menu

Tuesday 20 August 2013

ဝမ်းတွင်းတွင် ရန်ငြိုးကြောင့် ချစ်သူ သားအမိကို ဓားဖြင့် ထိုးသတ်

မန္တလေး၊ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု ရွာသာ (အနောက်) ကျေးရွာတွင် သြဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ချစ်သူ မိန်းကလေးနှင့် ၎င်းမိန်းကလေး၏ မိခင်ကို ရန်ငြိုးကြောင့် ဓားဖြင့် ထိုးသတ်မှု တစ်ခု ဖြစ်ပွားရာ သားအမိ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း ယင်းနယ်မြေ ရဲတပ်ဖွဲ့ စခန်းနှင့် ကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

“ည ၁၁ နာရီ ၃၀ မိနစ်လောက်က ဖြစ်တာ။ သားအမိ နှစ်ယောက်ကတော့ ပွဲချင်းပြီး သေတယ်။ တရားခံကတော့ ထွက်ပြေးတယ်” ဟု ယင်းဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ တရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်းနှင့် သေဆုံးသူ သားအမိ နှစ်ဦးအနက် သမီးဖြစ်သူ မမာမာသန်းတို့သည် သမီးရည်စား များ ဖြစ်ကြကာ လူငယ် သဘာဝ တွေ့ဆုံကြသည်ကို မမာမာသန်း၏ မိခင်ဖြစ်သူက ဇင်မင်းထွန်းကို ရိုက်နှက်မှုများ ရှိဖူးကြောင်း၊ ဇင်မင်းထွန်း သည် ယင်းရိုက်နှက်မှုကို အငြိုးအတေးထားကာ

မာမာသန်း (၂၂) နှစ်နှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်သန်းညွန့် (၅၈ နှစ်) တို့ကို ဓားဖြင့် ထိုးသွင်း သတ်ဖြတ်မှုများ ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ မာမာသန်းနှင့် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်သန်းညွန့်မှာ ဓားဖြင့် ထိုးသွင်း ဒဏ်ရာများကြောင့် နေရာ တွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကူမဲ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ တရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်းသည် ယနေ့အထိ ထွက်ပြေးနေဆဲဖြစ်ပြီး ယင်းတရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်း အသက် ၂၅ နှစ် (ဘ) ဦးကျော်ကြီးကို ကူမဲ ရဲစခန်းက (ပ) ၇၆/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ကူမဲ ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis