menu

Thursday 3 October 2013

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့် KIO တို့ အကြိုညှိနှိုင်း

ဖနိဒါ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၄ မိနစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နည်းပညာ အထောက်အကူပြု အဖွဲ့များဖြစ်သည့် အစိုးရနှင့် ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂ ရက်က ပြုလုပ်သည်။

မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးတွင် ပြုလုပ်သည့် ဆွေးနွေးမှုအတွင်း စစ်ပြေးဒုက္ခသည်များအရေး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ နိုင်ငံရေး ဆွေးနွေးမှုများတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စဟူ၍ အပိုင်းနှစ်ပိုင်း ဆွေးနွေးရန်နှင့် အထွေထွေကိစ္စများ ဆွေးနွေးရန် စသည့်အချက် ငါးချက် ဆွေးနွေးခဲ့ကြသည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

KIO မှ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက “နှစ်ဖက် တိုးတက်မှု အခြေအနေ၊ IDP ကိစ္စကို မူတခုကျအောင် လုပ်မယ်။ တပ်ပိုင်းဆိုင်ရာကိစ်္စမှာ Join Minitoring Committee ပါမယ်။ ဖွဲ့စည်းပုံပါမယ်။ တပ်နေရာ ဆွေးနွေး မယ်။
နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်သွားမယ် ဆိုတဲ့ထဲမှာ တစ်နိုင်လုံး အပစ်အခတ်ရပ်စဲ လက်မှတ်ထိုးမယ်ဆိုတာနဲ့ အခြားကိစ္စတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီချိန်ထိ တွေ့ဆုံဆွေးနွေးပွဲသို့ MPC မှ ဦးလှမောင်ရွှေ ဦးဆောင်သော ကိုယ်စားလှယ် များ၊ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး နိုင်အောင်တို့ အပါအ၀င် ခုနစ်ဦး တက်ရောက်ခဲ့ပြီး KIO ဘက်မှ ဗိုလ်မှူးကြီးလအောင် ဦးဆောင်သော ကိုယ်စားလှယ် ရှစ်ဦးတက်ရောက် ဆွေးနွေးခဲ့သည်။

အစိုးရတပ်၏ တပ်တည်နေရာပြမြေပုံနှင့်ပတ်သက်၍ လာမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အသေးစိတ်ဆွေးနွေးရန် အစိုးရဘက်မှ ပြောဆိုလာမှုကို KIO ကလည်း သဘောတူခဲ့ကြသည်ဟု ဆရာဒေါင်ခါးက
ပြောသည်။

လာမည့် နိုဝင်ဘာလအတွင်း တစ်နိုင်ငံ လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲသို့ KIO အနေဖြင့် တက်ရောက်ရန် ရှိမရှိအား မေးမြန်းမှုအပေါ် ယခုအချိ န် မပြောနိုင်သေးကြောင်း ဆရာဒေါင်ခါးက မဇိ္ဈမကို ပြော သည်။

“သူတို့ရဲက agenda ပေါ်မှာ မူတည်မှာပါ။ အခုအချိန်မှာ ဘာမှ မပြောချင်ပါဘူး။ ဒါက နိုင်ငံတကာအနေနဲ့ ညှိနှိုင်းနေ တဲ့ ကိစ္စ ဖြစ်တယ်။ တစ်နိုင်ငံလုံးအနေနဲ့ အထူးအလေးထားပြီးတော့လုပ်နေတဲ့ ကိစ္စဖြစ်တယ်။ ကေအိုင်အို အနေနဲ့ လည်း ဒါကို carefully watch လုပ်နေတယ်။ အခုအချိန်မှာ တစ်စုံတစ်ရာ feedback မပေးချင်ပါဘူး” ဟု သူက မဇိ္ဈမကို ပြောသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis