နိုင်ငံတော်က အကျိုးအမြတ် လေးရာခိုင်နှုန်းသာရပြီး Sky Net က အကျိုးအမြတ် ၉၆ ရာခိုင်နှုန်း ရရှိသည့် အခွင့်အရေးမျိုးကို ယခုနောက်ပိုင်း ရုပ်သံလိုင်း တည်ထောင်လိုသူများ ရမည်မဟုတ်သည့်အပြင် Sky Net အား အခွန်အခကင်းလွတ်ခွင့် သုံးနှစ်ပေးထားသည့်အပေါ် ပြန်လည်ပြင်ဆင်ရန် အကြောင်းမရှိဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြန်လည်ရှင်းလင်းခဲ့သည်။
Sky Net ကဲ့သို့ အခွင့်အရေးမျိုး မရဟုဆိုရာတွင် Sky Net မှာ အစိုးရဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး နောင်ပေါ်ပေါက်လာမည့် ပုဂ္ဂလိက ရုပ်သံမီဒီယာများမှာ Broadcast Law အရ လုပ်ငန်းလုပ်ဆောင်ခွင့်ရမည့် ရုပ်သံမီဒီယာ ကုမ္ပဏီများဖြစ်၍ Broadcast Law အရ ပေးထားသည့် အခွင့်အရေးသာ ရမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၆ ရက်ထုတ် The Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် နိုင်ငံတော်မှ အကျိုးအမြတ် လေးရာခိုင်နှုန်းသာ စတင်ရရှိမည်ဖြစ်ပြီး Sky Net မှ ၉၆ ရာခိုင်နှုန်းအထိ ရယူထားသည့် ပြန်ကြားရေးနှင့် Sky Net တို့ချုပ်ဆိုထားသည့် စာချုပ်ပါအချက်များကို သတင်းဖော်ပြပြီးနောက် ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ Email မှတစ်ဆင့် ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သ
ဇန်နဝါရီ ၂၆ ရက်ထုတ် The Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပြန်ကြားရေးနှင့် Sky Net၊ Forever တို့ ချုပ်ဆိုထားသည့် စာချုပ်များနှင့် နိုင်ငံတော်အနေဖြင့် အကျိုးအမြတ်ခွဲဝေမှုအပိုင်း၊ Sky Net နှင့် Forever တို့ ရရှိနေသည့် ဝင်ငွေအပိုင်း၊ Sky Net မှ အခွန်ကင်းလွတ်ခွင့် သုံးနှစ်ရရှိသည့်အပိုင်း၊ Sky Net ကို တည်ထောင်ထားသည့် ရွှေသံလွင်ကုမ္ပဏီ၏ လုပ်ငန်းများစွာ ချဲ့ထွင်ပြီး အခွင့်အရေးများစွာ ရရှိထားသော်လည်း နိုင်ငံတော်သို့ အခွန်ပေးသွင်းသည့် ထိပ်တန်းစာရင်းတွင် မပါဝင်သည့် အခြေအနေများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖော်ပြပြီးနောက် ဒုတိယဝန်ကြီး ဦးရဲထွဋ်ထံသို့ The Daily Eleven က ၎င်းကိစ္စနှင့်ပတ်သက်၍ “သုံးနှစ်အခွန်ကင်းလွတ်ခွင့် ပေးခဲ့တာတွေကို ဘယ်လိုပြန်လည်စီစဉ်ဖို့ ရှိပါသလဲ။ ပြန်လည်ကောက်ခံဖို့ ရှိမရှိ သိလိုပါတယ်။ အစိုးရဝန်ကြီးဌာနနဲ့ အကျိုးတူ ပူးပေါင်းတာဖြစ်လို့ Sky Net ရဲ့ ငွေကြေးရှင်းတမ်းတွေကို ဌာနအနေနဲ့ သိရှိခြင်း ရှိမရှိနဲ့ စာရင်းစစ်ချုပ်ရုံး၊ လွှတ်တော်တို့ကနေ ဝင်ရောက်စစ်ဆေးလို့ ရမရ၊ စစ်ဆေးဖို့ရှိမရှိ သိလိုပါတယ်။ Sky Net ကိုပေးခဲ့တဲ့ အခွင့်အရေးမျိုးအတိုင်း အခြားရုပ်သံမီဒီယာ ကုမ္ပဏီတွေကိုရော ခွင့်ပြုပေးဖို့ အစီအစဉ်ရှိမရှိ သိလိုပါတယ်။ စာချုပ်ပြင်ဆင်ချုပ်ဆိုဖို့ အပါအဝင် အခြားဖြေကြား အသိပေးလိုတာ ရှိပါက ပြောကြားပေးပါ” အစရှိသည့် အချက်များကို မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းရာ ဦးရဲထွဋ်က “နိုင်ငံတကာမှာလည်း ရင်းနှီးမြှုပ်နှံမှုများအပေါ် သတ်မှတ်ကာလအတွက် အခွန်ကင်းလွတ်ခွင့် ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဆက်လက်၍ “Sky Net ကို အထက်ပါ အခွင့်အရေးများ ပေးအပ်ခြင်းဟာ နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ ဖက်စပ်ဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနဲ့ သက်ဆိုင်တဲ့ ဥပဒေများအရ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နောင်ပေါ်ပေါက်လာမယ့် Broadcast Law အရ လုပ်ငန်းလုပ်ဆောင်ခွင့်ရမယ့် ပုဂ္ဂလိက ရုပ်သံကုမ္ပဏီများကတော့ အစိုးရနဲ့ ဖက်စပ်ဆောင်ရွက်တာ မဟုတ်တော့တဲ့အတွက် Broadcast Law အရ ပေးအပ်ထားတဲ့ အခွင့်အရေးများကိုပဲ ရမှာဖြစ်ပါတယ်။ အစိုးရနဲ့ ဖက်စပ်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် စာချုပ်စည်းကမ်းအရ စကိုင်းနက်က ပေးသွင်းရမယ့်ငွေများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ Sky Net ပူးပေါင်းစာရင်းစစ်ဆေးရေးအဖွဲ့က
Sky Net နှင့် စာချုပ်ပြန်လည်ပြင်ဆင် ချုပ်ဆိုမည့်အဖွဲ့တွင် ဦးစီးလုပ်ကိုင်မည့်သူမှာလည်း ဒုတိယဝန်ကြီး ဦးရဲထွဋ်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်သူ ဦးတင့်ဆွေက ဘီဘီစီနှင့် Sky Net ဖြင့် အကျိုးအမြတ်ခွဲဝေသည့် ကိစ္စရပ်အပေါ် မေးမြန်းချက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က အတတ်နိုင်ဆုံး ရှင်းပြခဲ့သည်ဟုလည်း ထည့်သွင်းဖြေကြားခဲ့သည်။
သို့သော် အောက်တိုဘာ ၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် The Daily Eleven မှ သတင်းထောက်ချုပ် ဦးမာန်သူရှိန်က Sky Net နှင့်ခွဲဝေသည့် အကျိုးအမြတ် အတိအကျကို အကြိမ်ကြိမ်မေးမြန်းသော်လည်း တိကျစွာ ရှင်းပြခဲ့ခြင်း မရှိခဲ့ချေ။
သတင်းထောက်ချုပ် ဦးမာန်သူရှိန်က “ဟိုဘက်ဒီဘက်အချိုး ရုပ်သံတစ်ခုတည်းပဲ သိချင်ပါတယ်။ ပမာဏအချိုး ၇ဝ-၃ဝ လား၊ ၅ဝ-၅ဝ လား၊ ၈၅-၁၅ လား” ဟု မေးမြန်းမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက “အချိုးအနေနဲ့တော့ သတ်မှတ်ချက်အနေနဲ့ ဝင်ငွေတွေအရ တင်ပြထားတဲ့အခါ သတ်မှတ်ဝင်ငွေအတိုင်း သွင်းထားတယ်ဆိုတာပဲ။ အချိုးရယ်လို့ မဟုတ်ဘူး။ စာချုပ်ပါ အချက်အတိုင်းပဲ သတ်မှတ်ထားတဲ့ ဝင်ငွေရရှိရေးပဲ ဖြစ်ပါတယ်” ဟုသာ ဖြေကြားပြီး မေးခွန်းအပေါ် တိကျစွာဖြေကြားခဲ့ခြင်း မရှိပေ။
ယခုအခါမှသာ အချိုးအတိအကျရှိပြီး နိုင်ငံတော်က လေးရာခိုင်နှုန်း စတင်ရရှိကာ Sky Net က ၉၆ ရာခိုင်နှုန်းရသည့်သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
EMG
No comments:
Post a Comment