menu

Monday 23 July 2012

မင်းကိုနိုင်၏ လုံးချင်းဝတ္ထု ‘နောက်ကြည့်မှန်’ကို ဒါရိုက်တာ ၀င်းထွန်းထွန်း ၀ယ်ယူ




၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်၏ လုံးချင်းဝတ္ထုဖြစ်သည့် ‘ နောက်ကြည့်မှန်’ ကို ဒါရိုက်တာ ၀င်းထွန်းထွန်းမှ ၀ယ်ယူခဲ့ကြောင်း သိရပါသည်။
စာအုပ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဒါရိုက်တာ ၀င်းထွန်းထွန်းက “ ဒီစာအုပ်ကိုဝယ်တာက ကျွန်တော်လေးစားချစ်ခင်တဲ့ လူတစ်ယောက်ရဲ့ အနုပညာကို ဂုဏ်ပြုချင်တာကြောင့် အဓိက၀ယ်ဖြစ်တာပါ။ ဒီဇာတ်ကို ကျွန်တော့်အရင် ဒါရိုက်တာ ချိုတူးဇော်က ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းဖူးတာရယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုချိုတူးဇော်ကို လေးစားတာရယ်ကြောင့် သူရိုက်ကူးမယ် ဆိုရင်လည်း သူ့ကိုပေးရိုက်မှာပါ။ အတူဖန်တီးချင်လည်း ဖန်တီးဖြစ်မှာပါ။ ဒီဇာတ်ကို ဗီဒီယိုအတွက် စိတ်ကူးပြီး ၀ယ်တာဖြစ်ပေမယ့် အနုပညာမြောက်ဖို့ကအဓိကပါ။ ဒါကြောင့် ရိုက်ရမယ် ဆိုရင်လည်း ရန်ကုန်တက္ကသိုလ် ပင်မမှာ ရိုက်ကူးခွင့်နဲ့အတူ လိုအပ်တာတွေ ကို ပြင်ဆင်ရဦးမှာပါ” ဟုဆိုပါသည်။

‘နောက်ကြည့်မှန်’ ၀တ္ထုဝယ်ယူရာတွင် လက်ရှိ အနုပညာလောကတွင် ဗီဒီယို၊ ရုပ်ရှင်တို့အတွက် ဇာတ်လမ်းဝယ်ယူသည့် ဈေးနှုန်းများအနက် ကြေးအမြင့်ဆုံးဟူသည့် သတင်းများ ထွက်ပေါ်လျက်ရှိပါသည်။ သို့သော် ဒါရိုက်တာ ၀င်းထွန်းထွန်းကမူ မည်သည့် အနုပညာဖြစ်စေ ငွေကြေးဖြင့် တန်ဖိုးဖြတ်ရန် ခက်ခဲကြောင်းနှင့် ‘နောက်ကြည့်မှန်’ ၀တ္ထုအတွက် အနုပညာကြေးကို အတတ်နိုင်ဆုံး တန်ဖိုးထားကာ သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ငွေကြေးအတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis