ရန်ကုန်၊ စက်တင်ဘာ ၂၂
ဖမ်းဆီးခံထားရသောအမျိုးသမီးခေါင်းဆောင်များဖြစ်သည့် ဒေါ်နော်အုန်းလှ၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်မိမိခိုင်တို့အား
ခြွင်းချက်မရှိ လွှတ်ပေးရေးအတွက် နိုင်ငံတော် သမ္မတကြီးထံ အမျိုးသမီး ဖိုရမ်ပြီးသည် နှင့်တပြိုင်နက် တင်ပြသွားမည်ဟု အမျိုးသမီးများ ကွန်ရက် ကော်မတီဝင် ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
“ကျွန်မတို့ အခု အစည်းအဝေးပြီးတာနဲ့ တပြိုင်နက် တက်ရောက်လာတဲ့ အမျိုးသမီးတွေ လက်မှတ်နဲ့အတူ နိုင်ငံတော် သမ္မတ ကြီးထံကို တင်ပြသွားမှာပါဟု ၎င်းက ပြောသည်။
အဆိုပါ အမျိုးသမီး ဖိုရမ်ကိုရွှေဂုံတိုင်တွင် စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ကြပြီး အမျိုးသမီးအဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းလမင်း
Popular Myanmar News

No comments:
Post a Comment