menu

Thursday 19 September 2013

ထောင်တွင်းအကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်းပန်းမှု မပြုလုပ်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ သတိပေးပြောကြား

Photo: ထောင်တွင်းအကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်းပန်းမှု မပြုလုပ်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ သတိပေးပြောကြား
========================================

 ထောင်အာဏာပိုင်များနှင့် အစိုးရ ဝန်ထမ်းများအနေဖြင့် ထောင်တွင်း အကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်း ပန်းမှု မပြုလုပ်ရန် သတိပေး လိုကြောင်း နိုင်ငံရေး အကျဉ်းသားများအဖွဲ့မှ ကိုညိုထွန်းက ပြောသည်။

၎င်းတို့အနေနှင့် ယခင် နှစ်နှစ် ဆယ်အတွင်း နိုင်ငံရေးအကျဉ်းသား အဖြစ် ကျခံစဉ် ရိုက်နှက်ညှဉ်းပန်းခံရမှု များရှိခဲ့ပြီး လက်ရှိတွင် ယင်းကဲ့သို့ အခြေ အနေများ ထပ်မံ မဖြစ်ပွားစေရန် အတွက် သတိပေးခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

ထို့ကြောင့် ၁၉၈၉-၁၉၉ဝ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်း သားများ သပိတ်တိုက်ပွဲ ၂၃ နှစ်ပြည့် ကိုလည်း ယခုလ ၂၅ ရက်နေ့တွင် အခမ်းအနားအဖြစ် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

”ဒီအခမ်းအနားကို အာဃာတ တစ်ခုအနေနဲ့ လုပ်တာမဟုတ်ပါဘူး။ တကယ်ဖြစ်ခဲ့တဲ့ အမှန်တရားတစ်ခုကြီး ကို အမှတ်ရစေဖို့ပါ” ဟု ကိုညိုထွန်းက စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် အခမ်းအနားကျင်းပရေး စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြား သည်။

အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ ထောင်တွင်း သပိတ် တိုက်ပွဲမှာ အင်းစိန်ထောင်သမိုင်းတွင် နိုင်ငံရေးအရ ထောင်တစ်ခုလုံးနီးပါး ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများအား ထောက်လှမ်းရေးနှင့် အင်းစိန်ထောင် ရှိ အစိုးရဝန်ထမ်းများမှရိုက်နှက် ညှဉ်း ပန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းအချိန်တွင်း အကျဉ်းကျ ခံခဲ့ရသူ အချို့က ရှင်းလင်းပွဲတွင် ပြောသည်။

ယင်းအတွက် အထိမ်းအမှတ် အခမ်းအနားတစ်ခု အဖြစ် ကျင်းပသွား မည်ဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့် ကိစ္စများ အပေါ် အစိုးရမှ တစ်စုံတစ်ရာအနေနှင့် လည်း ပြန်ဖြေရှ င်းပေးစေလိုခြင်း ပုံစံ မျိုးမရှိကြောင်း ကိုညိုထွန်းက ထပ် လောင်း ပြောသည်။

”နှိပ်စက်ညှဉ်းပန်းမှုတွေ မရှိဖို့ သတိပေးတဲ့အနေနဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်တာပါ။ ကျန်တဲ့ရည်ရွယ်ချက် မရှိ ပါဘူး” ဟု ၄င်းကဆိုသည်။

၁၉၈၉-၁၉၉ဝ ခုနှစ်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ဆန္ဒပြ အကျဉ်းသားဦးရေ ၁ဝဝဝ နီးပါးခန့်ရှိ ခဲ့ပြီး ယခုကျင်းပမည့် အထိမ်းအမှတ် အခမ်းအနားကို ပြန်လည် လွတ်မြောက် လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား များ နှင့် သေဒဏ်ချမှတ်ခံရပြီး ပြန်လည် လွတ်မြောက်လာသူများ ပူးပေါင်းကျင်းပ သွားမည် ဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်နေ့၌ ကော့ သောင်းအကျဉ်းထောင်တွင်း ဆူပူမှု များ ဖြစ်ပွားခဲ့ပြီး ဟင်္သာတအကျဉ်းထောင် ၌လည်း စက်တင်ဘာ ၁၄ ရက်နေ့တွင် တရားရင်ဆိုင် ဆဲ အကျဉ်းသားလေးဦး က အစာငတ်ခံ ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့သည်။

အောင်ထက် (NYK) ၊ သုတလင်း

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis