menu

Sunday 9 February 2014

ဟောင်ကောင်တွင် ပေါင် ၂ဝဝဝ ခန့်ရှိ ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးတစ်လုံး တွေ့ရှိ လူ ၁ဝဝဝ အား ဘေးကင်းရာသို့ ပြောင်းရွှေ့

Photo: ဟောင်ကောင်တွင် ပေါင် ၂ဝဝဝ ခန့်ရှိ ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးတစ်လုံး တွေ့ရှိ လူ ၁ဝဝဝ အား ဘေးကင်းရာသို့ ပြောင်းရွှေ့

ဟောင်ကောင်ကျွန်း Happy Valley တောင်ကြားရှိ Cosmo ဟိုတယ်အနီးတွင် မြေအောက် ဟိုတယ်ခန်း တစ်ခန်းကို တူးဖော်စဉ် ဒုတိယကမ္ဘာစစ် အတွင်းက မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် ဗုံးတစ်လုံးအား ဆောက်လုပ်ရေး အလုပ်သမားများက ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ၄င်းဟိုတယ်အနီးရှိ လူ ၁ဝဝဝ ကျော်အား ရဲတပ်ဖွဲ့က ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးသည် အလေးချိန်ပေါင် ၂ဝဝဝ၊ အရှည် ၆၇ လက်မနှင့် အချင်း ၂၄ လက်မရှိပြီး ၄င်းဗုံးတွင် တီအမ်တီယမ်း ပေါင် ၁ဝဝဝ ခန့် ပါဝင်ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ခဲ့သည်။

ထို့ပြင် ၄င်းဗုံးကို ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနောက် ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် မီတာ ၅ဝဝ အကွာရှိ ဟိုတယ်နှစ်ခုမှ လူ ၁ဝဝဝ ကျော်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေး နိုင်ခဲ့ကြောင်း သိရသည်။

(ဆင်ဟွာ)

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis