menu

Tuesday 22 May 2012

Facebook ပူးတွဲတည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ် လက်ထပ်





ဇက်ကာဘာ့ဂ်နှင့် Priscilla Chan တို့၏ မင်္ဂလာဓာတ်ပုံကို Facebook တွင် တင်ထားစဉ်
နာမည်ကျော် လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook  ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘာ့ဂ်သည် ကာလရှည်တွဲလာခဲ့သော ချစ်သူ တရုတ်-အမေရိကန်နွယ်ဖွား Priscilla Chan နှင့် မေလ ၁၉ ရက်တွင် သူ၏အိမ်၌ လက်ထပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ လက်ထပ်သည့်သတင်းကို Facebook ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ အသက် ၂၈ နှစ်ရှိ ဇက်ကာဘာ့ဂ်က ၎င်းတို့၏ ရိုးရှင်းသော မင်္ဂလာပွဲဓာတ်ပုံ တစ်ပုံကို Facebook တွင်တင်ခဲ့ပြီး သူတို့နှစ်ဦးစလုံး၏ Facebook  ကို relationshipသို့ ပြောင်းလဲခဲ့သည်။ သူတို့နှစ်ဦးသည် ၂၀၀၃ ခုနှစ်တွင် စတင်တွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဇက်ကာဘာ့ဂ်သည် ဟားဗတ်တက္ကသိုလ်၌ ဒုတိယနှစ်တက်ရောက်နေစဉ် Chan နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ Chan သည် ဆန်ဖရစ္စကိုပြည်နယ်၊ ကာလီဖိုးနီးယားတက္ကသိုလ်ရှိ ဆေးကျောင်းမှ ဘွဲ့ရခဲ့ကြောင်း သူ၏ Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။
ကာလီဖိုးနီးယားအခြေစိုက် Facebook ကုမ္ပဏီက အများပိုင်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး တစ်ရက်အကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis