menu

Tuesday 26 June 2012

အနောက်ဖက်ပင်လယ်မှ မီးတောက်များ[ဥက္ကာကိုကို]

ငါးချက်ခန့်ဆက်တိုက်ထွက်ပေါ်လာသည့် လုံထိန်းရဲတို့၏ သေနတ်သံများနှင့်အတူ
မလှမ်းမကမ်း တစ်ဖက်စီမှ လူပေါင်း လေးရာခန့်ရှိ သည့် လူအုပ်နှစ်ခုမှာ
မိမိတို့ကျေးရွာထိပ်ဆီသို့ ခပ်သုတ်သုတ်ပင် ပြန်လည်ဆုတ်ခွာသွားကြသည်။

သို့သော် ထိုလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိဘဲ မိမိတို့လူမျိုး၊

မိမိတို့အသက်၊ မိမိတို့ကျေးရွာလုံခြုံရေးအတွက်
ရရာလက်နက်များကိုမလွတ်တမ်းကိုင်
စွဲထားဆဲပင်ဖြစ်သည်။

“ကျေးဇူးပြုပြီး လူစုခွဲပါ…..မိမိတို.နေအိမ်ကို

မိမိတို့ပြန်ဝင်ကြပါ…..မဟုတ်ရင်
ပစ်ရပါလိမ့်မယ် “ဟူသည့် လုံခြုံရေး

လုံထိန်းတပ်ဖွဲ့ဝင်တဦး၏ အော်လံဖြင့် ထပ်မံအော်ဟစ်သတိပေးသံက များပြားလှသည့်

လူထု၏အသံများနှင့်အတူ လယ် ကွင်းပြင်အတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်။

တုတ်၊ဓါးစသည့် ရရာလက်နက်ဆွဲကိုင်ကာ မိမိတို.ကျေးရွာများအတွက်

ကာကွယ်ရန်စောင့်ရှောက်နေကြသည့် ဗျိုင်းဖြူရွာနှင့်
အနီးတ၀ိုက္မွရြာသူရြာသားမ်ား၏မ်
က်နှာတွင် စိုးရိမ်စိတ် ကြောက်ရွံ့စိတ်၊
မခံချင်စိတ် ခံပြင်းစိတ်များ ပေါ် လွင်လျှက်ရှိသည်။

အထက်ပါ မြင်ကွင်းသည် ရခိုင်ပြည်နယ်အတွင်း

ဖြစ်ပွားခဲ့သည့်ပဋိပက္ခပြဿနာများ
အတွင်း ဇွန်လ ၁၁ ရက် နေ့က ဖြစ်ပွားခဲ့သည့်

ဘင်္ဂါလီများနှင့်ရခိုင်တိုင်းရင်
းသားများ တိုက်ပွဲဖြစ်ပွားပီး လူ ၇
ဦးသေဆုံးခဲ့ရသည့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာ(ရခိုင်) နှင့်

သံတော်လီ(ဘင်္ဂါလီ) ကျေးရွာအနီး လယ်ကွင်းပြင်တွင် ဖြစ်သည်။


“ဒီကောင်တွေဖက်က ကျွန်တော်တို့ကို သေနတ်တွေနဲ့

ပစ်တယ်။ကျွန်တော်တို့လူနှစ်ယောက
် သေကျန်ရစ်ခဲ့ တယ်။

ကျွန်တော်တို့လူနှစ်ယောက်ရဲ့အလေ
ာင်းကို
ပြန်ယူပေးပါ”ဆိုသည့်ကျေးရွာအုပ်
ချုပ်ရေးမှူး၏ အသံက လုံထိန်း တပ်ဖွဲ့ကို
ဦးဆောင်လာသည့်ရဲမှူးအနီးတွင် လွင့်ပျံလျှက်ရှိသည်။

ထိုအချိန်တွင် သံဃာတော် အပါး ၇၀

ခန့်ဦးဆောင်လာသည့်တစ်ထောင်ကျော
်ပါဝင်သည့် လူအုပ်ကြီးက စစ်တွေ
မြို့တွင်းဖက်ဆီမှ

ချီတက်လာပြီး ရခိုင်လူမျိုးတို့ကို ကာကွယ်ရန်

ဗျိုင်းဖြူကျေးရွာလူထုနှင့်ပူးေ
ပါင်းသွားခဲ့ကြသည်။

“ဒီလူအုပ်ကြီးကို ဦးဇင်း ဦးဆောင်လာတာ။

ဦးဇင်းမလုပ်နဲ့ဆိုရင်ဘာမှမလုပ်
ဘူး။ အခုဟာကလည်း ရခိုင်လူမျိုး တွေ အသတ်ခံနေ
ရတယ်လို့ ကြားလို့ဦးဇင်းတို့ ရောက်ရှိလာတာဖြစ်တယ်”ဟု စစ်တွေမြို့
ကုန်တန်းရပ်ကွက်ရှိဘုန်းတော် ကြီးကျောင်းတစ်ကျောင်းမှ ဦးဇင်းတစ်ပါးက
လုံခြုံရေးတပ်ဖွဲ့ကိုဦးဆောင်လာ
သည့် ရဲမှူးအား မိန့်ကြားနေသည်ကို တွေ့ရ သည်။

ထိုအချိန်မှာပင် အင်အား သုံးဆယ်ခန့်ပါဝင်သည့်

တပ်မတော်စစ်ကြောင်းတစ်ကြောင်းက လယ်ကွင်းပြင်ကို ဖြတ် ကာ
ပဋိပက္ခဖြစ်ပွားရာနေရာကိုထိန်းသိ
မ်းရန်အပြေးချီတက်လာခဲ့ကြသည်။
မရှေးမနှောင်းပင်ရဲမှူးကြီးလှမိ
ုး ဦးဆောင် သည့်
လုံထိန်းတပ်ဖွဲ့ဝင်များလည်းအမြန
်ရောက်ရှိလာကာ လုံခြုံရေးအင်အားများ
ပူးပေါင်းခဲ့ကြသည်။

သို့သော်လည်း အဆိုပါလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိသေးသည့်

အတွက်လုံထိန်းရဲများက သေနတ်ဖြင့် အချက်ငါးဆယ်ခန့်အ ထိ
မိုးပေါ်ထောင်၍ပစ်ဖောက်ပြီး လူထုကို ခြောက်လှန့်ထိန်းသိမ်းခဲ့ကြရသည်


“ကျွန်တော်တို့ ရွာသားတွေရဲ့ အလောင်းတွေ ကုလားရွာအပြင်က

ရေကန်ဘေးမှာကျန်ရစ်ခဲ့တာ ကျေးဇူးပြုပြီး ယူပေးကြပါ” ဟု
ဓားတစ်လက်ကိုင်ဆောင်ထားသည့်ရခို
င်လူမျိုးတစ်ဦးက
လုံထိန်းတပ်ဖွဲ့နှင့်ဝေးရာသို့ ပြန်လည်ဆုတ်ခွာ ရင်းအော်ဟစ်သွားခဲ့သည်။

နှစ်ဖက်ရွာသားများက သေနတ်ပစ်ဖောက်မှုကြောင့် လယ်ကွင်းအတွင်းရှိ


ရေကန်များ၊ ချောင်းများကို ဖြတ်ကူးပြီး မိမိတို့ ကျေးရွာဆီသို့ အသီးသီး


ဆုတ်ခွာသွားကြသည်။


“သံတော်လီရွာထိပ်မှာ အလောင်းခြောက်လောင်းအသတ်ခံထားရတ

ကျွန်တော်တို့တွေ့ရှိရပါတယ်။ နားလည် သူတွေပြောပြလို့
ရခိုင်အလောင်းငါးလောင်းနဲ့ကုလား
အလောင်း တစ်လောင်းဖြစ်တယ်လို့ သိရပါတယ်”ဟု
အခင်းဖြစ်ပွား ရာ ယင်းနေရာတွင် ရောက်ရှိနေ သည့် ရဲမှူးကြီးလှမိုးက 7Day News
ဂျာနယ်သို့ပြောသည်။

တပ်မတော်စစ်ကြောင်းမှ နောက်ချန်ရစ်ခဲ့ကာ

လုံထိန်းတပ်ဖွဲ့ဝင်များကသံတော်လ
ီကျေးရွာသို့ ဆက်လက် ၀င်ရောက်ရှင်းလင်းရာ
ကြားသိထားရသည့်အတိုင်းသေနတ်ဒဏ်ရ
ာဖြင့် သေဆုံးခြင်းမဟုတ်ဘဲ
သာမန်တုတ်ဓားများဖြင့် သာပြတ်ရှသေဆုံးခဲ့ကြခြင်းဖြစ်ြေ
ကာ

င်း မြင်တွေ့ခဲ့ကြရသည်။


“အလောင်းတွေက ရုပ်ပျက်ဆင်းပျက်တွေကို ဖြစ်နေတာပဲ။

မျက်နှာလည်းတစ်စစီရစရာမရှိဘူး။ တချို့အ လောင်းဆို လက်ပြတ်ခြေပြတ် နဲ့။
ကျွန်တော်သံဝေဂတရားတောင်ရသွားတယ
်”ဟု လုံထိန်းတပ်ဖွဲ့တွင်
ပါဝင်လာသူတပ်ကြပ်အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များသည်

သံတော်လီကျေးရွာအတွင်းဝင်ရောက်ြ
ပီးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ
များ၊ နေအိမ် စွန့်ခွာနေ သူများအားစုဝေးစေပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်
လိုအပ်သည်များကို မှာကြားကာတပ်မတော်စစ်ကြောင်း မှ
ယင်းကျေးရွာအနီးလုံခြုံရေးအတွက်
တာဝန်ယူထိန်းသိမ်းထားခဲ့သည်။

ယင်းပဋိပက္ခအတွင်း မီးလောင်ဆုံးရှုံးမှုကြောင့် နေအိမ်

၇၀ခန့်ပျက်စီးခဲ့ပြီး လူ ၇ ဦးသေဆုံးကာ အနည်းဆုံး လူငါးဦးဒဏ်ရာရရှိ
ခဲ့ကြောင်း လုံထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

“ကျွန်မတို့ရွာက ကုလားရွာတွေကြားထဲမှာ ရှိနေတာဆိုတော့

ဒီပြဿနာတွေစဖြစ်တဲ့နေ့ကစပြီး ဒီနေ့အထိ တစ်ညမှ မအိပ်ရသေး ဘူး။ နေ့တိုင်း
ဘယ်အချိန်တက်လာပြီးမီးရှို့ပြီးရ
န်စမလဲဆိုတာကိုပဲ စိုးရိမ်နေကြရတယ်”ဟု
ဗျိုင်းဖြူ ကျေးရွာမှအသက်ငါးဆယ်ခန့် အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်နေ့ရက်တွင်ပင် စစ်တွေမြို့ရှိ

စက်ရုံစု(နာဇီ)ကျေးရွာအတွင်းရှိ
ရခိုင်ဗုဒဘာသာ ဘုန်း ကြီးကျောင်း
လေးကျောင်းကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း အမှတ်(၁၂)
ရဲတပ်ရင်း(စစ်တွေ)မှလုံခြုံရေးတ
ာ ၀န်ကျ ရဲဝန်ထမ်းများက 7Day News သို့ပြောသည်။

*ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့ေ
သာ ပဋိပက္ခဖြစ်ရပ်များမှ ထူးခြားဖြစ်စဉ်
နေ့စွဲများ။*

(၃.၆.၂၀၁၂-ကြာသပတေးနေ့) တွင် စစ်တွေမြို့

အမှတ်(၁)ရဲစခန်းရှေ့တွင်ဆူပူအကြ
မ်းဖက်မှုအသွင် ဆန္ဒပြဖော်ထုတ်မှု
တစ်ရပ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှပစ်ခတ်လူစုခွဲမှုကြော
င့် လူ ၁၂
ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ၉ဦးထိန်းသိမ်းခံရကာ ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့
တင်ပို့ခဲ့သည်။

(၈.၆.၂၀၁၂- သောကြာနေ့) တွင် မောင်တောမြို့တွင်

ပဋိပက္ခအဓိကရုဏ်းအသွင်စတင်ဖြစ်ပွ
ားခဲ့ပြီး ရခိုင်နေအိမ်အများစု နှင့်
ဘုန်းကြီးကျောင်း၊ဆေးပေးခန်း၊ မီးစက်၊ စာသင်ကျောင်း၊ ဓမ္မာရုံတို့
မီးရှို့ခံခဲ့ရကာမောင်တောမြို့ဆေ
းရုံအုပ်ကြီးနှင့် ဇနီးအပါအ၀င်
ရခိုင်လူမျိုး၇ဦးဘင်္ဂါလီ၂ဦးသေဆ
ုံးပြီးရခိုင်လူမျိုး ၅ဦး အနည်းဆုံး
ဒဏ်ရာရရှိခဲ့သည်။

(၉.၆.၂၀၁၂-စနေနေ့) တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ဘုမေကျေးရွာတို့အ
တွင်း
ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူ

မျိုးများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ

မင်းဂံရွာတွင်ရခိုင်လူမျိုးသုံး
ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးလျှက်

သုံးဦးဒဏ်ရာရရှိခဲ့ သည်။ ဆေးရုံအရောက်တွင်

ဒဏ်ရာရရှိသူတစ်ဦးထပ်မံသေဆုံးခဲ
့သည်။မောင်တောမြို့တွင် ရခိုင်နေအိမ်တစ်လုံး

မီးလောင်ခဲ့ပြီး ဘင်္ဂါလီ၁ဦးသေဆုံးခဲ့သည်။


(၁၀.၆.၂၀၁၂-တနင်္ဂနွေနေ့)မောင်တော
မြို့တွင် ဘင်္ဂါလီအိမ်တစ်လုံးမီးလောင်ပြီးဘင်္ဂ
ါလီတစ်ဦးသေဆုံးကာ ဘူးသီး တောင်မြို့တွင် ဘင်္ဂါလီတစ်ဦး၊ရခိုင်လူမျိုးတစ်ဦး
သေဆုံးခဲ့သည်။ စစ်တွေမြို့တွင် ရခိုင်နေအိမ် ၅၀ကျော်၊ ဘင်္ဂါလီ နေအိမ်
၆၀၀ကျော်မီးလောင်ခဲ့ပြီး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဗလီတစ်လုံး
ပျက်စီးခဲ့ကာရခိုင်လူမျိုးတစ်ဦ
း၊ ဘင်္ဂါလီ လူမျိုး နှစ်ဦး သေဆုံးခဲ့သည်။
စုစုပေါင်း

၁၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ စစ်တွေမြို့တွင် ညနေပိုင်းတွင် ပုဒ်မ ၁၄၄ဖြင့်

ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ပြီး ညရှစ်နာရီတွင် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်မှ ရခိုင်ပြည်နယ်ကိုအရေးပေါ်အခြေအနေ
အဖြစ်ကြေငြာခဲ့ပြီး ပဋိပက္ခများ
ချုပ်ငြိမ်းရန် ပြည်သူလူထုသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

(၁၁.၆.၂၀၁၂- တနင်္လာနေ့)မောင်တောမြို့တွင် ဘင်္ဂါလီနေအိမ် ၆လုံးပျက်စီးခဲ့ပြီး

စစ်တွေမြို့တွင် ရခိုင်နေအိမ် ၇၀၊ဘင်္ဂါလီ နေအိမ် ၁၉၀၊ ဗလီတစ်လုံး
မီးလောင်ခဲ့ကာ ရခိုင်လူမျိုး ၅ ဦး၊ ဘင်္ဂါလီ ၂ ဦး သေဆုံးခဲ့သည်။ ထိုနေ့တွင်
ပေါက် တောမြို့တွင် ရခိုင်အိမ် ၂၁

လုံး၊ ဘင်္ဂါလီအိမ် ၁၄ လုံး မီးလောင်ခဲ့ပြီး ရခိုင် ၅ ဦး၊ ဘင်္ဂါလီ ၁၁ဦးဒဏ်ရာရ

ရှိခဲ့ကြသည်။ စစ်တွေမြို့၊ လမ်းမတော်(တောင်)ရပ်ကွက်ရှိ

နယ်စည်းမထားဆရာဝန်များအဖွဲ့(AZG
) ရုံးသို့
တပ်မတော်နှင့်လုံခြုံရေးအဖွဲ့ဝင
်များက ည ၈ နာရီတွင် ၀င်ရောက်စစ်ဆေးခဲ့သည်။
ထိုညတွင်စစ်တွေရှိ အကြမ်းဖက် ဘင်္ဂါ လီလက်ကျန် တချို့ကို
ဖမ်းမိပြီးလက်နက်များသိမ်းဆည်းရ
မိသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
သံတော်လီကျေးရွာဖြစ်စဉ်တွင် ဘင်္ဂါလီများဖက်မှ သေနတ်လက်နက်အသုံးပြုခဲ့သည်ဟု
သိရသည်။စစ်တွေဆင်တက်ဖော်ကျေးရွာ
သို့ ဘင်္ဂါလီအင်အား တစ်ထောင်ခန့်ပါဝင်သည့်
စက်လှေ၁၅ စီးဆိုက်ကပ်ခဲ့သော်လည်း ပြဿနာဖြစ်ပွားခြင်း မရှိခဲ့ပေ။

(၁၂.၆.၂၀၁၂-အင်္ဂါနေ့) တွင်

မြောက်ဦးမြို့နာရေးကူညီမှုအသင်း
မှနေအိမ်စွန့်ခွာခဲ့ရသည့်
ရခိုင်ဒုက္ခသည်များအတွက် ဟင်းသီးဟင်းရွက်မျိုးစုံပေးပို့
ခဲ့ပြီး ထိုနေ့တွင်ပင်
ပဋိပက္ခဖြစ်ရပ်တချို့ကြောင့် စစ်တွေ၊မင်းဂံရပ်ကွက်မှ ရခိုင်အမျိုးသား ကိုလှဌေး
ကျဆုံးခဲ့သည်။ ဘင်္ဂါလီအများစုနေထိုင်ရာ အင်ဘာလာရပ်ကွက်တွင်
ပဋိပက္ခတချို့ဖြစ်ပွားခဲ့ရာ ဘင်္ဂါလီများ၏ ပြန်လည်ပစ်ခတ် မှုကြောင့်
တပ်မတော်သားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကာရခိုင်အမျို
းသားတစ်ဦး ပြင်းထန်စွာ
ဒဏ်ရာရရှိခဲ့သည်။ ရခိုင်နေအိမ် ၁၆၈

လုံး၊ ဘင်္ဂါလီနေအိမ် ၂၉၁လုံး မီးလောင်ခဲ့ပြီး ဘင်္ဂါလီတစ်ဦးသေဆုံးကာတစ်ဦး

ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။ယင်းနေ့တွင်ပင်
မြောက်ဦးမြို့တွင်လည်း ရခိုင်နေအိမ် ၁၅လုံးဖြိုဖျက်ခံရပြီး ပုဒ်မ ၁၄၄ အရ
ညမထွက်ရအမိန့်ကို

ထုတ်ပြန်ကြေငြာခဲ့သည်။ ကျောက်တော်မြို့နယ်တွင် ဘင်္ဂါလီနေ အိမ်

၄၆လုံးဖျက်ဆီးခံခဲ့ရသည်။

(၁၃.၆.၂၀၁၂) စစ်တွေမြို့တွင် ဘင်္ဂါလီနေအိမ် တစ်လုံး မီးလောင်ခဲ့သည်။


(၁၅.၆.၂၀၁၂) ည သန်းခေါင်ကျော် တစ်နာရီခွဲခန့်အချိန်တွင်

စစ်တွေမြို့မြို့သူကြီးရပ်ကွက်၊
ဘဖြူလမ်းတွင် ရခိုင်နေအိမ် ၇၀
မီးရှို့ခံခဲ့ရသည်။ညမထွက်ရအမိန့်
ကြောင့် မီးငြိမ်းသတ်ရန်
ဒေသခံအင်အားမလုံလောက်ခဲ့ပေ။

*ကယ်ဆယ်ရေးစခန်းများနှင့် ဒုက္ခသည်များ။*


ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်

နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီ
း ထိန်လင်း၊ ရခိုင်ပြည်နယ် ဥပဒေချုပ်
ဦးလှသိန်း၊

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်တို့ ဦးဆောင်ကာ

၁၄ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး တွင်
ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်း
ပွဲအရ ရခိုင်ပြည်နယ်အတွင်းရှိ
မြို့နယ်အသီးသီးတွင်ကယ်ဆယ်ရေးစခ
န်း ၃၇ ခုရှိပြီး
ဒုက္ခသည်ပေါင်းသုံးသောင်းတစ်ထောင
့်ရှစ်ရာရှစ်ဆယ့်လေးဦး ရှိနေကြောင်း
ထုတ်ပြန်ခဲ့သည်။စစ်တွေမြို့တွင်
ဒုက္ခသည်စခန်း ၁၅ ခုသာရှိသည်ဟု
ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပြန်သော
်လည်း ရခိုင်ပြည် နယ်အတွင်း
မဲဆန္ဒနယ်အများစုတွင်အနိုင်ရရှိထ
ားသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
(RNDP) ကမူဇွန်လ ၁၆ ရက်နေ့ နေ့လည်အထိ စစ်တွေမြို့တစ်မြို့တည်းတွင်
ဒုက္ခသည်စခန်း ၅၁ခုရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။စစ်တွေမြို့တွင်
ဒုက္ခသည်ရခိုင်လူမျိုးပေါင်း ငါးထောင်ကျော်ရှိသည်ဟု အစိုးရအဖွဲ့က
ထုတ်ပြန်သော်လည်းRNDP ကမူ ဒုက္ခသည်ပေါင်း
နှစ်သောင်းနီးပါးပင်ရှိနေပြီဖြစ
်ကြောင်း ပြောသည်။

“ဒုက္ခသည်တွေက အချိန်နဲ့အမျှ တိုးလာနေတယ်။ ၁၂ ရက် ၁၃

ရက်တုန်းကတစ်သောင်းကျော်ပဲရှိပေ
မယ့် အချိန်နဲ့အမျှ တိုးလာတဲ့အတွက်
အခုဆိုရင်လူနှစ်သောင်းနီးပါးရှိ
နေပါပြီ။ ရန်ကုန်က
ရခိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီး
တော့ ဒုက္ခသည်တွေအတွက်
စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ၊ကယ်ဆယ်
ရေးဆေးခန်းတွေဖွင့်လှစ်ပြီး
ဆောင်ရွက်နေပါတယ်”ဟုရခိုင်တိုင်
းရင်းသားများတိုးးတက်ရေးပါတီ
ဗဟိုဌာနချုပ်မှတာဝန်ရှိသူတစ်ဦး
ကဇွန်လ၁၆ရက်နေ့လည်ပိုင်းတွင် ပြောသည်။

*ဒုက္ခသည်များ၏ လိုအပ်ချက်။*


လူမျိုးရေးပဋိပက္ခများကြောင့် ကျေးရွာနှင့် နေအိမ်ကိုစွန့်ခွာထွက်ပြေးလာကြရ
သော
ဒုက္ခသည်များမှာ ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံ၊

စာသင်ကျောင်းတို့တွင် အရေးပေါ်ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ဇွန် ၁၆

ရက်အထိ တဖွဲဖွဲရောက်ရှိလာနေကြ ဆဲဖြစ်သည်။ ဒုက္ခသည်များမှာနေအိမ်ကို
မီးရှို့ခံရမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့်
တိမ်းရှောင်လာကြသူများဖြစ်ပြီး ယင်းတို့အားလုံး၏
စိတ်ထဲတွင်ကြောက်ရွံ့ထိတ်လန့်မှု
အစိုင်အခဲများ တည်ရှိနေဆဲဖြစ်သည်။

အများစုမှာ မိမိတို့ ကျေးရွာ၊ ရပ်ကွက်နေအိမ်များသို့ မပြန်ရဲဘဲ

ဆင်းရဲဒုက္ခခံကာ ကယ်ဆယ်ရေးစခန်းများတွင် ပြွတ်သိပ်နေ
ထိုင်နေကြဆဲဖြစ်သည်။မိမိတို့၏ လက်ငုတ်လက်ရင်းအလုပ်အကိုင်များက
ို
ရပ်နားထားကြရသည်မှာလည်း တစ်ပတ်ခုနှစ်ရက် ပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။
“အသက်ထက်ဘာမှအရေးမကြီးဘူးထမင်းင
တ်တာ ငတ်ပါစေ” ဟု
ဒုက္ခသည်စခန်းတစ်ခုတွင်ရောက်ရှိေ
နသည့်အမျိုးသားတစ်ဦးက
ပြောသည်။ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ၊

ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေး

ဆိုင်ရာအကူအညီများလိုအပ်နေပါသည်
။ ကျန်းမာရေးစောင့်ရှောက်မှုတွင်

လည်း ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်
းဆိုင်ရာ ကိုပါ ကုသဆွေးနွေးပေးရန်
လိုအပ်လျှက်ရှိသည်။

“သူတို့ကျေးရွာ ရပ်ကွက်တွေကို ဥပဒေစိုးမိုးပြီး လုံခြုံပြီလို့အာမခံချက်ကို

အစိုးရကပေးနိုင်တဲ့ အချိန်မှ ပြန်ရဲကြ မယ်။

အာမခံချက်မပေးရင် ဒီအတိုင်းပြန်နေရဲကြမှာမဟုတ်ဘူး
။ လူတွေက
မီးဘေးထက်ကြောက်စိတ်ကြောင့် ထွက်ပြေး လာတာများတယ်။ ဒါက
လုံခြုံရေးတာဝန်ယူသူတွေရဲ့အဓိကတ
ာဝန်ပါ” ဟု
ရခိုင်တိုင်းရင်းသားများတိုးတက်
ရေးပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
ဦးအောင်မြကျော်က ပြောသည်။

ယခုအခါ အလှူရှင်များ၏ လှူဒါန်းမှုဖြင့်

ပြည်နယ်အစိုးရကတာဝန်ယူထောက်ပံ့မ
ှုများပြုလုပ်လျှက်ရှိပြီး လူမှုရေး
အသင်းအဖွဲ့များကလည်းအသီးသီးလိုက
်လံလှူဒါန်းမှုများ ပြုလုပ်လျှက်ရှိသည်။

ဒုက္ခသည်စခန်းများသို့ရောက်ရှိနေ
ကြသော ကလေးသူငယ်များအတွက်
ပညာသင်ကြားရန်အစီအစဉ်များကို လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဥက္ကဌ
ဦးဇော်ဇော်ကတာဝန်ယူပြီး ကျောင်းအပ်နှံထားပေးမည်ဟု စစ်တွေမြို့သို့
ရောက်ရှိလာစဉ်

ပြောခဲ့သည်။


“လက်ရှိကတော့ အလှူရှင်တွေလှူဒါန်းတဲ့ ထမင်းထုတ်တွေကို

စားနေရပါတယ်။ရေရှည်အနေနဲ့ကတော့ ကိုယ့်
အိမ်မှာကိုယ်ပြန်ပြီးတော့ပဲအရင်
လိုအေးအေးဆေးဆေး ရှာဖွေစားသောက်ချင်ပါတယ်”ဟု
ပဋိပက္ခဖြစ်ရပ်များတွင်

မင်းဂံ ရပ်ကွက်ကာကွယ်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ

အနှေးယာဉ်မောင်းဦးအောင်ဝင်းက ပြောသည်။

*လုံခြုံရေးနှင့် ရှင်းလင်းရေးများ။*


စစ်တွေမြို့လုံခြုံရေးအတွက်

နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ရဲတပ်
ရင်းအသီးသီးမှ လုံထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ
တပ်မတော်

စစ်ကြောင်းများက ပူးပေါင်းတာဝန်ယူဆောင်ရွက်လျှက်
ရှိသည်။

ပဋိပက္ခထပ်မံဖြစ်ပွားနိုင်သေးသည်
့ ဘင်္ဂါလီ၊
ရခိုင်ကျေးရွာ၊ရပ်ကွက်အသီးသီးတွ
င် လုံခြုံရေးတာဝန်များအတွက် ရဲတပ်သားများ၊

တပ်မတော်သားများက ဒေသခံများနှင့်အတူ ပူးတွဲ၍ တာဝန်ယူထားကြသည်။ “ဘင်္ဂါလီတွေက

လုံခြုံရေး နည်းနည်းလစ်ဟာတာနဲ့ လျှပ်တပြက်တက်လာပြီးမီးရှို့ကြတယ
်။ အခုလည်း
မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းနားကို တက်ပြီးတော့ကုလားပိုက်ဆိပ်က
သူတို့အိမ်တွေကို မီးပြန်ရှို့ပြီး ပင်လယ်ဖက်ကိုထွက်ပြေးကြတယ်။ ဒီနေ့ မီးရှို့မှု
ကြောင့် သူတို့အိမ် ငါးလုံးလောက်မီးလောင်ပေမယ့် ရခိုင်အိမ်တွေအပါအ၀င်
စုစုပေါင်း ၇၀ ကျော်လောက် မီးလောင်ဆုံးရှုံးပျက်စီး ခဲ့ရတယ်” ဟု ဇွန်လ ၁၅
ရက်နေ့ အရုဏ် တစ်နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ေ
သာ စစ်တွေမြို့မီးလောင်မှုအနီး
နေထိုင်သူ ဒေသခံ တစ်ဦးကအခင်းဖြစ်ရာနေရာတွင် ပြောသည်။

ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ သေကြေမှုများ၊

ပဋိပက္ခများနည်းပါးသွားခဲ့သော်လည
်း၊ စစ်တွေမြို့နေရာတချို့တွင် မီးလောင်မှုများ
ဇွန်လ၁၆ ရက်နေ့အထိ ဟိုတစ်စ ဒီတစ်စ လောင်ကျွမ်းမှုရှိနေဆဲဖြစ်သည်။

“မီးရှို့တဲ့လူတွေက ကျွန်တော်တို့ဖက်ကမဟုတ်ဘူး။

ကိုယ့်ဖက်ကဆိုထိန်းလို့ရတယ်။ တစ်ဖက်တည်းကို ငြိမ်း အေးအောင် လုပ်နေလို့
မရဘူး။သူတို့ဖက်က သူတို့လူတွေကို ထိန်းနိုင်ဖို့လိုတယ်။
မထိန်းနိုင်ရင်ဒီကိစ္စတွေ မငြိမ်းနိုင်ဘူး နှစ်ဖက်စလုံးမှာရှိလူ လူထုတွေက
ကြားမှာဓားစာခံဖြစ်သွားတာတွေရှိ
တယ်”ဟု RNDP ပါတီမှ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

ဘင်္ဂါလီဒုက္ခသည်များ အများဆုံးစုဝေးလျှက်ရှိသည့်

စစ်တွေမြို့၊သဲချောင်းကျေးရွာအန
ီးတွင် တပ်မတော်စစ် ကြောင်းမှ
လုံခြုံရေးရယူထားပြီးယင်းဒုက္ခသည
်များအတွက် စားနပ်ရိက္ခာများကို
တပ်မတော်စစ်ကြောင်းများက တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိသည်ကို တွေ့ရသည်။

ဘင်္ဂါလီဒုက္ခသည်စခန်းအနီးတွင်

တည်ရှိသောသဲချောင်းဘုန်းတော်ကြီ
းကျောင်းအတွင်းရှိ ရခိုင်ဒုက္ခသည် ငါးရာ

ခန့်အတွက်လည်း ယင်းတပ်မတော် စစ်ကြောင်းများကပင်လုံခြုံရေးရယ
ူပေးလျှက်ရှိသည်။

“ကျွန်မတို့က ဖြစ်တဲ့နေ့ကတည်းက

ဒီကိုရောက်လာတာ။လုံခြုံရေးတွေအေ
ရာက်မြန်လို့ ဒီနားမှာ ဘာမှ မဖြစ်ခဲ့ တာ။
ကျွန်မတို့အတွက်စားဝတ်နေရေး၊ ကျန်းမာရေးတွေကို စစ်တပ်ကပဲ
လုပ်ပေးနေတယ်။ဘုန်းကြီးကျောင်းအ
ပြင်ကို တော့ လုံးဝမထွက်ရဲဘူး။
အပြင်မှာကကုလားတွေချည်းပဲ ခုနှစ်သောင်းလောက်ရှိတယ်” ဟု သဲချောင်းဘုန်းတော်ကြီး

ကျောင်းအတွင်း ရောက်ရှိနေသည့် ယင်းကျေးရွာမှ အသက် ၄၀

ကျော်အရွယ်ရခိုင်အမျိုးသမီးတစ်ဥ
ီးက ဇွန်လ ၁၄ ရက် တွင် 7Day News သို့
ပြောပြသည်။

မီးလောင်မှုကြောင့် ရွှေ့ပြောင်းထားရသော

လူမနေတော့သည့်ကျေးရွာ၊ရပ်ကွက်မျ
ားအတွင်းသို့ တပ်မတော် စစ်ကြောင်းနှင့်အတူ
ရန်ကုန်မြို့ရဲတပ်ရင်း(၆)မှ တပ်ရင်းမှူး ဒုရဲမှူးကြီးဦးစီးသော
ရှင်းလင်းရေးအဖွဲ့မှပဋိပက္ခများထ
ပ်မံ မဖြစ်ပွားစေရန်အတွက်

ဝင်ရောက်ရှာဖွေရှင်းလင်းလျှက်ရှ
ိသည်ကို တွေ့မြင်ရသည်။

“ဒီရပ်ကွက်ကလူတွေကို လုံခြုံတဲ့နေရာတွေဆီကို

ရွှေ့ပြောင်းထားပေမယ့်တချို့အိမ်
တွေမှာ လူတွေကျန်နေ သေးတဲ့အတွက်
မလိုလားအပ်တဲ့ပြဿနာတွေထပ်ဖြစ်လာ
မှာစိုးတဲ့အတွက် အိမ်တိုင်းစေ့ ၀င်ရှာပြီး
ရှင်းလင်းနေတာပါ” ဟု

စစ်တွေမြို့၊ စက်ရုံစု(နာဇီ) ရပ်ကွက်သို့

ဝင်ရောက်ရှင်းလင်းခဲ့သည့်အထက်ပါ
ရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင်

တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာသ
ည့်ရန်ကုန်တိုင်းကြက်ခြေနီ တပ်ဖွဲ့ဝင် ၄၀ ဦး၊

ပြည်နယ်နှင့်တိုင်းဒေသကြီးများမ
ှ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀တို့နှင့်အတူ
နယ်မြေခံရဲတပ်ဖွဲ့ ၀င်များ၊ တပ်မတော်သားများစုစုပေါင်းအင်အာ
း ၄၆၀ တို့သည်
မီးလောင်ပျက်စီးမှုများဖြစ်ပွားခ
ဲ့သည့် နေရာများမှအပျက် အစီးများအား
စနစ်တကျရှင်းလင်းလျှက်ရှိပြီး ၎င်းတို့အားဒေသခံပြည်သူများက အချိုရည်နှင့်
သောက်ရေသန့်များ ပေးလှူ လျှက်ရှိသည်ကို

တွေ့ရသည်။


*ဘင်္ဂါလီဒုက္ခသည်စခန်းများမြင်ကွင်း။*


စစ်တွေမြို့၊ ဘုမေရပ်ကွက်မှ ဖြတ်သန်းကာ

စစ်တွေတက္ကသိုလ်ကိုကျော်လွန်လိုက
်သည်နှင့် လမ်းတစ်ဖက် တစ်ချက်တွင်
ကယ်ဆယ်ရေးရွက်ဖျင်တဲများအစီအရီေ
တွ့လာရပြီး ယာယီဈေးငယ်လေးများကို လမ်းဘေးတွင်
ရောင်းချ

ဝယ်ယူနေသူများကို တွေ့ရှိရသည်။


လမ်းတစ်ဖက်တစ်ချက်ရှိ ဘင်္ဂါလီလူမျိုးအရွယ်စုံများမှာလည်း

စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်နှင
့်အတူ ရောယှက်နေ သည့်
ခံပြင်းစိတ်များက၎င်းတို့မျက်နှာတွ
င် အတိုင်းသားပေါ်လွှင်လျှက်ရှိသည်။

“ကျွန်တော်တို့ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ

တစ်သောင်းခုနှစ်ထောင်ကျော်ရှိပါ
တယ်။ ဗလီကြီးခြောက်ခုမှာ ဖွင့် လှစ်ထားပါတယ်။
တပ်မတော်ကဆန်တွေပေးတဲ့အတွက် စားသောက်နေရပါတယ်။ ဒီမှာ လက်ရှိ
ရှိတဲ့လူဦးရေနဲ့ဆိုရင် လူဦးရေစုစုပေါင်း ခုနှစ်သောင်း နီးပါး ရှိနေကြပါတယ်”
ဟု စစ်တွေမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့် က

၎င်းတို့နေရာသို့ တပ်မတော်စစ်ကြောင်းနှင့်အတူ လိုက်ပါလာကြသော မီဒီယာများသို့ဇွန်

၁၅ ရက် ညပိုင်းတွင် ပြောခဲ့ သည်။

၎င်းတို့အနေဖြင့် ယခင်နေထိုင်ရာ ကျေးရွာ ရပ်ကွက်များတွင်

ပြန်လည်နေထိုင်ရန်အများစုက ဆန္ဒရှိနေကြသော် လည်း ၎င်းတို့အတွက် တာဝန်ရှိသူများက
မည်သို့စီစဉ်နေရာချထားပေးမည်ကို
မသိရှိရသေးကြောင်း ဘင်္ဂါလီဒုက္ခသည် အများစုက

တညီတညွှတ်တည်း ပြောကြသည်။


“ကျွန်တော်တို့နေထိုင်ဖို့အတွက်

အရင်နေရာလေးတွေမှာပြန်ချပေးစေချ
င်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျွန် တော်တို့အတွက်

သင့်တော်မယ့် နေရာလေးတစ်ခုခု စီစဉ်ပြီးတော့

တာဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေ
းစေချင်ပါတယ် ။ ဒီပြဿနာမှာ
ကျွန်တော်တို့ဖက်ကမှားခဲ့တယ်ဆို
ရင်လည်း တောင်းပန်ပါတယ်” ဟု စစ်တွေမြို့၊

အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့်ကဆိုသည်။


စစ်တွေမြို့ပေါ်ရှိ ပြည်သူအများစုကြားတွင် ဘင်္ဂ

ါလီဒုက္ခသည်စခန်းများသို့တခြားဒေ
သများမှ ဘင်္ဂါလီများ လာ
ရောက်စုဝေးစုရုံးနေသည်ဟုသတင်းမျ
ားထွက်ပေါ်နေမှုကို ဦးလှမြင့်က ငြင်းဆန်ခဲ့ပြီး
အကယ်၍လာရောက်သည်ဆိုပါက လည်း
၎င်းတို့ကိုယ်တိုင်သတ်ဖြတ်၍ပင်လယ်အ
တွင်းမျှောချပစ်မည်ဟု ပြောလေသည်။

*လက်ရှိစစ်တွေမြို့ပေါ်အခြေအနေ(၁
၇.၆.၂၀၁၂-တနင်္ဂနွေနေ့)*

စစ်တွေမြို့ပေါ်တွင် ဈေးဆိုင်ခန်းတချို့

ဖွင့်လှစ်ရောင်းချလာကြပြီးပြည်သ
ူအများစုမှာ ယခင်ပုံမှန်နီးပါးအတိုင်း
သွားလာလှုပ်ရှားနေကြပြီဖြစ်သည်ကိ
ု တွေ့ရသည်။
မော်တော်ယာဉ်အများစုမှာကယ်ဆယ်ရေ
းစခန်းများအတွက် စားနပ်ရိက္ခာ နှင့်
ထမင်းထုတ်များ၊ရေသန့်ဘူးများတင်
ဆောင်ကာ မြို့တွင်းလမ်းမများတွင် သွားလာနေကြသည်။

စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများအတွက်

အလှူငွေနှင့်စားနပ်ရိက္ခာများ အလှူခံလျှက်ရှိသည့် နေရာ များကို
အသီးသီးတွေ့မြင်နေရသည်။ယခင်တွေ့
မြင်နေကျမြင်ကွင်းများနှင့်
ခြားနားသည်မှာစစ်တွေမြို့လမ်းမျ
ားပေါ်တွင် ဘင်္ဂါလီလူမျိုးများကို
မတွေ့မြင်ရခြင်းပင်ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ယခု ၁၇ ရက်နေ့အထိ

ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပြီးယင်
းဥပဒေရုပ်သိမ်းပါက နောက်ဆက်
တွဲပြဿနာများဖြစ်ပေါ်လာမည်ကိုရခိ
ုင်လူမျိုးအများစုက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

“မာရှယ်လောက အခုရုပ်သိမ်းလို့မဖြစ်သေးဘူး။ ညဖက်

မာရှယ်လောရှိနေလို့လည်းဒီလောက်ြ
ငိမ်နေတာ။ မရှိ ရင် ဟိုဖက်ဒီဖက်
ပြဿနာတွေဖြစ်နိုင်သေးတယ်။အဓိကကေ
တာ့ လုံခြုံရေးအင်အား အပြည့်အ၀မရှိတာရယ်၊
လုံခြုံရေး ယူထားတဲ့လူတွေ

မကျွမ်းကျင်တာရယ်ပဲ။ ဒီညတွေတော့ စစ်တွေမြို့က နေရာ ၂၀

ကျော်ကိုစစ်တပ်လုံခြုံရေးအပြည့်
ချထားတဲ့ အတွက် ပြဿနာတွေ မရှိပါဘူး” ဟု RNDP
ပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

အနှေးယာဉ်မောင်းများ၊

ဆိုင်ကယ်တက္ကစီများလည်းပြန်လည်ထ
ွက်လာကြပြီဖြစ်ပြီး စာသင်ကျောင်းများမှာတော့

ဆက်လက်ပိတ်ထားဆဲဖြစ်သည်။


*ယနေ့ ၂၀.၆.၂၀၁၂။*


*တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေဖြစ်ပေါ်လာမှုအရ တည်ငြိမ်စပြုလာပြီဟု*


*ယူဆရသော်လည်း ဒေသခံရခိုင်တိုင်းရင်း သားများမှာ သတိတရားလက်ကိုင်ထားကာ*


*သွားလာနေကြဆဲပင်ဖြစ်ပါသည်။*


*(စာပေစိစစ်ရေးမှ ဖော်ပြခွင့်မပြုခဲ့သည့် ယခုအပတ်ဆောင်းပါးဖြစ်ပါသည်)*
From facebook page 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis