menu

Sunday 25 August 2013

မန္တလေး ကျုံးနံဘေးတွင် ဓားကိုင်ရမ်းကားသည့် အုပ်စုမှ တစ်ဦးလွတ်မြောက်နေ

မန္တလေး ကျုံးနံဘေးတွင် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့် လူငယ်တစ်ဦး လွတ်မြောက်နေကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ကျုံးနံဘေးတွင် ညပိုင်းအချိန် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့် ဆယ်ကျော်သက်လူငယ် ကိုးဦးကို သြဂုတ်၂၂ ရက်ညက သက်သေများရှေ့ ခေါ်ယူစတင် စစ်ဆေးခဲ့ရာ ကနဦး နှစ်ဦးမှ ကိုးဦးအထိရှိပြီး ယင်းအဖွဲ့မှ တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ဖမ်းဆီးနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

"တိုင်းရဲတပ်ဖွဲ့က ဦးစီးစုံစမ်း စစ်ဆေးနေတာပါ။ ကျွန်တော်တို့ စခန်းကို ၂၃ ရက် နေ့ခင်းကမှ လွှဲလိုက်တာပါ။ အသက် ၁၈ နှစ်အောက် လူငယ်လေးဦးပါလို့ သူတို့ကို ကလေးသူငယ် တရားရုံးမှာ ရမန်ယူပြီး လူငယ်ထိန်းသိမ်းရေး ကျောင်းမှာထားဖို့ လျှောက်ထားပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိကို အုန်းချောမှာ စစ်ဆေးခဲ့ပါပြီ။ သူတို့ကတော့ အရက်သောက်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်လေးဦးကိုတော့ လူငယ်ထိန်းသိမ်းရေး စခန်းမှာထားပြီး ကျန်တဲ့ငါးဦးကတော့ အမှတ် (၂) ရဲစခန်းမှာ ချုပ်ထားပါတယ်" ဟု အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အမှတ်(၄)ရဲစခန်းမှာ ဓားခုတ်မှုနှစ်မှု တိုင်ကြားထားတယ်။ အဲဒီအမှုတွေကလည်း သူတို့ကျူးလွန်ထားလားဆိုတာ စစ်ဆေးနေတုန်းပါ။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်ချက် အဖြေထွက်လာလို့ သုံးစွဲထားရင်တော့ မူးယစ်ဆေးဝါးမှုနဲ့ ထပ်စွဲသွားရမှာပေါ့ . . . . .

အုပ်စုဖွဲ့ ရမ်းကားသည့် ဖက်တီး(ခ)ချမ်းမြေ့သူ အပါအ၀င် ကိုးဦးကို အမှတ် (၂) နယ်မြေရဲစခန်းမှ (ပ) ၂၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆၊ အမှတ် (၈) မြို့မရဲစခန်း က (ပ)၁၂၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် ဆက်လက်စစ်ဆေး မှုများအရ ပြောင်းလဲစွဲဆို သင့်ပါက ထပ်မံစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

"နောက်ထပ် အမှတ်(၄)ရဲစခန်းမှာ ဓားခုတ်မှုနှစ်မှု တိုင်ကြားထားတယ်။ အဲဒီအမှုတွေကလည်း သူတို့ကျူးလွန်ထားလားဆိုတာ စစ်ဆေးနေတုန်းပါ။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်ချက် အဖြေထွက်လာလို့ သုံးစွဲထားရင်တော့ မူးယစ်ဆေးဝါးမှုနဲ့ ထပ်စွဲသွားရမှာပေါ့။ လောလောဆယ်တော့ နာကျင်စေမှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ စွဲထားတယ်" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဆိုသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis