ဗုဒ္ဓဘာသာ အမှတ်တံဆိပ် အဖြစ်နဲ့ ၉၆၉ အမှတ်တံဆိပ် အသုံးပြုပြီး
လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဟာ နိုင်ငံတော်သံဃမဟာနယက အဖွဲ့ရဲ့
စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုတာကို ၉၆၉ လှုပ်ရှားမှုမှာ
ပါဝင်တဲ့ ရဟန်းသံဃာတော် အချို့က ပယ်ချလိုက်ပါတယ်။
၉၆၉ အမှတ်
တံဆိပ်ကို အသုံးပြုပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတာဟာ သံဃာမဟာနယက
အဖွဲ့ကထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ မကိုက်ညီဘူးဆိုပြီး သံဃမဟာနာယက
အဖွဲ့က သြဂုတ်လ တုန်းက ပြောဆိုပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ
ညွန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ဆရာတော်တစ်ပါးဖြစ်တဲ့
အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှ အရှင် တီလောကဘိဝံသကတော့
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေး
အကြမ်းဖက်မှုတွေ ဟာ ၉၆၉ လှုပ်ရှားမှုကြောင့် ဖြစ်တာ မဟုတ်ပဲ ၉၈၉
လှုပ်ရှားမှုဟာ အမျိုးဘာသာ သာသနာ နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာ
ဖြစ်တယ်လို့ အခုလို မိန့်ပါတယ်။
“ငြိမ်းချမ်းရေး လိုက်ဟောနေတဲ့
ကိုယ်အမျိုးဘာသာ သာသနာ ချစ်တတ်တဲ့ စိတ်တွေ လိုက်ပြီးဟောနေတာပါ။
သူများကို လိုက်ပြီး ပုတ်ခတ်တာတော့ မရှိသလောက်ပါပဲ။ နိုင်ငံတော်
သံဃာမဟာနာယက က မှုလထုတ်ပြန်ချက်က အဲဒီလောက်တောင်ရောက်ချင်မှာ
ရောက်မှာပါ။ နောင်ပိုင်းမှာ ဒီလှုပ်ရှားမှုကို လုပ်နေတာကို မလိုတဲ့
လူတွေ လိုက်ပြီး ဖွနေတဲ့ သဘောရှိပါတယ်။ သံဃာမဟာနာယကက မှုလ
၇ည်ရွယ်ချက် အဲဒီလောက်တောင် ၇ှိမယ်မထင်ပါဘူး”
မိမိတို့ရဲ့
အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ၉၆၉ အမှတ်တံဆိပ်ကို
မော်လမြိုင်ဘက်က သံဃာတော် အချို့က စတင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့
မိတ္ထီလာ၊ လားရှိုး၊ ရခိုင်ပြည်နယ် စတဲ့ နေရာဒေသတွေမှာ ဘာသာရေး
လူမျိုးရေးနဲ့ပတ်သက်ပြီး အဓိကရုန်းတွေ ဖြစ်လာပြီးတဲ့ နောက်မှာ ၉၆၉ ဟာ
ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်တဲ့ ကိစ္စဖြစ်တယ်ဆိုပြီးတော့
ပြောဆိုမှုတွေရှိလာပြီးတဲ့နောက်ပိုင်း ၉၆၉ လှုပ်ရှားမှုဟာ
သံဃာမဟာနာယကအဖွဲ့ရဲ့ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ထုတ်ပြန်ခဲ့တဲ့အကြောင်း
ရေဒီယို သြစတြေးလျ သတင်းထောက် ဝေစန္ဒာကျော်က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
No comments:
Post a Comment