menu

Thursday 31 January 2013

မြန်မာရဲတပ်ဖွဲ့များက ဆန္ဒပြသူများကို ဖော့စ်ဖရပ်ဗုံးများ အသုံးပြုခဲ့ကြောင်း ရှေ့နေအဖွဲ့တစ်ဖွဲ့က ပြောကြားသည်ဟု နယူးယောက်တိုင်းမ်သတင်းစာဖော်ပြ

Photo: 

Thursday, 31 January 2013 04:20

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သံဃာတော်များနှင့် ရွာသူရွာသားများအား ပြင်းထန်သည့် မီးလောင်ဒဏ်ရာများ ဖြစ်ပေါ်စေခဲ့သော အကြမ်းဖက်ဖြိုခွင်းခဲ့သည့် အဖြစ်အပျက်အားစုံစမ်းစစ်ဆေးခဲ့သော ရှေ့နေအဖွဲ့တစ်ဖွဲ့က ရဲတပ်ဖွဲ့များသည် စစ်ပွဲ များတွင်သာ အသုံးပြုလေ့ရှိသည့် အဖြူရောင်ဖော့စ်ဖရပ် (phosphorus) များအား အသုံးပြုခဲ့ကြသည်ဟု လေ့လာသုံးသပ်ခဲ့ကြကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာလ၌ မြန်မာနိုင်ငံအလယ်ပိုင်းမှ အငြင်းပွားဖွယ်ဖြစ်သော ကြေးနီသတ္တုတွင်းအပြင်ဘက်တွင် ဆန္ဒပြခြင်းကို ဖြိုခွင်းခဲ့ပြီးနောက် ဒဏ်ရာရသော သံဃာတော်များ၏ ဓာတ်ပုံများ တစ်နိုင်ငံလုံး ပြန့်ပွားသွားပြီးသောအခါတွင် မြန်မာပြည်သူ လူထုများ အံ့သြထိတ်လန့်ခဲ့ကြရကြောင်း၊  ၂၀၁၁ ခုနှစ်တွင် အာဏာရလာခဲ့သော သမ္မတဦးသိန်းစိန်၏ အရပ်သားအစိုးရအဖွဲ့ကိုလည်း ယခင် စစ်အစိုးရလက်ထက်ကအတိုင်း ဖိနှိပ်ချုပ်ချယ်နည်းများကို အသုံးပြုခဲ့ကြသည့်အတွက် စိုးရိမ်မကင်းဖြစ်လာ ခဲ့ကြကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာရှေ့နေများနှင့် အမေရိကန် လူ့အခွင့်အရေး ရှေ့နေတစ်ယောက်သည် ဆန္ဒပြသူများက ဖြိုခွင်းခဲ့သောနေရာမှ သက်သေများကို စုဆောင်းခဲ့ကြကြောင်း ထိုသက် သေများတွင် ဆန္ဒပြသူများက ရဲတပ်ဖွဲ့များက ပစ်ခဲ့သည်ဟုဆိုသော သတ္တုဗုံးခွံလည်း ပါဝင်ကြောင်း ထိုသတ္တုဗုံးခွံကို ဘန်ကောက်မြို့ရှိ ပုဂ္ဂလိက ဓာတ်ခွဲခန်းသို့ စမ်းသပ်သည့်အခါတွင် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ထိုဗုံးခွံအထဲမှ အကြွင်းအကျန်များတွင် ဖော့စ်ဖရပ် (phosphorus)  အပြင်းစားများ ပါဝင်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုဗုံးခွံနှင့် ဓာတ်ခွဲခန်း အစီရင်ခံစာ၏ မိတ္တူစာရွက်ကို သတင်းထောက်တစ်ဦးအား ကြည့်ရှုခွင့်ပေးခဲ့ကြောင်း နယူးယောက် တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

'သူတို့တွေ ဖော့စ်ဖရပ်(phosphorus)  ပါတဲ့ လက်နက်ကို အသုံးပြုခဲ့တာ ကျွန်တော်တို့ သေချာပါတယ်။ သူတို့က ပြည်သူလူထုအားလုံးကို ဆန္ဒမပြကြဖို့ သတိပေးချင်ကြတယ်။ ပြည်သူတွေကို ခြိမ်းခြောက်ချင်ကြတယ်' ဟု အထက်မြန်မာပြည် ရှေ့နေကွန်ရက်မှ ဥပဒေကော်မတီခေါင်းဆောင် ဦးသိန်းသန်းဦးက ပြောကြားခဲ့ကြောင်းလည်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

အဖြူရောင်ဖော့စ်ဖရပ် (phosphorus) သည် စစ်ပွဲများတွင် အသုံးပြုလေ့ရှိကြသော်လည်း ရဲတပ်ဖွဲ့ များက သုံးလေ့မရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးအား ဆက်သွယ်သည့် အခါတွင် မည်သည့်လက်နက်ကို အသုံးပြုခဲ့သည်ဆိုသည်ကို ဖြေကြားရန် ငြင်းဆိုခဲ့ကြောင်း  နယူးယောက် တိုင်းမ်က ဖော်ပြခဲ့သည်။

စတော့ခ်ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနတက္ကသိုလ်၏ ဓာတုလက်နက်အစီအစဉ်မှ အကြီးတန်းသုတေသနပညာရှင် ဂျွန်ဟာ့တ်က ၁၉၉၃ နိုင်ငံတကာ သဘောတူညီချက်အရ အဖြူရောင်ဖော့စ်ဖရပ် (phosphorus) သည် “ဓာတုလက်နက်အဖြစ် မသတ်မှတ်ထားသော်လည်း '”ဓာတုပစ္စည်း၏ အဆိပ်လက္ခဏာမှ အသက်သေဆုံးခြင်း သို့မဟုတ် တခြားအန္တရာယ်များ ဖြစ်ပေါ်စေသည့်' အသုံးပြုမှုများကို တားမြစ် ထားပါကြောင်း၊ ဒဏ်ရာရသံဃာတော်များထဲမှ တစ်ပါးဖြစ်သော အရှင်သိက္ခာဉာဏသည် ခန္ဓာကိုယ်၏ ၄၀ ရာခိုင်နှုန်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ပြင်းထန်သောဒဏ်ရာများကို ကုသနိုင်ခြင်း မရှိသဖြင့် အစိုးရမှ ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြသည်။

အကြမ်းဖက် ဖြိုခွဲပြီး နှစ်လအကြာအထိ အရှင်သိက္ခာဥာဏသည် အတွင်းလူနာအဖြစ် ကုသလျက်ရှိကြောင်းအရှင်သိက္ခာဥာဏ၏ ဆေးရုံအခန်းတွင် ဗုဒ္ဓဟူးနေ့က အင်တာဗျူးခဲ့ရာတွင် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့များမှ လူစုခွဲဖို့ရောက်ရှိ လာခဲ့သည့်အချိန်ကို ပြန်လည်ပြောပြခဲ့ကြောင်း 'ကျွန်ုပ်ရဲ့ဘေးမှာ မီးလုံးတစ်လုံးတွေ့ပြီးတော့ ကျွန်ုပ်တစ်ကိုယ်လုံး မီးလောင်သွားတယ်။ မြေပေါ်မှာ လှိမ့်ပြီးတော့ မီးသတ်ဖို့ ကြိုးစားခဲ့ ရတယ်'ဟု အရှင်သိက္ခာဥာဏက ပြောခဲ့ကြောင်း နယူးယောက်တိုင်းမ်တွင် ဖော်ပြချက်အရ သိရသည်။

အရှင်သိက္ခာဥာဏကို ကုသပေးနေသော မီးလောင်ဒဏ်ရာအထူးကု ဒေါက်တာချက်ချိုင်ဖရွတ်ခ်စပွန်က သံဃာတော်သည် ပြင်းထန်သည့် မီးလောင်လွယ်သော အရာတစ်ခုခုဖြင့် မီးဟပ်ခံရသည့် ပုံပေါက်သည်ဟု ပြောသည်ဟုလည်း ဖော်ပြခဲ့သည်။

အရှင်သိက္ခာဉာဏရဲ့ ဒဏ်ရာဟာ ဒေါက်တာချက်ချိုင်ဖရွတ်ခ်စပွန်၏ ပြောကြားချက်အရ ထိုင်းတောင်ပိုင်း မငြိမ်သက်မှုအတွင်း ဗုံးဒဏ်ရာရခဲ့သော စစ်သားများ၏ ဒဏ်ရာနှင့် ဆင်တူသည်ဟု ပြောကြောင်း၊ မျက်ရည်ယိုဗုံးဆိုလျင် ဤလောက် ဒဏ်ရာမပြင်းထန်ဟု ဒေါက်တာချက်ချိုင်ဖရွတ်ခ်စပွန်က ဆိုကြောင်း၊ ကနဦးနိုင်ငံတွင်း သတင်းမီဒီယာများ၌ မြန်မာအစိုးရ အရာရှိများက ဆန္ဒပြသူများအား မီးခိုးဗုံးများဖြင့် ပစ်ခဲ့သည်ဟု ဆိုခဲ့ကြကြောင်းလည်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

ဆန္ဒပြသည့်နေရာတွင် တွေ့ရှိရသော ဆန္ဒပြဖြိုခွင်းရာတွင် အသုံးပြုခဲ့သော သတ္တုဗုံး၏အခွံများတွင် “smoke” ဟုရေးထားသော စာရွက်အပိုင်းများကို တွေ့ရှိရပြီး ယင်းသည် အမေရိကန်နိုင်ငံမှ ထုတ်လုပ်ဖူးသော လက်ပစ်မီးခိုးဗုံးနှင့် ပုံစံဆင်တူနေသည်ဟု အမည်မဖော်လိုသူ လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင်သည့် လုံခြုံရေးရာ ကျွမ်းကျင်သူနှင့် ဥရောပစစ်တပ်၏ ဗိုလ်မှူးအဆင့်ရှိ အရာရှိဟောင်းတစ်ဦးက ဆိုကြောင်း၊ ထိုကဲ့သို့သော မီးခိုးဗုံးများသည် ၅၅ပေပတ်လည်အတွင်း မီးလောင်ကျွမ်းစေသော အမှုန်များကို ထုတ်လွှတ်သည်ဟု ၎င်းက ပြောကြောင်း ဆန္ဒပြဖြိုခွင်းမှုကို စုံစမ်းစစ်ဆေးရာတွင် ကူညီပါဝင်ခဲ့သော အမေရိကန်မှ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ ရော်ဂျာနောမတ်က ရှေ့နေများ၏ အစီရင်ခံစာသည် နောက်ရက်အနည်းငယ်အတွင်း ထွက်မည်ဟု ပြောကြားခဲ့ကြောင်း နယူး ယောက်တိုင်းမ်တွင် ရေးသားထားသည်။

ရော်ဂျာနောမတ်က ထိုဗုံးခွံများကို ဘန်ကောက်မြို့ရှိ သြစတြေးလျ ကုမ္ပဏီပိုင် ALS ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ပြုလုပ်ခဲ့ပြီး ထိုဓာတ်ခွဲခန်းမှာ ဓာတုပစ္စည်းနမူနာများ စစ်ဆေးခြင်းကို အဓိကထားသော ဓာတ်ခွဲခန်းဖြစ်ကာ ရော်ဂျာနောမတ်နှင့် အင်တာဗျူးရာတွင် ၎င်းက ရဲတပ်ဖွဲ့က အသုံးပြုခဲ့သော လက်နက်မှာ တစ်ခါမှမတွေ့ဖူးသေးသော အလွန်အငွေ့ပျံလွယ်ပြီး အန္တရာယ်များလွန်းသည်ဟု ဆိုပါကြောင်း ရေးသားထားသည်။              

ရော်ဂျာနောမတ်နှင့် မြန်မာရှေ့နေများ၏ အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပို့ထားပြီးဖြစ်ကြောင်း အစိုးရက ကနဦးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်၏ အစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် ပြောကြားသော်လည်း ယင်းမှာ ယခုအခါ နောက်ကျနေကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ငါးရက်ကြာ တောင်ကိုရီးယား ခရီးစဉ်ကြောင့်လည်း ပိုပြီးနောက်ကျနိုင်ကြောင်း၊ ယင်းစီမံကိန်းဒေသရှိ ရွာသားများက အကြမ်းဖက်ဖြိုခွဲ ပြီးသည့်တိုင် နေရာရွေ့ပြောင်းမပေးရန် ဆုံးဖြတ်ထားကြကြောင်း၊ ရွာသူတစ်ဦးဖြစ်သူ အေးနက်က ဗုဒ္ဓဟူးနေ့တွင် ဖုန်းဖြင့် ပြောကြားရာ၌ အကြမ်းဖက်ဖြိုခွင်းမှုတွင် ထိခိုက်ခဲ့သော သူများအတွက် တရားမျှတမှု လိုချင်ကြောင်း ပြောကြားခဲ့ကြောင်း နယူးယောက်တိုင်းမ်၏ ရေးသားချက်များအရ သိရသည်။

Ref:NewYork Times

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
***********************************************************************************************
NewYork Times ၏ ဖော်ပြချက် ကိုလေ့လာနိင်ရန် အေးချမ်းမွန်ရှာဖွေတင်
ပြအပ်ပါသည်

Myanmar Police Used Phosphorus on Protesters, Lawyers Say
 
BANGKOK — A group of lawyers investigating a violent crackdown in Myanmar in November that left Buddhist monks and villagers with serious burns contends that the police used white phosphorus, a munition normally reserved for warfare, to disperse protesters.

Connect With Us on Twitter
Follow @nytimesworld for international breaking news and headlines.
Twitter List: Reporters and Editors
The suppression of a protest outside a controversial copper mine in central Myanmar on Nov. 29 shocked the Burmese public after images of critically injured monks circulated across the country. It also gave rise to fears that the civilian government of President Thein Sein, which came to power in 2011, was using the same repressive methods as the military governments that preceded it.

Burmese lawyers and an American human rights lawyer gathered material at the site of the protest, including a metal canister that protesters said was fired by the police. It was brought to a private laboratory in Bangkok, which found that residue in it contained high levels of phosphorus. Access to the canister and a copy of the laboratory report were provided to a reporter.

“We are confident that they used a munition that contained phosphorus,” said U Thein Than Oo, the head of the legal committee of the Upper Burma Lawyers Network, which helped investigate. “They wanted to warn the entire population not to protest. They wanted to intimidate the people.”

White phosphorus has many uses in war — as a smoke screen or incendiary weapon — but is rarely if ever used by police forces.

Reached on Wednesday, Zaw Htay, a director in the office of Mr. Thein Sein, declined to comment on what kind of weapon was used. “I can’t say,” he said. “I can’t answer.”

John Hart, a senior researcher at the Chemical Weapons Program of the Stockholm International Peace Research Institute, said by e-mail that although white phosphorus was not considered a chemical weapon under a 1993 international convention, it was banned from uses that “cause death or other harm through the toxic properties of the chemical.”

One of the monks injured at the protest, Ashin Tikhanyana, 64, has burns over 40 percent of his body and was flown to Bangkok by the government because Myanmar does not have the facilities to treat such a serious case.

Two months after the crackdown, Mr. Tikhanyana remains in intensive care. In an interview on Wednesday in his hospital room, Mr. Tikhanyana described the moment that the police came to disperse the crowds before dawn on Nov. 29.

“I saw a fireball beside me, and I started to burn,” he said. “I was rolling on the ground to try to put it out.”

Dr. Chatchai Pruksapong, a burn specialist treating Mr. Tikhanyana, said it appeared that the monk was seared with something “severely flammable.”

Mr. Tikhanyana’s wounds are similar to those Dr. Chatchai said he saw on soldiers injured by bomb blasts in Thailand’s southern insurgency.

“Tear gas would definitely not cause this kind of deep wound,” Dr. Chatchai said.

Myanmar government officials were initially quoted in the local news media as saying that police officers had thrown “smoke bombs” at protesters.

The canister found at the protest site appeared to have “smoke” stenciled on it and looks similar in appearance to smoke hand grenades once manufactured by the United States, said a security expert and former colonel in a European army who asked to remain anonymous because he has dealings in Myanmar. Such smoke grenades emit burning particles within a radius of about 55 feet, he said.

Roger Normand, the American human rights lawyer who helped investigate the crackdown, said a report from the lawyers would be released in the next few days.

Mr. Normand arranged to have the canister brought to the Bangkok laboratory, which is run by ALS, an Australian company that specializes in testing samples for their chemical content.

In an interview, Mr. Normand said it was “unheard-of” for highly volatile and dangerous weapons to be used by police forces. “This raises serious questions about who in the military chain of command could have given the order to use these weapons,” he said.

The report prepared by Mr. Normand and the Burmese lawyers has been submitted to Daw Aung San Suu Kyi, the Nobel laureate and opposition leader, who was appointed by the government soon after the crackdown to lead a separate, official commission of inquiry. The precise mandate of the commission is unclear, as is the timing of the release of the commission’s findings.

The government initially announced that the commission would report its work on Dec. 31, but that was delayed by a month. It may be further delayed because Ms. Aung San Suu Kyi is on a five-day visit to South Korea.

The controversy over the copper mine centers on the government’s effort to relocate villagers in order to expand the mine, which is co-owned by a Chinese company and the Burmese military. The government ordered the dispersal of protesters after several months of intermittent demonstrations. The controversy received widespread coverage in the Myanmar media partly because land rights have become a major issue as the country opens up to the world.

But it is a measure of the villagers’ resolve that even after the violent crackdown they say they are refusing to back down. Aye Net, a villager who has helped lead the protest movement, said Wednesday by telephone that villagers were calling for “justice for all those wounded in the crackdown.”

“And we still want the total abolition of the project,” she said.

Wai Moe contributed reporting from Yangon, Myanmar, and Poypiti Amatatham from Bangkok.

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis