menu

Saturday 21 December 2013

၉၆၉ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့လျှင် ဦးဝီရသူက သားအမိလို သဘောထားကြောင်း မိန့်ကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၉၆၉ သံဃာအဖွဲ့ တွေ့ဆုံရန် ကြားဝင် ညှိနှိုင်းသူများက ပြုလုပ်ပေးလျက် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန် အတည်မပြု သေးကြောင်း ဒီဇင်ဘာလ ၁၉ရက်တွင် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်မှ ဆရာတော် ဦးဝီရသူက မြန်မာ သံတော်ဆင့်သို့ မိန့်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၉၆၉ သံဃာအဖွဲ့ကို စတင် ကမ်းလှမ်းခဲ့ခြင်း မဟုတ်ဘဲ ပြည်သူအချို့နှင့် အရေးပါသူဟု ယူဆရသူ လူတစ်စုက ကြားဝင်ကာ တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလိုတော်ပြည့် ဆရာတော်ပါမှသာလျှင် တွေ့ဆုံနိုင်မည် ဟူသော သတင်းစကား များလည်း ထွက်ပေါ်လျက် ရှိသည်။ …
၉၆၉ မန္တလေး အသင်းအဖွဲ့ဝင် ဦးဝီရသူက “ဦးဇင်းကို ချိတ်ပေးတဲ့ သူရှိတယ်။ အဲဒီဘက်က အတည်မပြုဘူး။ တကယ်လို့ တွေ့ဆုံရင်လည်း အလိုတော်ပြည့် ဆရာတော် ပါပါ၊ မပါပါ တွေ့လို့ရပါတယ်။ ဦးဇင်းတို့ကို တွေ့သင့်တယ်လို့ ထင်တဲ့ ပြည်သူတွေရော၊ သံဃာရောက အကြံပေး စီစဉ်ကြတာ ရပ်မိ ရပ်ဖလိုမျိုး တကယ်ကို အရာရောက်တဲ့ မိဘပြည်သူတွေ ပါပါတယ်။ ပြောဖို့က ခက်တယ်။ ဟိုဘက်ကလည်း အကြောင်း မပြန်သေးပါဘူး။ တွေ့မြင်ခဲ့ရင်လည်း ဘာမှတော့ စေ့စပ် ညှိနှိုင်းစရာတော့ မရှိပါဘူး။ ဒကာမကြီးကို ဒီမိုကရေစီရေးတို့၊ တရားဥပဒေ စိုးမိုးရေး ငြိမ်းချမ်းရေး တို့ဘက်မှ အားကိုး ပြီးသားပဲလေ။ အမျိုးသားရေးနဲ့ ပတ်သက်ပြီး လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေတွေ တင်ပြမယ်။ တကယ်တမ်း ပြောရရင် အမေလို အားကိုးခဲ့ပြီး သားအမိလို စိတ်ထားပါတယ်”” ဟူ၍ မိန့်ကြားခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံမှုနှင့် စပ်လျဉ်း၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်သို့ မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် မသိရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင် သို့ မေးမြန်းခဲ့ရာတွင်လည်း မိမိအနေဖြင့် မသိရှိသဖြင့် ဖြေကြားမှု မပြုလုပ်နိုင်ကြောင်း ပြန်လည် ပြောကြားခဲ့သဖြင့် အတည်ပြုချက် မရရှိခဲ့ပေ။
““ဒေါ်စုသာ သမ္မတဖြစ်သွားမယ် ဆိုလို့ရှိရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖရိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည် ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စုသမ္မတဖြစ်ရေးကို ကြိုးစားလို့ရတယ်။ ဒေါ်စုကို ရုပ်တုလိုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်””စသည်ဖြင့် နိုဝင်ဘာ ၂၉ ရက် ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်စဉ် ဆရာတော်ဦးဝီရသူက ထည့်သွင်း ဖြေကြားခဲ့သည်။
နွေးနွေး
MyanmarThanDawSint

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis