အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့ အငြင်းပွား လျက်ရှိသော ကက်ရှ်မီးယား
ဒေသအတွင်း မကြာသေး မီက ဖြစ်ပွား ခဲ့ပြီးနောက် နယ်စပ်ဒေသ တစ်လျှောက်
အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု တစ်ခု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Hina Rabbani Khar က အိန္ဒိယ
နိုင်ငံခြားရေး ဝန်ကြီးသို့ ကက်ရှ်မီးယား ဒေသတွင်း အခြေအနေ တင်းမာမှုများအား
ထိန်းသိမ်း ဖြေရှင်းပေး နိုင်ရေး ဆွေးနွေး ပြုလုပ်ရန် တောင်းဆိုပြီးနောက်
ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပါ သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း အိန္ဒိယ ဗိုလ်ချုပ်ကြီး Vinad Bhatia နှင့်
ပါကစ္စတန် ဗိုလ်ချုပ်ကြီး Ashfaq Nadeem တို့ကြား တယ်လီဖုန်းဖြင့်
ဆက်သွယ်ပြော ဆို၍ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း
သိရှိရပါသည်။ ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ကက်ရှ်မီးယား ဒေသရှိ အိန္ဒိယ-ပါကစ္စတန်
နယ်စပ် မျဉ်းတစ်လျှောက်တွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ အပြန်အလှန်
ပစ်ခတ်မှုများကြောင့် ပါကစ္စတန် စစ်သည် ၃ ဦးနှင့် အိန္ဒိယစစ်သည် ၂ ဦး
သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယ စစ်သည် တစ်ဦးမှာ ခေါင်းဖြတ်ခြင်း
ခံခဲ့ရကြောင်း သိရှိရပါသည်။
http://www.myawady.net.mm/ allnews/global/item/ 4812-2013-01-19-11-14-05#.UPuAX 528B8E
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Hina Rabbani Khar က အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးသို့ ကက်ရှ်မီးယား ဒေသတွင်း အခြေအနေ တင်းမာမှုများအား ထိန်းသိမ်း ဖြေရှင်းပေး နိုင်ရေး ဆွေးနွေး ပြုလုပ်ရန် တောင်းဆိုပြီးနောက် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပါ သည်။ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း အိန္ဒိယ ဗိုလ်ချုပ်ကြီး Vinad Bhatia နှင့် ပါကစ္စတန် ဗိုလ်ချုပ်ကြီး Ashfaq Nadeem တို့ကြား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြော ဆို၍ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ကက်ရှ်မီးယား ဒေသရှိ အိန္ဒိယ-ပါကစ္စတန် နယ်စပ် မျဉ်းတစ်လျှောက်တွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ပါကစ္စတန် စစ်သည် ၃ ဦးနှင့် အိန္ဒိယစစ်သည် ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယ စစ်သည် တစ်ဦးမှာ ခေါင်းဖြတ်ခြင်း ခံခဲ့ရကြောင်း သိရှိရပါသည်။
http://www.myawady.net.mm/
No comments:
Post a Comment