menu

Wednesday 29 January 2014

Propose လုပ်ထားသူတွေရှိပေမယ့် ဘယ်သူ့ကိုမှတော့ မစဉ်းစားရသေးဘူးဆိုတဲ့ သဉ္ဇာနွယ်ဝင်း


မော်ဒယ်လောကမှာ အနုပညာလှုပ်ရှားမှု မစိပ်မကျဲနဲ့ ခြေလှမ်းမှန်မှန်လေး လျှောက်လှမ်းနေပြီး အရှုပ်အရှင်း သတင်းတွေ ကင်းရှင်းတဲ့ ခပ်အေးအေး မော်ဒယ်မင်းသမီးချောလေး တစ်ယောက်ကို ပြပါဆိုရင်တော့ သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါလိမ့်မယ်။ ပရိတ်သတ်ကို အေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားထားနိုင်တဲ့ သဉ္ဇာနွယ်ဝင်းကို ဓါတ်ပုံ ရိုက်ကွင်းတစ်ခုမှာ တွေ့ဆုံဖြစ်တုန်း ပရိသတ်သိချင်နေမယ် ထင်တာလေးတွေ မေးမြန်းကြည့်မိပါတယ်။
  • အခုလတ်တလော ဘာတွေလုပ်ဖြစ်နေလဲ ။
အခုကတော့ ဗီဒီယိုပဲ အများဆုံးရိုက်ဖြစ်ပါတယ်။
  • ရုပ်ရှင်ကားကြီး ရိုက်ဖို့ အစီအစဉ်တွေရော ရှိလား။
ပြောထားတာ တစ်ခုတော့ရှိတယ်။ ဒါပေမယ့် ဇာတ်လမ်းကလဲ ကိုယ့်ဆီကို အသေအချာ မရောက်လာသေးဘူးဆိုတော့ အဲဒါကို သိပ်ပြီးမပြောချင်သေးဘူး။
  • အချစ်ရေးနဲ့ပတ်သက်ပြီးတော့ရော propose လုပ်ထားတဲ့သူ ။ စဉ်းစားထားတဲ့သူတွေဘာတွေ ရှိနေပြီလား။
ဟုတ်ကဲ့။ အပျိုတစ်ယောက်ဆိုတော့ propose လုပ်ထားတာမျိုး တွေတော့ရှိတာပေါ့။ ဒါပေမယ့် စဉ်းစားထားတာတော့ မရှိသေးပါဘူး။
  • အနုပညာအလုပ်တွေ အခုတစ်လော အေးသွားတာတွေ့ရတယ်။ ဘာကြောင့်များလဲရှင့်။
ဟုတ်ကဲ့။ ကားရိုက်က မထွက်လာသေးတာပါ။ တကယ်တမ်းမှာတော့ အရင်ကထက် ပိုပြီး ရိုက်လာရပါတယ် ။
  • အခု တော်တော်များများက မော်ဒယ်လုပ်ရင်းနဲ့ သီချင်းဆိုလာကြတာတွေ တွေ့လာရတယ်။ အစ်မမှာရော အဲဒီလို အဆိုတော်ဘက်ကို ကူးဖို့အစီအစဉ်ရှိလား။
သီချင်းဆိုဖို့ အစီအစဉ်တော့မရှိပါဘူး။ ဒါပေမယ့် အမှတ်တရဖြစ်အောင် တစ်ပုဒ် နှစ်ပုဒ်လောက်တော့ ဆိုဖြစ်ပါတယ်။
  • Global ပဲဖြစ်ဖြစ် ၊ Local ပဲဖြစ်ဖြစ် အစ်မအားကျရတဲ့ အနုပညာရှင်က ဘယ်သူဖြစ်မလဲ။
ဒီမှာဆိုရင်တော့ မထက်ကိုအားကျတယ်။ ငယ်ငယ်လေးကတည်းကလည်း မထက်ကို အရမ်းသဘောကျခဲ့ ရတာပေါ့နော်။ Global ဆိုရင်တော့ Nicole Kidman ကို အရမ်းကြိုက်ပါတယ်။
  • ဖက်ရှင်ပိုင်းဆိုရင်ရော ဘယ်လိုဖက်ရှင်မျိုးကို သဘောကျလဲ။
ထသွားထလာဝတ်တာမျိုး၊ ကိုယ့်အတွက်ကိုယ် ဆိုရင်တော့ smart ကျတာလေးတွေပဲ ၀တ်ချင်တယ်။ ကားရိုက်အတွက် ကျတော့ ကိုယ်က ကာရိုက်တာအစုံလုပ်ရတော့ ချိန်ပြီးဝတ်ရတာလေးတွေ ရှိပါတယ်။
  • Skin Care အတွက်ရော ဘယ်လို ဂရုစိုက်ဖြစ်လဲ။ ပုံမှန်လုပ်ဖြစ်တဲ့ Treatment လေးတွေရော ရှိလား။
အိမ်မှာတော့ လုပ်ဖြစ်ပါတယ်။ ဆိုင်မှာကတော့ တစ်လတစ်ခါလောက်ကို ပုံမှန် သွားလုပ်ဖြစ်ပါတယ်။
  • ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ ။
ဒီလိုပါပဲ ။ ဗီဒီယိုကားတွေရိုက်မယ်။ လုပ်နေကျပုံစံအတိုင်းပဲ ဆက်ပြီးလုပ်ဖြစ်နေမှာပါ။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis