menu

Sunday 20 January 2013

“အကယ်ဒမီရွှေစင်ရုပ် တုရှိရွှေကြယ်ကို လှူဒါန်းလိုက်သူ အကယ်ဒမီ ချစ်စနိုးဦး”


Photo: “အကယ်ဒမီရွှေစင်ရုပ် တုရှိရွှေကြယ်ကို လှူဒါန်းလိုက်သူ အကယ်ဒမီ ချစ်စနိုးဦး”

၂ဝ၁၁ခုနှစ် အတွက် အမျိုး သမီး ဇာတ်ပို့ အကယ်ဒမီ ထူးချွန်ဆု ရရှိခဲ့တဲ့ ချစ်စနိုးဦးက ဆုရတဲ့ အမှတ်တရ အဖြစ် အကယ်ဒမီရွှေ စင်ရုပ်တုရဲ့ ထိပ်က ရွှေကြယ်ကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းလို့ ရအောင် အလိုတော်ပြည့် ဆရာတော် ဘဒ္ဒန္တအရိယဝံသထံ ဇန်နဝါ ရီ၁၂ရက်နေ့၊ မနက်၉နာရီခွဲက သွား ရောက်လှူဒါန်းခဲ့ပါတယ်။ 

အခုလို လှူဒါန်းမှုကို အကယ်ဒမီဆု မရခင် ကတည်းက အဓိဋ္ဌာန်ခဲ့တာဖြစ်ပြီး ရရှိခဲ့တဲ့အတွက် လှူဒါန်းဖြစ်တာလို့ လည်း ပြောပြပါတယ်။ လှူဒါန်းမှုက ပရိသတ်တွေအတွက်ပါ ကုသိုလ် ရအောင် ရည်စူးပြီး လှူဒါန်းဖြစ်ပုံကို ချစ်စနိုးဦးက 
“ဒီနေ့လှူဖြစ်တာက အကယ်ဒမီပေးပွဲ မတိုင်ခင်ကတည်းက အလိုတော်ပြည့် ဆရာတော်ဘုရားကြီးနဲ့ ပုဂံအလိုတော်ပြည့်ဘုရားဖူး သွားပြီးတော့ အဓိဋ္ဌာန် လုပ်ဖြစ်ခဲ့တယ်။ ဆရာတော်ကတော့ ပြောတယ်။ ဒီဆုက ပထမဦးဆုံး ရတဲ့ဟာ ဖြစ်တဲ့အတွက် မလှူပါနဲ့လို့ ပြောပေမယ့်လည်း စနိုးရဲ့ပရိသတ်တွေ အတွက်ရော၊ မိသားစုအတွက်ပါ ကုသိုလ်ကောင်းမှုလေး လုပ်ချင်တဲ့ စိတ်လေးနဲ့ လှူဖြစ်သွားတယ်။ လှူဖြစ်တာကလည်း အကယ်ဒမီ ရွှေစင် ရုပ်တုရဲ့ ထိပ်ကကြယ်လေးက ရွှေ၂ကျပ်သားလောက် ရှိတယ်။   ဆုမရခင် ကတည်းကလည်း ဆုရလာရင် လှူဖို့ကို စိတ်ကူးထားတယ်။ လှူတဲ့အချိန်မှာ လည်း ဘယ်နေရာ မှာပဲ သုံးသုံး အကုန်လုံးကို ကောင်း စေချင်တဲ့ စိတ်ထားပြီးတော့ လှူလိုက်တယ်။ ဆရာတော်ဘယ်နေရာမှာပဲ သုံးသုံး၊ ထီးတော်တင်တာပဲ ဖြစ်ဖြစ်၊အဆင်ပြေမယ့် နေရာမှာသုံးလို့ ရအောင် လှူဖြစ်တယ်။ စနိုးအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အရာ တစ်ခုကို ကိုယ့်မိသားစု အတွက်ရော၊ ထမင်းရှင် ဖြစ်တဲ့ ပရိသတ် အတွက် ပါ ရည်စူးပြီး လှူတာ ဖြစ်တဲ့အတွက် စနိုးရဲ့ ပရိသတ်တွေ အားလုံး လည်းသာဓုခေါ်နိုင်ကြပါ စေလို့ဆုတောင်းပြီးတော့ လှူဖြစ်တယ်”လို့ လှူဒါန်းမှုနဲ့ပတ်သက်ပြီး ပြောပြပါ တယ်။ 

အကယ်ဒမီရွှေစင်ရုပ်တုက ကြယ်ကို လှူဒါန်းလိုက်တဲ့ အတွက် ရုပ်တုက ကြယ်နေရာမှာ အစားထိုး ဖို့အတွက် ကြယ်ကိုလည်း အစား ထပ်လုပ်ပြီး ရုပ်တုကို အိမ်ရှေ့ ဧည့် ခန်းမှာထားထားမယ်လို့လည်း ရုပ် တု အကြောင်းပြောပြတာကြောင့် 
“ရွှေစင်ရုပ်တုကရွှေစင်ကြယ်ကို လှူမယ်ဆိုတော့ ကိုခန့်က ဦးစီးပြီးတော့ လုပ်ပေးတယ်။ ဦးပီအောထွန်းရင်ဆီ မှာပဲ ဒီအရုပ်လေးကို သွားပြန်အပ် လိုက်ပြီးတော့ ရွှေစင်ကြယ်ကိုတော့ ဖြုတ်ပြီးလှူလိုက်တယ်။ ရွှေစင် ကြယ် နေရာလေးမှာ ကြေးကြယ်လေး နောက်တစ်ခု ပြန်တပ်ဖို့ အပ်ထား တယ်။အခုထိတော့ ရုပ်တုက ပြန်မရ သေးဘူး။ အပ်ထားတုန်းပဲ ပြန်ရလာ ရင်တော့ဧည့်ခန်းမှာပဲမှန်ပေါင်လေးနဲ့ သေချာလေးထားဖို့ စိတ်ကူးထား တယ်”လို့ ပြောပါတယ်။

ချစ်စနိုးဦးကို နောက်ကနေလိုက်ပြီး ပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်စူဆန် ကလည်း သမီးဖြစ်သူကဒီလိုအကယ်ဒမီဆု ရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ် ရသလို၊ ဒီလိုကြယ်စင် လှူဒါန်းမှုအတွက် သမီးကိုယ်စား တအားဝမ်းသာ ရပါတယ်လို့လည်း ပီတိစကားဆိုခဲ့ပါတယ်။ ချစ်စနိုးဦးက အကယ်ဒမီ ဂုဏ်ပြုပွဲ ကိုတော့ ဇန်နဝါရီ၂ဝ ရက် နောက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်နေ တယ်လို့လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်၊လွင်လွင်ထွန်း
၂ဝ၁၁ခုနှစ် အတွက် အမျိုး သမီး ဇာတ်ပို့ အကယ်ဒမီ ထူးချွန်ဆု ရရှိခဲ့တဲ့ ချစ်စနိုးဦးက ဆုရတဲ့ အမှတ်တရ အဖြစ် အကယ်ဒမီရွှေ စင်ရုပ်တုရဲ့ ထိပ်က ရွှေကြယ်ကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းလို့ ရအောင် အလိုတော်ပြည့် ဆရာတော် ဘဒ္ဒန္တအရိယဝံသထံ ဇန်နဝါ ရီ၁၂ရက်နေ့၊ မနက်၉နာရီခွဲက သွား ရောက်လှူဒါန်းခဲ့ပါတယ်။

အခုလို လှူဒါန်းမှုကို အကယ်ဒမီဆု မရခင် ကတည်းက အဓိဋ္ဌာန်ခဲ့တာဖြစ်ပြီး ရရှိခဲ့တဲ့အတွက် လှူဒါန်းဖြစ်တာလို့ လည်း ပြောပြပါတယ်။ လှူဒါန်းမှုက ပရိသတ်တွေအတွက်ပါ ကုသိုလ် ရအောင် ရည်စူးပြီး လှူဒါန်းဖြစ်ပုံကို ချစ်စနိုးဦးက
“ဒီနေ့လှူဖြစ်တာက အကယ်ဒမီပေးပွဲ မတိုင်ခင်ကတည်းက အလိုတော်ပြည့် ဆရာတော်ဘုရားကြီးနဲ့ ပုဂံအလိုတော်ပြည့်ဘုရားဖူး သွားပြီးတော့ အဓိဋ္ဌာန် လုပ်ဖြစ်ခဲ့တယ်။ ဆရာတော်ကတော့ ပြောတယ်။ ဒီဆုက ပထမဦးဆုံး ရတဲ့ဟာ ဖြစ်တဲ့အတွက် မလှူပါနဲ့လို့ ပြောပေမယ့်လည်း

စနိုးရဲ့ပရိသတ်တွေ အတွက်ရော၊ မိသားစုအတွက်ပါ ကုသိုလ်ကောင်းမှုလေး လုပ်ချင်တဲ့ စိတ်လေးနဲ့ လှူဖြစ်သွားတယ်။ လှူဖြစ်တာကလည်း အကယ်ဒမီ ရွှေစင် ရုပ်တုရဲ့ ထိပ်ကကြယ်လေးက ရွှေ၂ကျပ်သားလောက် ရှိတယ်။ ဆုမရခင် ကတည်းကလည်း ဆုရလာရင် လှူဖို့ကို စိတ်ကူးထားတယ်။ လှူတဲ့အချိန်မှာ လည်း ဘယ်နေရာ မှာပဲ သုံးသုံး အကုန်လုံးကို ကောင်း စေချင်တဲ့ စိတ်ထားပြီးတော့ လှူလိုက်တယ်။ ဆရာတော်ဘယ်နေရာမှာပဲ သုံးသုံး၊ ထီးတော်တင်တာပဲ ဖြစ်ဖြစ်၊အဆင်ပြေမယ့် နေရာမှာသုံးလို့ ရအောင် လှူဖြစ်တယ်။ စနိုးအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အရာ တစ်ခုကို ကိုယ့်မိသားစု အတွက်ရော၊ ထမင်းရှင် ဖြစ်တဲ့ ပရိသတ် အတွက် ပါ ရည်စူးပြီး လှူတာ ဖြစ်တဲ့အတွက် စနိုးရဲ့ ပရိသတ်တွေ အားလုံး လည်းသာဓုခေါ်နိုင်ကြပါ စေလို့ဆုတောင်းပြီးတော့ လှူဖြစ်တယ်”လို့ လှူဒါန်းမှုနဲ့ပတ်သက်ပြီး ပြောပြပါ တယ်။

အကယ်ဒမီရွှေစင်ရုပ်တုက ကြယ်ကို လှူဒါန်းလိုက်တဲ့ အတွက် ရုပ်တုက ကြယ်နေရာမှာ အစားထိုး ဖို့အတွက် ကြယ်ကိုလည်း အစား ထပ်လုပ်ပြီး ရုပ်တုကို အိမ်ရှေ့ ဧည့် ခန်းမှာထားထားမယ်လို့လည်း ရုပ် တု အကြောင်းပြောပြတာကြောင့်
“ရွှေစင်ရုပ်တုကရွှေစင်ကြယ်ကို လှူမယ်ဆိုတော့ ကိုခန့်က ဦးစီးပြီးတော့ လုပ်ပေးတယ်။ ဦးပီအောထွန်းရင်ဆီ မှာပဲ ဒီအရုပ်လေးကို သွားပြန်အပ် လိုက်ပြီးတော့ ရွှေစင်ကြယ်ကိုတော့ ဖြုတ်ပြီးလှူလိုက်တယ်။ ရွှေစင် ကြယ် နေရာလေးမှာ ကြေးကြယ်လေး နောက်တစ်ခု ပြန်တပ်ဖို့ အပ်ထား တယ်။အခုထိတော့ ရုပ်တုက ပြန်မရ သေးဘူး။ အပ်ထားတုန်းပဲ ပြန်ရလာ ရင်တော့ဧည့်ခန်းမှာပဲမှန်ပေါင်လေးနဲ့ သေချာလေးထားဖို့ စိတ်ကူးထား တယ်”လို့ ပြောပါတယ်။

ချစ်စနိုးဦးကို နောက်ကနေလိုက်ပြီး ပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်စူဆန် ကလည်း သမီးဖြစ်သူကဒီလိုအကယ်ဒမီဆု ရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ် ရသလို၊ ဒီလိုကြယ်စင် လှူဒါန်းမှုအတွက် သမီးကိုယ်စား တအားဝမ်းသာ ရပါတယ်လို့လည်း ပီတိစကားဆိုခဲ့ပါတယ်။ ချစ်စနိုးဦးက အကယ်ဒမီ ဂုဏ်ပြုပွဲ ကိုတော့ ဇန်နဝါရီ၂ဝ ရက် နောက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်နေ တယ်လို့လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်၊လွင်လွင်ထွန်း
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis