menu

Saturday 24 May 2014

ထိုင်းစစ်တပ် အာဏာသိမ်းမှု ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဝေဖန်ရှုတ်ချ



ဘန်ကောက်တွင်စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၃ ရက်က လမ်းမပေါ်တွင် ကင်းလှည့်နေသည့် ထိုင်းစစ်သားများ (Athit Perawongmetha/REUTERS)
 
ထိုင်းတွင်စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာပြီး နှစ် ရက်မြောက်နေ့မှာပင် အာဏာ သိမ်းကြောင်း ကြေညာလိုက်၍ ကုလသမဂ္ဂ၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဂျပန်အပါအ၀င် နိုင်ငံ များစွာက ရှုတ်ချကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။
ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အာဏာသိမ်းမှုမှာ ‘‘မှန်ကန်သည့် အကြောင်းပြချက် မရှိဟု’’ ဆိုခဲ့ပြီး အမေရိကန်အနေ ဖြင့် ထိုင်းသို့ နှစ်နိုင်ငံသဘောတူ ထောက်ပံ့ရန်ရှိသည့် ဒေါ်လာ ၁၀ သန်းကို ရပ်ဆိုင်းထားနိုင်ကြောင်း ဆိုခဲ့သည်။
ထိုင်းစစ်တပ်သည် အင်္ဂါနေ့ တွင် နိုင်ငံရေးအကျပ်အတည်းကို ထိန်းသိမ်းနိုင်ရန် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း ဆိုခဲ့ပြီးနောက် နှစ်ရက်အကြာ ကြာသပတေးနေ့ တွင် အစိုးရနှင့် အတိုက်အခံဘက် မှ နိုင်ငံရေးခေါင်းဆောင်များအား လုံးကို ဆွေးနွေးပွဲလုပ်ရန် ဖိတ် ကြားခဲ့ပြီးနောက် ညနေပိုင်းမှာပင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် ကြီး ပရာရွတ်ချန်အိုချာက ရုပ်သံ တွင် အာဏာသိမ်းလိုက်ပြီဖြစ် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အာဏာသိမ်းမှု ကြောင့် အထူးစိုးရိမ်ကြောင်း ဆိုခဲ့ပြီး အရပ်ဘက်က အုပ်ချုပ် သည့် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ချက်ချင်းပြန်သွားရန် တိုက်တွန်း ခဲ့သည်။
‘‘ထိုင်းပြည်သူတွေနဲ့ ကာလ ရှည် မိတ်ဆွေဖြစ်လာမှုကို ကျွန် တော်တို့ တန်ဖိုးထားနေတဲ့အချိန် မှာပဲ ဒီလိုအပြုအမူမျိုးဟာ အမေ ရိကန်-ထိုင်း ဆက်ဆံရေးအတွက် အထူးသဖြင့် ထိုင်းစစ်တပ်နဲ့ ကျွန် တော်တို့ ဆက်ဆံရေးအတွက် အ နုတ်လက္ခဏာသဘောဆောင်ပါ တယ်’’ ဟု ကန်နိုင်ငံခြားရေးဝန် ကြီးက ပြောသည်။
ဗြိတိန်အစိုးရကလည်း ထိုင်း နိုင်ငံရေးတွင် ပါဝင်သူအားလုံးအ နေဖြင့် မတူကွဲပြားမှုများကို ဘေး ဖယ်ပြီး ဒီမိုကရေစီနှင့် တရား ဥပဒေစိုးမိုးရေး လိုက်နာဆောင် ရွက်သွားရန် တိုက်တွန်းခဲ့သည်။
ပြင်သစ်နှင့် ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးများက အာဏာသိမ်း မှုကို ရှုတ်ချခဲ့ပြီး ဂျပန်နိုင်ငံခြား ရေးဝန်ကြီးကလည်း အာဏာ သိမ်းမှုမှာ စိတ်ပျက်ဖွယ်ရာဖြစ် ကြောင်းဆိုခဲ့သည်။ အီးယူနိုင်ငံ ခြားရေး မူဝါဒအကြီးအကဲ ကက် သရင်း အက်ရှ်တန်က ထိုင်းတွင် ရွေးကောက်ပွဲများကို မြန်နိုင်သ မျှ အမြန်ဆုံးကျင်းပပေးရန် အ ရေးကြီးကြောင်းဆိုသည်။ အာ ဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ် သည့် စင်ကာပူကလည်း အထူးစိုး ရိမ်ကြောင်း သဘောထားထုတ် ပြန်ခဲ့သည်။
ရုပ်သံလိုင်းများ ထုတ်လွှင့်မှု ကို စစ်တပ်က ကန့်သတ်ခဲ့ပြီး ပြည်ပ အသံလွှင့်ဌာနများဖြစ် သည့် ဘီဘီစီ၊ စီအင်န်အင်န်နှင့် အခြားလိုင်းများမှာလည်း ပိတ်ပင် ထားခြင်း ခံခဲ့ရသည်။
သောကြာနေ့သတင်းများအ ရ ထိုင်းအာဏာသိမ်းစစ်တပ်အ ကြီးအကဲသည် ကိုယ့်ကိုယ်ကိုယ် ၀န်ကြီးချုပ်အဖြစ် သတ်မှတ် ကြောင်း ကြေညာခဲ့ပြီး နိုင်ငံရေး သမား ၁၁၄ ဦးကိုလည်း စစ်တပ် သို့လာရောက်သတင်းပို့ရန် ဆင့် ခေါ်ထားသည်။
လက်ရှိတွင် အာဏာသိမ်း ခံလိုက်ရသော ထိုင်းကြားဖြတ် ၀န်ကြီးချုပ်နှင့် အခြားအစိုးရအ ဖွဲ့ဝင်များမှာ မည်သည့်နေရာတွင် ရောက်နေသည်ကို မသိရသေး ပေ။
ထိုင်းတွင် ၁၉၃၂ ခုနှစ် စည်း မျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲ ချိန်မှစ၍ စစ်တပ်က အာဏာ သိမ်းရန် ကြိုးစားခြင်းနှင့် အာ ဏာသိမ်းခြင်းများ လုပ်ခဲ့သည့် အကြိမ်အရေအတွက်မှာ ယခုတစ် ကြိမ်နှင့်ဆိုလျှင် ၁၉ ကြိမ်ရှိပြီဖြစ် ကာ အစဉ်အလာအားဖြင့် ဘုရင့် ထံမှ အတည်ပြုချက်ဖြင့် အာဏာ သိမ်းမှုများ ဖြစ်ပွားလေ့ရှိသည် ဆိုသည်။
သို့သော် ယခုတစ်ကြိမ် အာဏာသိမ်းမှုကို နန်းတော်မှ ထောက်ခံခြင်း ရှိ၊ မရှိ မသိရ ကြောင်း သတင်းက ဆိုသည်။
—Ref: BBC/AFP
7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis