menu

Tuesday 10 September 2013

“ကိုယ်တိုင်ရေးတဲ့ဇာတ်လမ်းမှာသရုပ်ဆောင်ဒါရိုက်တာလုပ်မယ့်လူမင်း”


လူမင်း၊နေတိုး၊၀တ်မူန်ရွှေရည်၊ရွှေမှူန်ရတီတို့ ပါဝင်သရုပ်ဆောင်မည့်
Anubis အနုးဘစ်အမည်ရ ရုပ်ရှင်ဇာတ်ကားအတွက်ဒီကနေ့ 
(စက်တင်ဘာ၉ရက်နေ့ )မှာ ရွှေတိဂုံစေတီတော်အထက်ပစ္စယံမှာ
ရုပ်ရှင်ဇာတ်ကားအတွက်ကန်တော့ပွဲပေးမင်္ဂလာပြုလုပ်ခဲ့ပြီး
မနက်ဖြန်(စက်တင်ဘာ၁၀ရက်နေ့ )မှာမင်းသားမင်းသမီးအစုံ
ပါဝင်ကာဇာတ်ကားစတင်ရိုက်ကူးခြင်းကန်တော့ပွဲပေးအခမ်းအနား
တစ်ရပ်ကိုပြုလုပ်၍ဇာတ်ကားကိုရိုက်ကူးတော့မှာဖြစ်ကြောင်းသိရ
သည်။ကိုယ်တိုင်ဇာတ်လမ်းရေးကာသရုပ်ဆောင်ဒါရိုက်တာလုပ်မည့်
အကယ်ဒမီလူမင်းက“Anubisရုပ်ရှင်ဇာတ်ကားကြီးကခေတ်ဆန်တဲ့
ဇာတ်ကားတစ်ကားပေါ့။လူငယ်တွေနဲ့ ကားကိစ္စလေးတွေကိုစိတ်ဝင်
စားဖွယ်ပြမှာပါ။ကားပြိုင်တာတွေပါမယ်။လျှို့ ဝှက်သည်းဖိုနဲ့ ထိတ်လန့် 
ခြောက်ခြားစရာတွေပါမယ်။”ဟုယနေ့ ခေတ်လူငယ်ပုံရိပ်နှင့်ကား
ပြိုင်ပွဲတွေကိုထင်ဟပ်မည့်ဇာတ်ကြောင်းဖြစ်ကြောင်းအရိပ်အမြွက်
ဆိုသလိုဇာတ်လမ်းအဖွင့်အရလူငယ်တွေနေရာတစ်နေရာ
မှာစုကြပြီးအကတွေက၊ကားပြိုင်ပွဲတွေလုပ်ကြမည့်အခန်းကို
စတင်ရိုက်ကူးသည့်နေ့ မှာပင်ရိုက်ကူးကြမှာဖြစ်ကြောင်းသိရသည်။

credit-ဧရာဝတီ လူမင်း/Carlosan Sketchbook/Egyptian God Anubis Stock Photos

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis