menu

Sunday 1 July 2012

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကဒ် မရှိသူများကို အရေးယူသွားမည်

စစ်တွေမြို့လမ်းမတစ်နေရာ


 ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန်ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင်  မြန်မာနိုင်ငံသား စိစစ်ရေး ကဒ်ပြားများကို မှန်ကန်မှုရှိမရှိစစ်ဆေးလျက်ရှိပြီး ယင်းကဒ်ပြားမရှိသူများအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်မှုကို ပြန်လည် ဖြေကြားခဲ့သည်။

 လက်ရှိအခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်း ၆၇ ခု နှင့် နီးစပ်ရာ ရပ်ကွက်အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ခြင်းရှိမရှိကို စစ်ဆေးလျက်ရှိပြီး ယင်းပြည်နယ်အတွင်းရှိ ၀န်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက်ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည်ဖြစ်ကြောင်း ၀န်ကြီး ဦးခင်ရီ က ဖြည့်စွက် ပြောကြားသည်။
 ရခိုင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင် ၊ မောင်တောမြို့နယ်များတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂလီလူမျိုးများ အဆမတန် များပြားနေမှုကြောင့် နေရင်းဒေသသို့ ပြန်မသွားရဲကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis