menu

Thursday 31 January 2013

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄၁)လုံး ပျက်စီးဆုံးရှုံး

နေပြည်တော်၊ ဇန်န၀ါရီ ၃၁

၃၀-၁-၂၀၁၃ ရက်နေ့ ၁၄၄၅ အချိန်မှ ၁၅၃၀ အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တာပွန်ကျေးရွာအုပ်စု၊ တာပွန်ကျေးရွာရှိ ၃ ပင် ပတ်လည် သက္ကယ်မိုးထရံကာ နေအိမ် ၁၁ လုံး၊ ၃ ပင်ပတ်လည် သွပ်မိုးထရံကာပျဉ်ခင်းနေအိမ် ၁၈ လုံး ပြိုလဲ ပျက်စီးခဲ့သည်။ ထို့ပြင် ချောင်းသုံးခွကျေးရွာအုပ်စု၊ ညောင်ငုတ်တိုကျေးရွာရှိ ၃ ပင်ပတ်လည် သွပ်မိုး ထရံကာ

ပျဉ်ခင်း နေအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ၃ ပင်ပတ်လည် သွပ်မိုးထရံကာပျဉ်ခင်းနေအိမ် ၃ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း၊ ဇီးပင်ကွေ့ကျေးရွာအုပ်စု၊ ချောင်းကန်းရွာနှင့် စမ်းချောင်းရွာတို့ရှိ သက္ကယ်မိုးထရံကာနေအိမ် ၈ လုံးမှာလည်း အမိုးလန် ပျက်စီးခဲ့သဖြင့် စုစုပေါင်း ပြိုလဲနေအိမ် ၃၀ လုံး၊ အမိုးလန်နေအိမ် ၁၁ လုံး၊ တန်ဘိုးငွေကျပ်(၄၈၈၀၀၀၀ိ/-) ပျက်စီးဆုံးရှုံးခဲ့သည်။

အခင်းဖြစ်နေရာသို့ တာပွန်ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များသွားရောက်၍ ပြိုကျပျက်စီးသည့်နေအိမ်များမှမိသားစုများအား နီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ထိုနေ့ ၁၆၄၀အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်တွင် လေပြင်းတိုက်ပြီး မိုးရွာသွန်း မှုကြောင့် တောင်ငူမြို့၊ (၁၁)ရပ်ကွက်၊ ဆရာဖြေလမ်းနေ ဦးမောင်အေး(၅၂)နှစ်၏ နေအိမ်ခြံဝင်း အပြင်ဘက်ရှိ လုံးပတ် ၄ ပေခန့် မန်ကျည်းပင်မှာ အနီးရှိ ကွန်ကရစ်ဓါတ်တိုင်ပေါ်သို့ လဲကျခဲ့သဖြင့် တန်ဘိုးငွေကျပ် (၄၅၀၀၀ိ/-)ဆုံးရှုံးခဲ့ကြောင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ပြုပြင်လျက်ရှိသည်။
ထို့အတူ တောင်ငူမြို့၊ (၂၃)ရပ်ကွက်၊ တောင်ငူ-သံတောင်ကားလမ်းဘေးရှိ လုံးပတ် ၁ ပေ ဗန်ဒါပင်မှသစ်ကိုင်းများ အနီးရှိဓါတ်ကြိုးများပေါ်သို့ကျိုးကျခဲ့၍ ဓါတ်ကြိုးများပြုတ်ကျခဲ့သဖြင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြုပြင်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis