ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင်
ဝရန်တာ ကြမ်းခင်း ပြိုကျကာကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ
့ကြောင်း သတင်း ရရှိသည်။
"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ
့။ ကြမ်းခင်းပြိုကျတဲ့  ၂ ထပ်ကျောင်းဆောင်မှာက
ကျောင်းအုပ်ကြီးရုံးခန်းရှိတော့  ကျောင်းအုပ်ကြီးကို သွားကန်တော့ ကြတယ်။
နှစ်ယောက်တစ်တွဲ တန်းစီသွားတာ ယောင်္ကျားလေးတွေကတော့  ကျောင်းအုပ်ကြီး
ရုံးခန်းထဲ ရောက်ပြီးကြပြီ။ မိန်းကလေးတွေက နှစ်ယောက်တစ်တွဲသွားရာကနေ ဝရန်တာ
ကြမ်းခင်းက ဆွေးနေတော့  ဝုန်းကနဲ ပြုတ်ကျသွားတယ်။ အောက်မှာ မီးကြိုးကြီး
တစ်ချောင်းခံနေလို့  ကလေးတွေအကျ သက်သာတယ် ဆိုရမှာပါ။" ဟု အ ထ က ၂ မှ
မျက်မြင်တွေ့ ရှိခဲ့ သူ ကျောင်းဆရာမ တစ်ဦးက ပြောပြခဲ့ သည်။
"အခုဖြစ်တာက မိန်းကလေးတွေချည်းပဲ ဖြစ်နေတယ်။ အပေါ်ထပ်က ကိုးတန်း
စာသင်ခန်းဖြစ်ပြီး အောက်ထပ်က ခုနှစ်တန်း စာသင်ခန်းဖြစ်တယ်။ အသေအပျောက်တော့
မရှိပါဘူး။ လက်ကျိုးသူတွေ ခြေထောက် ဒဏ်ရာရသူတွေ များတယ်။ ကလေးတွေကို
အ.ထ.က(၂)ရဲ့  အနောက်ဘက်ကပ်လျက် က မုံရွာ ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှု
ပေးနေတယ်။ ကျောင်းတက်ချိန်ဆိုတော့ လူကြီးတွေလည်း စိတ်ပူပြီး လာကြည့်ကြတာ။
အ.ထ.က ၂ ရှေ့မှာရော ဆေးရုံထဲမှာရော လူတွေပြည့်ပြီး လမ်းပိတ်နေတယ်။
တချို့ဆရာတွေက အနားမှာ ရှိကြတော့ အချိန်မီ လာရောက်ကူညီနိုင်ကြတယ်။
လောလောဆယ်မှာ မုံရွာပြည်သူ့ဆေးရုံ ထဲက ဒဏ်ရာရပြီး သွေးလန့်နေတဲ့ ကလေးတွေကို
ရေသန့်ဗူးလာလှူတဲ့ ကုသိုလ်ရှင်တွေ တွေ့ရတယ်။ အ ထ က ၂ ထဲမှာတော့  ဘယ်သူမှ
အဝင်မခံဘူး။ ကလေးတွေကို နေရာခွဲပြီး ကုသပေးနေတယ်။ ကျောင်းတက်ချိန်ဖြစ်လို့
အောက်မှာ ခုနှစ်တန်းဆောင်ရှိပေမဲ့ အောက်ကော်ရစ်တာမှာ ဘယ်သူမှ ရှိမနေလို့
တော်သေးတယ်။"ဟု အ ထ က ၂ ကျောင်းသို့ လာရောက်သူ ကျောင်းသားမိဘတစ်ဦးက
ပြောပြခဲ့သည်။
EMG |
No comments:
Post a Comment