menu

Wednesday 18 April 2012

၁၂ နှစ်ကြာကာလအတွင်း ပထမဆုံးအဖြစ် ဂျပန်လေကြောင်းလိုင်း All Nippon Airways က ရန်ကုန်-ဂျပန် တိုက်ရိုက်ပျံသန်းရန် စီစဉ်နေ

jp01

၁၂ နှစ်ကြာကာလအတွင်း ပထမဆုံးအနေနှင့် ဂျပန်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်သည့် All Nippon Airways Co. က မြန်မာနိုင်ငံနှင့် ပုံမှန် လေကြောင်းပျံသန်းမှုများ ပြန်လည် ပြုလုပ်တော့မည်ဟု အဆိုပါလေကြောင်းလိုင်းကုမ္ပဏီက ဧပြီလ ၁၁ ရက်နေ့က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနကဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ သမိုင်းဝင် ကြားဖြတ်ရွေးကောက်ပွဲအပြီး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာအများစုတွင် အနိုင်ရ အပြီးတွင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများလည်း ပြေလျော့ဖွယ်ရှိလာကာ နိုင်ငံတကာ ခရီးသွားများ၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုလည်း မြင့်တက်လာခဲ့သည်။
''ကျွန်တော်တို့က Flight ကို အတတ်နိုင်ဆုံး အမြန်စတင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်''ဟု အဆိုပါ လေကြောင်းလိုင်း၏ ဥက္ကဋ္ဌ ရှိနိချိယိုအိတိုက ပုံမှန်အစည်းအဝေးတစ်ခုတွင် ပြောကြားသွားခဲ့သည်။
လေကြောင်းလိုင်းကို တိုကျိုမြို့ နာရိတာလေဆိပ်နှင့် ရန်ကုန်ကို တိုက်ရိုက်ပျံသန်းသွားရန် ဆုံးဖြတ်ထားသည်ဟု အဆိုပါလေကြောင်း လိုင်း၏ ဥက္ကဋ္ဌကဆိုပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အပြီးတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ စီးပွားရေးလုပ်ကိုင်ရန်နှင့် ဈေးကွက် သုတေသနပြုလုပ်လိုသူ ဂျပန်နိုင်ငံသားများ တိုးလာနေပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စင်ကာပူတို့ မှတစ်ဆင့် လေကြောင်းဖြင့်သာ သွားလာနေရကြောင်း သိရသည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများ ဖော်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်တော့မည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက ပြောကြားခဲ့သဖြင့် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့လာရောက်ရန် တွန်းအား ဖြစ်စေခဲ့သည်။
ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံးဘဏ်ဖြစ်သော Mizuho Corporate Bank ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် ရည်မျှော်၍ မြန်မာနိုင်ငံတွင် မကြာသေးမီကမှ ရုံးခွဲဖွင့်လှစ်ခဲ့သလို စတိုးဆိုင်ကြီးတစ်ခုဖြစ်သော Lawson Inc  ကလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိနေသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis