menu

Thursday 24 January 2013

ဆိုင်ကယ်ဖြင့် ၀င်တိုက်မိသော်လည်း ရဲနှစ်ဦးထွက်ပြေး

လားရှိုး၊ ဇန်နဝါရီ၊ ၂၄။

ရှမ်းပြည်မြောက်ပိုင်း၊လားရှိုးမြို့၌ ယနေ့နေ့လယ် ၁၂း ၃၀ အချိန်တွင် ရဲဝန်ထမ်းနှစ်ဦးသည် ဆိုင်ကယ်ဖြင့် အရပ်သားဆိုင်ကယ်သမား(၁)ဦးအား ၀င်တိုက်ပြီးထွက်ပြေးသွားကြောင်း ဆိုင်ကယ်တိုက်မိသူထံမှ သိရသည်။

လားရှိုးမြို့ခရိုင်အုပ်ချုပ်ရေးလမ်း မြို့နယ်ရဲဝန်ထမ်းအိမ်ရာအရှ့တွင်
မောင်ကောင်းထက်ဆိုသူသည် ညာလမ်းမောင်းစနစ်ဖြင့် မောင်းလာစဉ် မြို့နယ်ရဲဝန်ထမ်းအိမ်ရာရှေ့ အရောက်တွင် အနောက်မှ ရဲနှစ်ယောက်
စီးလာသော ဆိုင်သည် ၎င်းအား ရုတ်တရက် ကျော်တက်ရာ ဆိုင်ကယ်ခြင်း မလွတ်ဘဲ ဖြတ်တိုက်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။


မောင်ကောင်းထက်သည် မိမိဆိုင်ကယ်လက်ကိုင်ရိုးနှင့် ၀ဲဘက်
နံစောင်းထိခိုက်ခြင်း၊ လှဲကျသွားခြင်းကြောင့် ခြေ၊ လက်၊ ဒူးဒဏ်ရာများရရှိသွားကြောင်းမြင်တွေ့သူများက ပြောကြသည်။

ဆိုင်ကယ်တိုက်၍ ထွက်ပြေးသွားသူများသည် အပ်ါပိုင်း
အရပ်ဝတ်အင်္ကျီဝတ်ထားပြီး အောက်ပိုင်းရဲဘောင်းဘီ
ဝတ်ထားသော ရဲဝန်ထမ်းများ ဖြစ်ကြောင်း မျက်မြင်
သက်သေများက ပြောကြသည်။

အခင်းဖြစ်ပွားရာတွင် ခတ္တအကြာ၌ ယာဉ်ထိန်းရဲများရောက်လာပြီး ဒဏ်ရာရ မောင်ကောင်းထက်နှင့် နီးစပ်ရာ သက်သေများကို ကားပေါ်ခေါ်ဆောင်၍ ဆေးရုံသို့ဆေးကုသ စစ်ဆေးရန်
ခေါ်သွားကြောင်းသိရသည်။

ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဌာနမှ ရဲအုပ်စိုးဝင်းအား
ဤအမှုကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းရာ ယာဉ်စည်းကမ်း
ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထွက်ပြေးသွားသော ဆိုင်ကယ်သမားနှစ်ဦးကိုလည်း ဥပဒေအရ လိုက်လံရှာဖွေ ဖမ်းဆီးအရေးယူမူများ ပြုလုပ်ပေးမည်ဟု ရဲအုပ်စိုးဝင်းက ပြောကြားသည်။


ကိုထွန်းထွန်း
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis