menu

Thursday 29 August 2013

ဦးပိန်တံတားပေါ်၌ ဧည့်သည်များကို နှောင့်ယှက်သူများအား အရေးယူ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်အတွင်းရှိ ဦးပိန်တံတားပေါ်တွင် နိုင်ငံခြားသား ခရီးသွား
ဧည့်သည်များ နှင့် ပြည်တွင်းမှ လာရောက် အနားယူ သူများကို စိတ်အနှောင့်အယှက်ဖြစ်စေ ရန်
ပြုမူပြောဆိုနေသူနှစ်ဦးအား တာဝန်ရှိသူများက ယခုလ ၂၃ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့
ရကြောင်းသိရသည်။

"အခုလို အရေးယူဆောင်ရွက်ရတာ ပထမဦးဆုံးအကြိမ်ပါပဲ။ ဧည့်သည်တွေကို စိတ်အနှောင့်
အယှက်ဖြစ်အောင် ပြုမူပြောဆိုနေတဲ့အတွက် ထိန်း သိမ်းပြီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲ ပြောင်း
ပေးသွားမှာပါ။ ဧပြီလ ၁ ရက် နေ့ကတည်းက တာဝန်ကျပြီး နိုင်ငံ ခြားဧည့်သည်တွေရဲ့ လိုအပ်
ချက်တွေ ကို ဆောင်ရွက်ပေးနေတာပါ" ဟု ဦးပိန် တံတားတွင် နိုင်ငံခြားသားဧည့်သည် များ
စောင့်ရှောက်ရန် တာဝန်ကျသူ ရဲတပ်ကြပ်ကြီး ထူးထူးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဦးပိန်တံတားတွင် နိုင်ငံခြားသားဧည်သည်များ စောင့်ရှောက်ရေးအတွက် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်
ခုနှစ်ဦး ထိထားရှိပြီး နေ့စဉ် နံနက်ပိုင်းမှ ညပိုင်း အထိ တာဝန်ယူထားရကြောင်း သိရ သည်။


"ကျွန်တော်တို့က အေးအေးဆေး ဆေးပဲ လာအနားယူကြတာပါ။ ဘေး နားလေးကနေ ကပ်ပြီး
တော့ ဘာတွေပြောနေလဲမသိဘူး။ အင်္ဂလိပ်လိုတွေ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော လျှောက်ပြောနေတာ။နောက်က နေလိုက်ပြီးတော့လည်း နှောင့်ယှက်တယ်။ အနီးနားက တာဝန်ကျရဲတွေ ကို အကြောင်းကြားပြီး ပြောလိုက်လို့ အခုလို အရေးယူ ဆောင်ရွက်သွားတာ ပါ"ဟု ဦးပိန်တံတားပေါ်တွင် စိတ် အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခံရသူ ၁၉ နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးကပြောသည်။

မန္တလေးမြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်များသည် ဦးပိန် တံတားသို့ မဖြစ်မနေ
လာရောက် အနားယူကြပြီး နေ၀င်ဆည်းဆာ အလှ များကို ဓာတ်ပုံရိုက်ရန်လည်း အပါ အ၀င်ဖြစ်
သည်။

ယခုကဲ့သို့ ၀ါဆို၊ ၀ါခေါင်လများတွင် ဦးပိန်တံတားတည် ရှိရာ တောင်သမန်အင်းမှာ ရေများ တိုး
လာသည့်အတွက် ပြည်တွင်းဧည့် သည်များပင် လာရောက် အပန်းဖြေအနားယူကြသည့်အတွက်
အထူးပင် စည်ကားလျက်ရှိသည်။

 စည်သူလွင် (မြန်မာတိုင်းမ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis