် အခြေခံပညာမူလတန်းကျောင်း များအတွက် ရန်ကုန်မြို့ပေါ်က နာမည်ကြီးကျောင်းများတွင် ၀င် ခွင့်ရရန် ကျောင်းဝင်ခွင့်ကလည်း သိန်းဆယ်ဂဏန်း၊ စတင်တောင်းနေကြပြီဟု   မိဘတစ်ဦးကဆို သည်။
‘‘ပေါ်တင်တောင်းနေတာပါ။ ကလေးကျောင်းအပ်ဖို့ သူငယ် တန်းကို သိန်းနှစ်ဆယ်ပါတဲ့’’
နိုင်ငံတွင်း အကောင်းဆုံး ဖောက်လုပ်ထားသည့်ဆိုသော အဝေးပြေးအမြန်လမ်းမကြီးပေါ် တွင် ယာဉ်တိုက်မှုများ၊  လူသေ ဆုံးမှုများက ကြောက်ခမန်းလိလိ ဖြစ်လာနေပြီး အစိုးရကလည်း ထိထိရောက်ရောက် ကိုင်တွယ် ခန့်ခွဲမှု မရှိသေး။ အခြားနိုင်ငံများ တွင် သာမန်လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးကလည်း အကြီးဆုံးမြို့ ဖြစ်သည့် ရန်ကုန်မြို့တွင်ပင် လုံ လောက်ခြင်းမရှိသေးပါ။ မီးမှန် မှန်ရသည့်အပြင် ယခုမေလကုန် တွင်   မီတာခများကို ယခင်က ထက်နှစ်ဆမြင့်တက်လိုက်၍ လူတွေက    ပိုဒေါသထွက်လာကြ သည်။
‘‘တကယ်တော့ မြန်မာအစိုး ရဟာ စစ်တပ်အုပ်စိုးစဉ်ကရော၊ အခုအခြေအနေမှာရော လူတွေ ကို သူ့ဘက်ပါလာအောင် လုပ်ဖို့ အတွက် အခွင့်အလမ်းတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ နိုင်ငံအုပ်ချုပ်ရေးမှာ အရည်အချင်း ညံ့ဖျင်းတာကြောင့် လူတွေရဲ့ စိတ်ပျက်မုန်းတီးမှုကိုပဲ ရခဲ့ပါတယ်။ ဒါက ဒီမိုကရေစီ တောင်းဆိုတာနဲ့ မဆိုင်ပါဘူး။ အ ရည်အသွေးမရှိတဲ့ အုပ်ချုပ်သူ တွေကြောင့် ဖြစ်ရတဲ့ ပြဿနာ ပါ။ အာဏာပိုင်တွေရဲ့ အလွဲသုံး စားကိုယ်ကျိုးရှာတာတွေကြောင့် ပါ။ ဥပမာစင်ကာပူကိုကြည့်ပါ။ ပြည်သူပြည်သားတွေရဲ့ အခြေခံ လူမှုရေးလိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်ရင် လူတွေကလည်း နိုင်ငံရေးတောင်းဆိုမှုတွေ လုပ်ဖို့ အားမသန်တော့ပါဘူး’’ ဟု ဂျွန် ဟော့ကင်းတက္ကသိုလ် အရှေ့ တောင်အာရှလေ့လာရေးဌာနမှ သုတေသီရှန်ကျင်ဇင်းက ပြော ကြားသည်။
ပညာရှင်များ ပြောသကဲ့သို့ စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟုပဲ ပြော မလား။ ကံကြမ္မာကို အပြစ်တင် မလား။ မြန်မာ၏ပြန်လည်ပြုပြင် ရေး လမ်းစဉ်ပျားရည်ဆမ်းကာလ ကတော့ ပြည်တွင်းမှာရော ပြည်ပတွင်ပါ အရင်လိုချိုသာခြင်း မရှိ တော့သည်ကတော့ အမှန်ပင်ဖြစ် သည်။ 
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis