menu

Saturday 15 September 2012

တရားမဝင် မြန်မာလုပ်သားများကို မလေး အစိုးရမှ မှတ်ပုံတင် ထုတ်ပေးမည်ဟုဆို

ရန်ကုန် စက်တင်လာ ၁၄

မလေးရှား အစိုးရ အနေဖြင့် ၄င်းတို့ နိင်ငံတွင်း ရောက်ရှိနေသော တရားမဝင် မြန်မာနိင်ငံမှ ရွှေ့ပြောင်း လုပ်သားများကို အောက်တိုဘာလ ၁ရက်နေ့မှ စ၍ တရားဝင် မှတ်ပုံတင် ပေးသွားမည်ဖြစ်ကြောင်း မလေးရှား ကွာလမ်ပူလမ်မှ မြန်မာ အလုပ်သမား တစ်ဦးက ပြောကြားသည်။

မလေးနိင်ငံ လူဝင်မှု ကြီးကြပ်ဌာန အနေဖြင့် တရားမဝင် လုပ်သား ပပျောက်ရေး

အတွက် တစ်နှစ်သက်တမ်းရှိ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးမည် ဖြစ်ကြောင် ၄င်းက ဆက်လက် ရှင်းပြသည်။

မြန်မာနိင်ငံသားများ အနက် ဇူလိုင်လအထိ တရားဝင် နေထိုင်သူမှာ ၁၄၄၀၉၈ဦး တရားမဝင် နေထိုင်သူ ၁၁၃၄၈၅ ဦးရှိကြောင်း ကောင်စစ်ဝန် ဦးကျော်ဇေယျက ပြောကြားသည်။ မလေးရှားနိင်ငံတွင် ရွှေ့ပြောင်း လုပ်သားများ အနက် အင်ဒိုနီးရှား နိင်ငံသားများသည် တစ်သန်းကျော်နှင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံး အနေဖြင့် ငါးသိန်းကျော် ရှိသည့် ဘင်္ဂလားဒေရှ့် နိင်ငံသားများ ဖြစ်ကာ တတိယ အများဆုံးမှာ မြန်မာနိင်ငံသား ဖြစ်ကြောင်း မလေးရှား မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ အနေဖြင့် ယာယီ နိုင်ငံကူး လက်မှတ် ရယူရာတွင် မြန်မာသံရုံးမှ ထောက်ခံစာ ပါရှိမှသာ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ် ယာယီ ထုတ်ပေးရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis