menu

Saturday 15 September 2012

တမန်တော်ကို လှောင်ပြောင်သောရုပ်ရှင်ကား အကြောင်း FBIနှင့် အမေရိကန် ပြည်ထဲရေးစစ်ဆေး


120912120327-us-embassy-attack-05-story-topအီဂျစ်မွတ်ဆလင်သွေးစည်းညီညွတ်ရေး ညီအကိုများအဖွဲ့က ယနေ့သောကြာနေ့ ဘုရားဝတ်ပြုအပြီး
သန်းနဲ့ချီသောမွတ်ဆလင်ပြည်သူများ လမ်းမပေါ်ထွက်လာပြီးဆန္ဒပြကြရန်လှုံဆော်ထားခဲ့ကြသည်။
အရှေ့အလယ်ပိုင်း၁၀နိုင်ငံတွင် ဖွင့်လှစ်ထားသောအမေရိကန်သံရုံးများရှေ့၌ ဆန္ဒပြခဲ့ကြသည်။
အမေရိကန်သံရုံးဖွင့်လှစ် ထားခြင်း မရှိ သေသာ  ဂါဇာကမ်းမြောင်ဒေသတွင် ကုလသမဂ္ဂရုံးရှေ့ဉ်
ဆန္ဒပြခဲ့ကြသည်။
လစ်ဗျားအမေရိကန်သံရုံးတိုက်ခိုက်မှုနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး
ရုပ်ရှင်ကားနှင့်ပါတ်သက်၍ဖြစ်ပေါ်လာမှုများအားစိုးရိမ်မှုဖြင့် FBIနှင့် အမေရိကန်ပြည်ထဲရေးမှ
သတင်းထုတ်ပြန်ခဲ့သည်။
တမန်တော်ကိုလှောင်ပြောင်ထားသော ရုပ်ရှင်ဇာတ်လမ်းတိုမှာ ၁၄မိနစ်ကြာမြင့်ပြီး ယူကျူ့အင်တာ
နက်စာမျက်နှာတွင် ဂျူလိုင်လပိုင်းကစတင် တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရုပ်ရှင်အကြောင်းကို
အီဂျစ်ရုပ်သံမှလွှင့်ထုတ်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့သဘောထားတောင်းခံရမှ လူမှုဆက်
ဆံရေးဝက်ဆိုဒ်များသို့ပျံနှံသွားပြီး တမန်တော်လှောင်ပြောင်သောရုပ်ရှင်ကားရိုက်ကူးခြင်းအတွက်
ဆန္ဒပြမှုများဖြစ်ပေါ်လာရခြင်းဖြစ်သည်။

အမေရိကန် FBI ရဲ့စုံစမ်းဖေါ်ထုတ်မှုအရ ရုပ်ရှင်ကားရိုက် ကူးသူသည် ဂျူးလူမျိုးတဦးဖြစ်သော်လည်း
ရှာဖွေတွေ့ရှိရသော Nakoula Basseley Nakoulaအမည်မှာမှားယွင်းနေသည်။ Nakoula Basseley
Nakoula သည် ဘဏ်ငွေစာရင်းလိမ်လည်မှုဖြင့်၂၀၀၉ခုနှစ်ကတည်းကအကျဉ်းကျခံနေရသူ တဦးဖြစ်သည်။
အဆိုပါရုပ်ရှင်ကားရိုက်ကူးရန်အတွက်အစ္စလာမ်ဘာသာဝင်တို့စွပ်စွဲထားသော ဂျူးလုပ်ငန်းရှင်၁၀၀ကျော်မှ
ငွေကြေးထောက်ပံ့ခဲ့သည် မှာမမှန်ကန်ကြောင်း အစ္စရေးအစိုးရက ငြင်းဆိုထားသည်။
လစ်ဗျား နိုင်ငံ အရှေ့  ပိုင်း ဘန်ဂါဇီ မြို့  ရှိ သံ ရုံး ကို တိုက်ခိုက် မှု တွင် ပါဝင် သည့် စစ်သွေးကြွ နှစ်ဦး ကို
ဖမ်းဆီးထား သည်။
အီဂျစ် သမ္မတ မော်စီ က သံရုံး တိုက် ခိုက် မှု အတွက် ရှုံ့ ချ လိုက်သည်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင် အရွေးခံ မည့် ရီပတ်ဘလီကန် ဒုတိယ သမ္မတ
လောင်း ပေါ်လ် ရိုင်ယန် က အိုဘားမား ရဲ့  နိုင်ငံ ခြား ရေး မူဝါဒ တွေ ဟာ အစိုးရ တွေ ဘက်ကို မျက်
နှာသာ ပေးထား တာရယ် ၊ ပြည်သူ့  အရေး ကို သိပ်ရှေ့ တန်း မပေး တာရယ် ကြောင့် အခု အရှေ့ အလယ် ပိုင်း
မှာ ဖြစ်နေ သလို အမေရိကန် မုန်းတီး ရေး စိတ်တွေ ပြန်ဖြစ်လာတယ် လို့  ယနေ့  ပြောကြား ခဲ့ သည်။
FNG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis