menu

Friday 4 October 2013

မြင်းရူးတစ်ကောင်မြင်မြင်သမျှ လိုက်ကိုက်နေ၍ တားဆီးရန်ကြိုးပမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခွေးရူးကိုက်ခံထားရသည့် မြင်းတစ်ကောင်ကို သက်ဆိုင်ရာ နယ်မြေခံ လုံထိန်းတပ်ဖွဲ့များက ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းနေသည်ဟု ဘုရင်နောင်ရဲစခန်းမှ သိရှိရသည်။
ကျွန်တော်တို့အဲ့ဒီမြင်းကို ဖမ်းဆီးနိုင်ဖို့အတွက် နယ်ထိန်းတပ်ဖွဲ့ဝင်တွေ လွှတ်ပြီးစုံစမ်းနေပါတယ်၊ မြင်းပိုင်ရှင်ကိုလည်း ရှာဖွေနေပါတယ် ” ဟု ဘုရင့်နောင်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
 အဆိုပါမြင်းမှာ သမိုင်းခုံးကျော်တံတာအနီးရှိ ရွှေထီးဟိုတယ်မှ မွေးမြူထားသည့် မြင်းဟု ပတ်ဝန်းကျင်က ပြောဆိုနေပြီး လွန့်ခဲ့သည့်ရက်က ခွေးရူး ကိုက်ခံခဲ့ရခြင်းကြောင့် မြင်းမှာအရိုင်းစိတ်ဝင်သွားပြီး လူနှင့်အရာဝတ္တုပစ္စည်းများအားလိုက်လံ ကိုက်ဖြတ်နေသည်ဟု ပတ်ဝန်းကျင်နေ ပြည်သူများထံမှ သိရှိရသည်။
အဲ့ဒီမြင်းကိုနေ့စဉ်တွေ့နေတာ သမိုင်းမြို့သစ်၊ ဘုရင့်နောင်၊အဲ့ဒီဝန်းကျင်မှာ နေ့စဉ်တွေ့နေရတယ်၊ ခွေးရူးကိုက်ခံရပြီးတော့ ကားတွေ လူတွေနဲ့ မြင်မြင်သမျှကိုလိုက်ကိုက်ဖို့ ကြိုးစားနေတာ တွေ့ရတယ် ဟု ဘုရင့်နောင်မြို့နယ်အတွင်းမှ တက္ကစီယာဉ် မောင်းတစ်ဦးက ပြောသည်။

အဆိုပါမြင်းမှာ သမိုင်းခုံးကျော်တံတားပတ်ဝန်းကျင်မှ ဗဟိုလမ်းအတိုင်း အထက်ဘက်သို့ ဦးတည်လာနေခြင်း ဖြစ်ကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။
မြင်းကို ခွေးရူးကိုက်ခံရရင်တော့ မြင်းရူးနိုင်ပါတယ်၊ မြင်းက နဂိုကတည်းက ယဉ်တဲ့မြင်းဆိုရင်တော့ အရူးစိတ်ဝင်သွားရင်တော့ မြင်သမျှကို အန္တရာယ်ပြုနိုင်တယ် ဟု မြွေဆိပ်ဖြေဆေးဌာနမှ အငြိမ်းစား ၀န်ထမ်းတစ်ဦးက မြင်းရူးနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားသည်။

Myit Ma Kha Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis