menu

Friday 4 October 2013

Miss Universe 2013 ဆု မိုးစက်ဝိုင် ဆွတ်ခူး

Photo: Miss Universe 2013 ဆု မိုးစက်ဝိုင် ဆွတ်ခူး

ပန်းမြတ်ဇော် | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၈ မိနစ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် Miss Universe ပြိုင်ပွဲကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် အောက်တိုဘာလ ၃ ရက်ကကျင်းပရာ ဆုကို မိုးစက်ဝိုင်က ဆွတ်ခူးရရှိသွားသည်။

မြန်မာနိုင်ငံသည် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ယခုနှစ် ကျင်းပ သည့် ပြိုင်ပွဲတွင် Healthy Body, Beautiful Smile, Myanmar Heart စသော ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း
ဖြစ်သည်။

ယင်းပွဲတွင် ပဏာမ ရွေးချယ်ထားသူ အယောက် ၂၀ က မြန်မာဝတ်စုံ၊ ရေကူးဝတ်စုံ၊ ညနေခင်းပွဲတက် ၀တ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် ရေကူးဝတ်စုံဖြင့်ကိုယ်ဟန်ပြရာတွင် အမရာငြိမ်း၊ မေချစ်ပုံ၊ မိုးစက်ဝိုင်နှင့် နှင်းယမုံဦးတို့မှာ ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့ကြသည်။ ထို့နောက်တွင် Miss Universe Myanmar ပြိုင်ပွဲ၏ အခြားဆုများကို စတင်ကြေညာရာတွင် Miss Environment Award ကို မီရှယ်က လည်းကောင်း၊ Miss Healthy Body & Beautiful Skin Award နှင့် Miss Body Perfect Award ဆုကို မြတ်နှင်းဖြူက လည်းကောင်း၊ Miss Healthy Skin Award နှင့် အွန်လိုင်းမှ ပရိသတ်မဲပေးမှု အများဆုံး ရရှိသူဆု
ဖြစ်သည့် Miss Famous Award ကို မိုးစက်ဝိုင်ကလည်းကောင်း၊ Miss Photogenic Award ကို အေးချမ်းမိုးက လည်းကောင်း၊ Miss Beautiful Smile Award ကို မေချစ်ပုံတို့အားလည်းကောင်း ရွေးချယ်ကာ ချီးမြင့်ခဲ့သည်။

ထို့နောက်တွင် နောက်ဆုံးအဆင့် ရွေးချယ်ပွဲအား ကျင်းပရာ ပြိုင်ပွဲဝင်များထဲမှ ငါးဦးအား ထပ်မံရွေးချယ်ခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့မှ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းရာတွင် မိုးစက်ဝိုင်က Miss Universe 2013  ပြိုင်ပွဲ၌ ဆုရရှိခဲ့ပါက ဦးစွာ မိဘအား ကန်တော့မည်ဖြစ်ပြီး ကျန်ရှိငွေများအား မိဘမဲ့ကလေးများအတွက် ပဒေသာပင် စိုက်ထူသွားမည်ဖြစ်ကြောင်းကို ပြောဆိုသွားခဲ့သည်။

၎င်းနောက်Miss Universe Myanmar 2013 ကို မိုးစက်ဝိုင်ကဆွတ်ခူးခဲ့ပြီး 1st Runner Up ဆုကို အေးချမ်းမိုး၊ 2nd Runner Up ကို မြတ်နှင်းဖြူ၊ 3rd Runner Up  နှင်းယမုံဦးနှင့် 4th Runner Up ဆု မေချစ်ပုံတို့က အသီးသီးရရှိခဲ့သည်။ ဆုရရှိသော မိုးစက်ဝိုင်အား Miss Universe Myanmar 2013  စိန်သရဖူ၊ ဆုငွေကျပ်သိန်း ၁၀၀၊ Honda Fit ကားတစ်စီး၊ တစ်နှစ်တာ အခမဲ့ အလှပြင်ဆင်ခွင့်တို့ကို ပေးအပ်ချီး မြှင့်ခဲ့သည်။

“ရုရှမှာ သွားပြိုင်မယ့်ပွဲအတွက် ကြိုးစားရမှာတွေကတော့ အများကြီးရှိပါတယ်။ နိုင်ငံကိုယ်စားပြုသွားရမှာဖြစ်တဲ့ အတွက် ကိုယ့်ထက် အတွေ့အကြုံ ၀ါရင့်တဲ့သူတွေကို တိုင်ပင်ပြီး သူတို့ရဲ့ ညွှန်ကြားမှုအောက် မှာကျေကျေနပ်နပ် ခံယူပြီး ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု မိုးစက်ဝိုင်က ပြောကြားခဲ့သည်။

မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကိုလည်း ကြော်ငြာခဲ့သည်။ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်ပြီး အမေရိကန်နိုင်ငံတွင် B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး အဆိုပါနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

မိုးစက်ဝိုင်သည် နိုဝင်ဘာလ ၉ ရက်တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ မြန်မာ ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲသည် ကမ္ဘာ့အဆင့် ၁ ရှိ အလှမယ်ပြိုင်ပွဲဖြစ်ပြီး ၁၉၅၂ ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။ 
-------------------------------------------------------------
ပုံအညွှန်း - Miss Universe Myanmar 2013 ဆု ရရှိသွားသည့် မိုးစက်ဝိုင်ကို အခြား 1st Runner Up ဆုရှင် အေးချမ်းမိုး၊ 2nd Runner Up ဆုရှင် မြတ်နှင်းဖြူတို့နှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို) Miss Universe ပြိုင်ပွဲကို မြန်မာပြည်တွင် နှစ် ၅၀ အတွင်း ပထမဆုံးပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယခုဆုရရှိသွားသည့် မိုးစက်ဝိုင်သည် ရုရှနိုင်ငံသို့ နိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပန်းမြတ်ဇော် | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၈ မိနစ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် Miss Universe ပြိုင်ပွဲကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် အောက်တိုဘာလ ၃ ရက်ကကျင်းပရာ ဆုကို မိုးစက်ဝိုင်ကဆွတ်ခူးရရှိသွားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis