menu

Tuesday 8 October 2013

နှစ်တန်းကျောင်းသူလေးကို အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦး အမှုဖွင့်ခံရ


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၇ မိနစ်

ကော့မှူးမြို့နယ်တွင် နှစ်တန်းကျောင်းသူ ကလေးငယ်လေးကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲချက်ဖြင့် အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ယခုလ ၆ ရက်က အမှုဖွင့် တိုင်ကြားလိုက်သည်။

ယင်းနေ့ နံနက် ၁၀ နာရီအချိန်က မ---(၃၄)နှစ်၊ ခြံစိုက်၊ -----ကျေးရွာ၊ ကော့မှူးမြို့နယ် နေသူသည် နေအိမ်တွင် ရှိနေစဉ် သမီးငယ်ဖြစ်သူ အဓမ္မပြုကျင့်ရန် ကြံစည်ခံရမှုကို ယောင်းမဖြစ်သူက လာရောက် ပြောပြသဖြင့် စတင် သိရှိခဲ့ရသည်ဟု ရဲကို ထွက်ဆိုထားသည်။

သမီးဖြစ်သူ မ----(၈)နှစ်၊ ဒုတိယတန်းသူအား တစ်ရွာတည်းနေ ကို----(၃၄)နှစ်က သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည် သိရှိရသည်ဟုလည်း မိခင်ဖြစ်သူက ရဲကို ဆက်လက် ပြောပြထားသည်။


ထို့ကြောင့် ကျောင်းတက်နေသူ သမီးငယ်ကို နေအိမ်သို့ ခေါ်ဆောင်ပြီး မေးမြန်းရာတွင် အောက်တိုဘာ လ ၅ရက် ည ၈နာရီ အချိန်က ရွာလယ်ကားလမ်းတွင် ကို---နှင့် တွေ့ဆုံရာ အရက်မူးနေပြီး မုန့်ဖိုး(၂၅၀) ကျပ်ပေး၍ အိမ်သို့ လိုက်ပို့ခိုင်းသဖြင့် လိုက်ပို့ခဲ့သည်။ နေအိမ်ခြေရင်းအရောက်တွင် ကို---က တွန်းလှဲ၍ မဖွယ်မရာပြုလုပ်စဉ် ထွက်ပြေးခဲ့ရသည်ဟုလည်း မိခင်ဖြစ်သူပြောပြကြောင်း အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦသောင်းအေးထံသို့ အကြောင်းကြားပြီး ကို---အပေါ် အရေးယူပေးရန် ကလေးငယ်၏ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်ထားသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို ကော့မှူးရဲစခန်းက (ပ)၁၆၂/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီး စစ်ဆေးလျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားစွဲဆိုမည်ဟု တိုင်းရဲဌာနကလည်း ဆိုထားသည်။

ထို့ပြင် အသက် (၁၉)နှစ်အရွယ် ပိုလီယို ဝေဒနာရှင် မိန်းကလေးငယ်တစ်ဦးအား အသက် (၄၀)အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် အကြိမ်ကြိမ် ကြံစည်သည်ဟုဆိုပြီး တိုင်ကြားမှု တစ်ခုကိုလည်း အင်းစိန် ရဲစခန်းက အောက်တိုဘာ (၇)ရက်တွင် (ပ) ၁၀၆၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၇၆/ ၅၁၁ဖြင့် အရေးယူရန် ကျူးလွန်သူအား လိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis