menu

Saturday 24 May 2014

အရှေ့ဘီးနှစ်ဘီးပါ မော်တော်ဆိုင်ကယ် မော်ဒယ်လ် အသစ်တစ်မျိုး မြိတ်ဈေးကွက် အတွင်းဝင်ရောက်



ရေလုပ်ငန်းများဖြင့် ဖွံ့ဖြိုး တိုးတက်လျက် ရှိသော မြိတ်မြို့တွင် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှ စ၍ မြို့တွင်း ၊ အနီးအနား မြို့များသို့ သွားလာရေး အတွက် မော်တော်ဆိုင်ကယ် များကို အဓိကထား သုံးစွဲ လာခဲ့ရာ မော်တော် ဆိုင်ကယ် အသစ်များလည်း နှစ်စဉ် ဈေးကွက် အတွင်း ဒီဇိုင်းစုံဖြင့် ၀င်ရောက်လျက် ရှိသည်။

ယခု မေလ အတွင်းတွင် ထိုင်းနိုင်ငံမှ ၀င်ရောက် လာသော 125CC TriCity Yamaha အမျိုးအစား မော်တော် ဆိုင်ကယ် ဒီဇိုင်းအသစ် တစ်မျိုး ၀င်ရောက် လာကြောင်း သိရသည်။ အဆိုပါ ဆိုင်ကယ်သည် အရှေ့တွင် ဘီးနှစ်ဘီး ပါကာ အော်တိုဂီယာ အမျိုးအစား ဖြစ်ပြီး အင်ဂျင်ပါဝါ 125 ဖြစ်သည်။ အင်ဂျင်စက်သံ ငြိမ့်ညောင်းပြီး ဓာတ်ဆီသုံး အင်ဂျင် ဖြစ်ကာ အရောင်အားဖြင့် အနီရောင် နှင့် အဖြူရောင် တို့ ဖြစ်သည်။

အဆိုပါ ဆိုင်ကယ် ကို မြိတ်မြို့ ၊ အမှတ်(၁) ကျောင်းလမ်း ၊ မြစ်ငယ်ရပ်ကွက် ရှိ Easy Rider Motobike Co., Ltd. ( HONDA Show Room ) တွင် လိုင်စင်ပါပြီး ငွေကျပ် ၂၆ သိန်းခန့်ဖြင့် ရောင်းချ ပေးလျက် ရှိကြောင်း သိရှိရသည်။ (ဇော်မျိုးနိုင်)

Themyawadydaily

1 comment:

  1. MGM Resorts Casino, New York, NY - Mapyro
    Find 서울특별 출장마사지 the closest casino to 대전광역 출장마사지 New York in New 문경 출장샵 York with Mapyro and other nearby landmarks. MGM Resorts, LLC, is a casino hotel 광주 출장안마 and destination 광명 출장마사지 developer of integrated resorts

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ShareThis