menu

Wednesday 18 April 2012

အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ စတင်ဖြေလျော့၊ ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန်စီစဉ်နေ




ausi
မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင်ဖြေလျော့ရန် သြစတြေးလျမှ တရားဝင်ထုတ်ပြန်မှုတစ်ခု
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ စတင်ဖြေလျော့ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန် စီစဉ်နေကြပြီဖြစ်သည်။
အမေရိကန်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှုဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
''ကျွန်မတို့ဘက်က ရှေ့ဆက်လှမ်းဖို့ ပြင်ဆင်ပြီးပါပြီ။ ပထမအဆင့်အနေနဲ့ မကြာခင်မှာ သံအမတ်ကြီးအဆင့် ရန်ကုန်မှာထားရှိသွားဖို့ သဘောတူညီချက် ရယူသွားပါမယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ဘက်က အဆိုတင်သွင်းသူကို တရားဝင် ကြေညာပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံထဲမှာ USAID ကိုယ်စားလှယ်အဖွဲ့ကို ထားရှိပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန်  နိုင်ငံတွင်း လုပ်ငန်းစဉ်တွေကို အကူအညီပေးသွားပါမယ်။ တတိယအဆင့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကနေ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းစဉ်များအထိ အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေက  ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ အကျိုးအမြတ်မယူဘဲ ဆောင်ရွက်နိုင်စေဖို့ပါပဲ။ စတုတ္ထအဆင့်အနေနဲ့ အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်အောင် ကူညီပေးသွားဖို့ဖြစ်ပါတယ်။ ပဉ္စမအဆင့်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ပေးဖို့ အတွက် အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိတ်ဆို့ထားတာတွေကို စိစစ်ပြီး လျော့ချပေးသွားပါမယ်။ ဒီလို သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးမှာ လမ်းမှားပေါ်မှာပဲ ဆက်ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အပေါ်ထားရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်ချက်တွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere က ဧပြီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
သို့ရာတွင် လက်နက်ရောင်းချမှုကိုမူ ဆက်လက်ပိတ်ပင်ထားဦး မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သြစတြေးလျနိုင်ငံကလည်း မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးကို ထောက်ခံအားပေးသည့် အနေဖြင့် အရေးယူပိတ်ဆို့ထားမှုကို ဖြေလျော့ပေးရန်နှင့် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လုပ်သွားရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကားနှင့် ကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ် အီမာဆန်တို့က သြစတြေးလျအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲနေမှုတွေကို နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ကားက''ကျွန်တော်တိုရဲ့ အရေးယူပိတ်ဆို့မှုတွေကို လျော့ချပေးပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးခြင်းအားဖြင့် အခုချိန် မြန်မာပြည်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအပြောင်း အလဲတွေကို ပိုမို ခရီးရောက်စေပါမယ်။ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအပြောင်းအလဲတွေကို အခြေပြုပြီး မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်စေမယ့် အပြောင်းအလဲတွေ ရေရှည်ဖြစ်နိုင်မယ့် အခြေအနေတွေ ဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပိုလုပ်သွားမယ်'' ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံက ဖြေလျော့ပေးလိုက်သည့် အရေးယူပိတ်ဆို့မှုအချို့မှာ ငွေရေးကြေးရေးနှင့် ခရီးသွားလာခွင့် ဆိုင်ရာပိတ်ဆို့ အရေးယူထားသည့် မြန်မာနိုင်ငံမှတာဝန်ရှိသူ စုစုပေါင်း ၃၉၂ ဦးထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ပြီး စစ် ဘက် အရာရှိများ အပါအ၀င်ဆက်ပြီး အရေးယူထားသူ ၁၃၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ဖယ်ရှားပေးလိုက်သူများထဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့နှင့် လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာလက်နက် ရောင်းချမှုကိုမူ ဆက်လက်ပြီး ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများ အနက်အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဧပြီလ ၁၃ ရက် နေ့က ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ဥရောပသမဂ္ဂကလည်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် ရှိနေပြီး အချို့သော အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ရန် ရှိနေကြောင်း သတင်းများထွက် ပေါ်နေသည်။
သို့ရာတွင် အရေးယူပိတ်ဆို့မှု မည်မျကို ဖယ်ရှားသင့်သည်၊ မသင့်သည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံများ အကြား အမြင်ကွဲပြားမှုများလည်း ရှိနေသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးသည် လာမည့်  ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ထိုကဲ့သို့ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင် ဖြေလျော့ပေးနေမှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ  လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များကလည်း ကြိုဆိုခဲ့ကြပြီး အရေးယူပိတ်ဆို့မှု များကို ချက်ချင်းရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အီးယူအပါအ၀င် အနောက်နိုင်ငံတချို့ရဲ့ နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုဟာ ပြည်သူကို အဓိကထိခိုက်တယ်လို့ ယူဆပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခြေအနေကို ကြည့်ပြီးမှ sanctions ကို အလုံးစုံ ရုပ်သိမ်းမယ်၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ထားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတွေ အဓိကနစ်နာမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန်၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက် နိုင်ကြဖို့အတွက် sanctions က အပေး အယူသဘောမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ဖို့ဆိုရင် sanctions ကို ချက်ချင်းရုပ်သိမ်းသင့်တယ်လို့ ယူ ဆပါတယ်''ဟု ပြောကြားခဲ့သည်။
''စီးပွားရေး ပိတ်ဆို့မှုတွေကတော့ ရုပ်သိမ်းသွားရမှာပဲ။ အခုချိန်မှာ တချို့ကို ရုပ်သိမ်းသွားပြီး တချို့ကိုတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်။ အားလုံး ရုပ်သိမ်းဖို့အတွက် အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက်ပဲ လိုတော့မယ်။ ဘာပဲပြောပြော လုပ်ထုံးလုပ်နည်းအရ ရက် ၆၀ မပြည့်သေးပေမယ့်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ကို ဧပြီ ၂၃ မှာ စမယ့် လွှတ်တော်ပုံမှန်အစည်းအဝေးကို တက်ဖို့ ဖိတ်ကြားတာ၊ NLD မှတ်ပုံတင်နိုင်အောင် လုပ်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်စေတာတွေဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခင်းအကျင်းတွေဖြစ်နေတယ်။ နောက်ပြီး အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေက တိုက်ရိုက်အနေအထားနဲ့ ၀င်လာမှာတော့ မဟုတ်ဘူး။ IMF တို့၊ World Bank  တို့ Stock လုပ်ငန်းတွေ အဲဒါတွေက တစ်ဆင့်ဝင်လာမှာ။ အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေကို တချို့ရုပ်သိမ်းပေးပြီး တချို့ရပ်ပေးတယ်ဆိုတာ တော်တော်ကောင်းတဲ့ အနေအထားပါ။ တစ်ခု သိထားလို့ရတာက အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ အမေရိကန် အစိုးရရဲ့ မူဝါဒ ပဲ။ အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီက ဒီမူဝါဒကို မလိုက်နာရင်လည်း ဖြစ်တယ်။ အရင်ကလည်း Coca Cola တို့၊ Total တို့တွေ ဒီ နိုင်ငံထဲ လာခဲ့ဖူးတာပဲ။ ရှယ်ယာရှင် တွေက ကန့်ကွက်လို့၊ သူတို့အတွက် အမှန်တကယ် အကျိုးမရှိလို့သာလျင် သူတို့ ပြန်ထွက်သွားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ စီးပွားရေးပိတ်ဆို့မှု ရပ်နားထားတယ် ဆိုရင်ပဲ သက်ဆိုင်ရာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို လာလို့ရပါပြီ။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာလို့မြင်တယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)က ''ဘယ်နိုင်ငံမှာ မဆိုပါ စီးပွားရေးပိတ်ဆို့မှု လုပ်တာကို ကျွန်တော်လည်း နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုတွေကို ဖွင့်လိုက်တဲ့အခါ ဒီလိုဖွင့်လိုက်မှုဟာ သန်းပေါင်း ၆၀ သော ပြည်သူလူထုဆီကို ရောက်နိုင်မှာလား၊ အခြေခံလူတန်းစားတွေဆီကို ရောက်နိုင်မှာလား။ အဲဒါတွေကို ပြန်ကြည့်ရမှာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကို ကျွန်တော်တို့လည်း ဖွင့်စေချင်ပါတယ်။ အကုန်လုံး မဟုတ်တောင် ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ထိရောက်မှုရှိအောင် ဖွင့်စေချင်တယ်။ တခြားတစ်ဖက်မှာလည်း အစိုးရအဖွဲ့အနေနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ဘတ်ဂျက်ကိုတိုး သုံးစေချင်တယ်။ ကျန်တဲ့ အဆင့်တွေကိုလည်း တစ်ဆင့်ချင်းလာခဲ့ပါ။ တိုင်းရင်းသား အရေး ဆွေးနွေးတဲ့အခါမှာလည်း သူတို့ယုံကြည်တဲ့သူနဲ့ ပြေလည်အောင် ညှိနှိုင်းပြီး လုပ်ပေးစေချင်ပါတယ်။ KNU နဲ့တောင် ပြေလည်အောင် လုပ်နိုင်သေးတာပါ။ ကျန်တဲ့သူတွေနဲ့လည်း ပြေလည်အောင်လုပ်နိုင်မယ့် သူတွေနဲ့ အစားထိုးပြီး လုပ်ပေးပါလို့ အစိုးရကို ကျွန်တော်က တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဒေါ်လှမြင့်က ''ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ရလဒ်တွေအရ  မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံတို့က ဖြေ လျော့ပေးဖို့ ပြင်ဆင်လာကြပါပြီ။ ဒါပေမယ့် ဒါကအစပဲရှိသေးတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်သွားတဲ့အတွက် ပိတ်ဆို့ထားတဲ့နိုင်ငံတွေက ပြန်ဖြေလျော့ပေးမှာ မှန်ပေမယ့် နိုင်ငံက ၀ုန်းဆိုချက်ချင်းကြီးပြောင်း လဲသွားမှာမဟုတ်ဘူး။ မှော်ကြိမ်လုံးနဲ့ တို့လိုက်သလို ချက်ချင်းပြောင်းလဲ သွားမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ရုပ်လိုက်လို့ ဆီကို ရေချိုး ဆေးရိုးမီးလှုံ အခြေအနေဖြစ်မှာတော့ မဟုတ်ဘူး။  မြန်မာနိုင်ငံရဲ့အနေအထား ဒီလိုဖြစ် နေတာ အကြောင်းအချက် များစွာရှိတယ်။ ပိတ်ဆို့မှုတွေမှာလည်း အကြောင်းအရင်းများစွာရှိတယ်။ ချ မှတ်ထားတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီး စည်းစနစ်နဲ့ အလုပ်လုပ်တဲ့နိုင်ငံတွေ လည်းဖြစ်တော့ ဒီက ပြောင်းလဲတဲ့ အပြောင်းအလဲတွေအလိုက် ဘယ်လောက်ထိ ပြန်လျော့မယ်ဆိုတာ သူတို့ပဲသိမှာပါ။ ကမ္ဘာမှာ မြန်မာကို မသိသူ ရှိပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ကို မသိသူ မရှိလောက်ဘူး။ အခုနိုင်ငံရေးမှာ သူဒီလောက်ထိပါဝင် ခွင့်ရလာတဲ့အတွက် အဲဒီရဲ့တန်ပြန် သက်ရောက်မှုကို မြန်မာနိုင်ငံက ခံစားရမှာပါ။ ဒါကြောင့် မကြာခင်မှာပဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖြေ လျော့တာမျိုး ဖြစ်လာမယ်လို့ ယူဆပါတယ်''ဟု သုံးသပ်ခဲ့သည်။
ပါမောက္ခ ဒေါ်ရီရီမြင့်ကလည်း ''အခုအစပဲရှိပါသေးတယ်။ အမေရိကန်နဲ့ အီးယူရော ဂျပန်ပါ တချို့ကို ပြန်ဖြေလျော့ပေမယ့် တချို့ကို ဆက်စောင့်ကြည့်ဦးမယ့် သဘောရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဆက်ပြီး လုပ်ပြရဦးမယ်။ အမေရိကန်ထက် အီးယူနဲ့ ဂျပန်က ပိုပြီး လိုက်လိုက်လျောလျော ရှိနိုင်တယ်။ ဘယ်ဖြေလျော့မှုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဦးမော်သန်းက ပိတ်ဆို့မှုများ ဖြေလျော့လာသည်နှင့်အမျှ နိုင်ငံအတွင်း၌ ပြည်တွင်းပြည်ပ စီးပွားရေးပလေယာများ များလာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရပိုင်းက စီးပွားရေးယှဉ်ပြိုင်မှုများအကြားတွင် သန့်ရှင်းအောင်၊ တရားမျှတအောင်၊ သင့်တော်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရန်လည်း လိုပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း ခေတ်စနစ်အမျိုးမျိုးကြား၌ လုပ်ဖူးသလို နိုင်ငံတကာ လုပ်ငန်းများအနေဖြင့်လည်း နိုင်ငံမျိုးစုံတွင် နည်းမျိုးစုံဖြင့် လုပ်ခဲ့ဖူးကြသည်ဖြစ်သည့်အတွက် ဥပဒေများ၊ အခွန်များ၊ စည်းမျဉ်း စည်းကမ်းများကြားတွင် လှည့်နိုင် ပတ်နိုင်ကြ၍ အစိုးရက နိုင်ငံနှင့် ပြည်သူလူထု မထိခိုက်အောင် လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့သည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများ
ဥရောပသမဂ္ဂ
- ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် တင်းကျပ်သော အရေးယူမှုများဟု ခေါ်ဝေါ်သော ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ လက်နက်များ၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် သုံးနိုင်သောကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ပေးပို့မှုများ ကို ပိတ်ပင်ခဲ့သည်။
- သစ်ထုတ်လုပ်ရေး၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးတို့နှင့်ဆိုင်သော ကိရိယာများ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး ယင်းတို့ကို တင်သွင်းခြင်းကိုလည်း ကန့်သတ်ခဲ့သည်။ ယင်းကဏ္ဍများရှိ မြန်မာကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။ စွမ်းအင် နှင့် ခရီးသွားလာရေးကဲ့သို့သော ကဏ္ဍများမှာမူ မပါဝင်ခဲ့ပေ။
- ဒီမိုကရေစီရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး၊ အကျပ်အတည်း ဖြေရှင်းရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့မှအပ အခြားကဏ္ဍများတွင် အကူအညီများပေးအပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလတွင် မြန်မာထိပ်တန်း ခေါင်းဆောင်ပိုင်းမှ ၈၇ ဦး အပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ယာယီရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ၄င်းတို့နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ မိသားစုများ၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းကိုမူ ဆက်လက်လုပ် ဆောင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင်ပင် မြန်မာနိုင်ငံ၌ အကူအညီပေးရေး အစီအစဉ်များနှင့် ဆွေးနွေးမှုများ တိုးမြှင့်နိုင်ရေး ကိုယ်စားလှယ်ရုံးဖွင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- နှစ်နှစ်ကြာမြင့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု အစီအစဉ်ဖြစ်သော ယူရိုသန်း ၁၅၀ တန်ဖိုးရှိ အစီအစဉ်ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- ၂၀၁၂ ခုနှစ် ဧပြီလ၂၃ ရက် နေ့တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ရန် ဆွေးနွေးကြမည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ လူ ၅၀၀ နီးပါးနှင့်သီးခြား ကဏ္ဍနှင့် လုပ်ငန်း ၉၀၀ နီးပါး၏ ဥရောပရှိ ပိုင်ဆိုင်မှုများထိန်းချုပ်ထားခြင်းကို ယင်းဆွေးနွေးမှုတွင် ဖယ်ရှားပေးဖွယ်ရှိနေသည်။
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ယာယီဖယ်ရှားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ထားသည်။
အမေရိကန်ပြည်ထောင်စု
- ၁၉၉၇ ခုနှစ်တွင် အမေရိကန် နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- Burma Freedom and Democracy Act of 2003 အရ မြန်မာနိုင်ငံမှ တင်ပို့မှုအားလုံး၊ ဘဏ္ဍာရေး ကူးလူးယှက်နွှယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းအားလုံးကို ကန့်သတ်ခဲ့သလို  မြန်မာနိုင်ငံတွင်းရှိ ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့် မြန်မာအစိုးရထိပ်တန်း  ခေါင်းဆောင်ပိုင်း၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်းများကို ထပ်တိုးခဲ့သည်။ မြန်မာကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။
- ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတွင် ပါဝင်သူ မည်သူမဆို၊ ယခင်စစ်အစိုးရကို ထောက်ပံ့ပေးသူ မည်သူမဆိုအပေါ် အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း ပြုလုပ်ခဲ့သည်။
-၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေး စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင်  မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီနှင့် လေ့လာသုံးသပ်ရေး အစီအစဉ်များ ပေးအပ်ရေးကို အကူအညီပေးနိုင်ရန် ပိတ်ပင်မှု အချို့ကို ဖယ်ရှားပေးခဲ့သည်။
- ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီကလင်တန်က အရေးယူပိတ်ဆို့မှုများ စတင်ဖြေလျော့နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာအရာရှိများ အမေရိကန်သို့ လွယ်ကူစွာ လာရောက်နိုင်ရေးမှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် အမေရိကန်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။
- သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပေါ်တွင်မူ အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ၾသစေၾတးလ်
- ၂၀၀၇ ခုနှစ် အောက်တိုဘာလက  သြစတြေးလျသည် မြန်မာခေါင်းဆောင်ပိုင်းနှင့် ၄င်းတို့၏ အပေါင်းအပါများ၊ ထောက်ခံသူများ အပေါ် အရေးယူ ပိတ်ဆို့ခဲ့သည်။ ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှု အပါအ၀င် ဘဏ္ဍာရေးအရ ချိတ်ဆက်မှုများ၊ ဗီဇာနှင့် ခရီးသွားလာမှုများကိုပါ ပိတ်ပင်ခဲ့သည်။ လက်နက်တင်ပို့မှုနှင့် ပတ်သက်ပြီးလည်း ပိတ်ပင်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
-၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာသမ္မတနှင့် အခြားပုဂ္ဂိုလ် ၂၀၀ ကျော်အား ဘဏ္ဍာရေးနှင့် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ သို့ရာတွင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်အချို့နှင့် လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၁၃၀ ခန့်ကို ပိတ်ပင်မှုတွင် ဆက်လက်ထားရှိမည် ဖြစ်သည်။
နော်ဝေ
နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်နက် ကူးသန်းရောင်းဝယ်မှုကိုမူ ဆက်လက်ပိတ်ပင်ထားမည် ဖြစ်သည်။
ကနေဒါ
- ၁၉၈၈ ခုနှစ်ကတည်းက ကနေဒါသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများမှအပ မည်သည့် ကုန်ပစ္စည်းကိုမျှ မတင်ပို့ရန် ပိတ်ပင်ထားခဲ့ပြီး ဖွံ့ဖြိုးရေးအကူအညီများကိုလည်း ရပ်ဆိုင်းခဲ့သည်။
- ယခင်အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ကနေဒါနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ မြန် မာနိုင်ငံမှ တင်သွင်းမှုတို့ကို ပိတ်ပင်ခဲ့ သလို မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးခြင်းကိုလည်း ပိတ်ပင်ခဲ့ပြီး အစိုးရထိပ်တန်းအရာရှိများ၊ အစိုးရနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကနေဒါရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်မူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ကနေဒါသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြင်ဆင်ရန် (သို့မဟုတ်) အဆုံးသတ်ရန် စဉ်းစား သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
ဂျပန်
၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံက ကိုးနှစ်ကြာ ရပ်ဆိုင်းထားသော ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သည်။မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင်ဖြေလျော့ရန် သြစတြေးလျမှ တရားဝင်ထုတ်ပြန်မှုတစ်ခု
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျတို့ စတင်ဖြေလျော့ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ဖြေလျော့မှုများ ပြုလုပ်ရန် စီစဉ်နေကြပြီဖြစ်သည်။

အမေရိကန်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လများ၌ ကြားဖြတ်ရွေးကောက်ပွဲနှင့် အခြားတိုးတက်မှုဖြစ်စဉ်များကို မြင်တွေ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုက အဆင့်ငါးဆင့်ဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

''ကျွန်မတို့ဘက်က ရှေ့ဆက်လှမ်းဖို့ ပြင်ဆင်ပြီးပါပြီ။ ပထမအဆင့်အနေနဲ့ မကြာခင်မှာ သံအမတ်ကြီးအဆင့် ရန်ကုန်မှာထားရှိသွားဖို့ သဘောတူညီချက် ရယူသွားပါမယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ဘက်က အဆိုတင်သွင်းသူကို တရားဝင် ကြေညာပါမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံထဲမှာ USAID ကိုယ်စားလှယ်အဖွဲ့ကို ထားရှိပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန်  နိုင်ငံတွင်း လုပ်ငန်းစဉ်တွေကို အကူအညီပေးသွားပါမယ်။ တတိယအဆင့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကနေ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းစဉ်များအထိ အမေရိကန် ပုဂ္ဂလိကအဖွဲ့အစည်းတွေက  ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ အကျိုးအမြတ်မယူဘဲ ဆောင်ရွက်နိုင်စေဖို့ပါပဲ။ စတုတ္ထအဆင့်အနေနဲ့ အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုကို လာရောက်နိုင်အောင် ကူညီပေးသွားဖို့ဖြစ်ပါတယ်။ ပဉ္စမအဆင့်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ပေးဖို့ အတွက် အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိတ်ဆို့ထားတာတွေကို စိစစ်ပြီး လျော့ချပေးသွားပါမယ်။ ဒီလို သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးမှာ လမ်းမှားပေါ်မှာပဲ ဆက်ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အပေါ်ထားရှိတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်ချက်တွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆက်လက်ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအပေါ် စီးပွားရေး အရေးယူပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere က ဧပြီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့ရာတွင် လက်နက်ရောင်းချမှုကိုမူ ဆက်လက်ပိတ်ပင်ထားဦး မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သြစတြေးလျနိုင်ငံကလည်း မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးကို ထောက်ခံအားပေးသည့် အနေဖြင့် အရေးယူပိတ်ဆို့ထားမှုကို ဖြေလျော့ပေးရန်နှင့် မြန်မာနှင့် ပုံမှန်ကုန်သွယ်ရေး ပြန်လုပ်သွားရန် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ကားနှင့် ကုန်သွယ်ရေးဝန်ကြီး ခရိတ်ခ် အီမာဆန်တို့က သြစတြေးလျအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲနေမှုတွေကို နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ကားက''ကျွန်တော်တိုရဲ့ အရေးယူပိတ်ဆို့မှုတွေကို လျော့ချပေးပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးခြင်းအားဖြင့် အခုချိန် မြန်မာပြည်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအပြောင်း အလဲတွေကို ပိုမို ခရီးရောက်စေပါမယ်။ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအပြောင်းအလဲတွေကို အခြေပြုပြီး မြန်မာပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်စေမယ့် အပြောင်းအလဲတွေ ရေရှည်ဖြစ်နိုင်မယ့် အခြေအနေတွေ ဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပိုလုပ်သွားမယ်'' ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံက ဖြေလျော့ပေးလိုက်သည့် အရေးယူပိတ်ဆို့မှုအချို့မှာ ငွေရေးကြေးရေးနှင့် ခရီးသွားလာခွင့် ဆိုင်ရာပိတ်ဆို့ အရေးယူထားသည့် မြန်မာနိုင်ငံမှတာဝန်ရှိသူ စုစုပေါင်း ၃၉၂ ဦးထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ပြီး စစ် ဘက် အရာရှိများ အပါအ၀င်ဆက်ပြီး အရေးယူထားသူ ၁၃၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ဖယ်ရှားပေးလိုက်သူများထဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့နှင့် လွှတ်တော်ထဲမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာလက်နက် ရောင်းချမှုကိုမူ ဆက်လက်ပြီး ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများ အနက်အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဧပြီလ ၁၃ ရက် နေ့က ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ဥရောပသမဂ္ဂကလည်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် ရှိနေပြီး အချို့သော အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ရန် ရှိနေကြောင်း သတင်းများထွက် ပေါ်နေသည်။
သို့ရာတွင် အရေးယူပိတ်ဆို့မှု မည်မျကို ဖယ်ရှားသင့်သည်၊ မသင့်သည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံများ အကြား အမြင်ကွဲပြားမှုများလည်း ရှိနေသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးသည် လာမည့်  ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ထိုကဲ့သို့ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို စတင် ဖြေလျော့ပေးနေမှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ  လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များကလည်း ကြိုဆိုခဲ့ကြပြီး အရေးယူပိတ်ဆို့မှု များကို ချက်ချင်းရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အီးယူအပါအ၀င် အနောက်နိုင်ငံတချို့ရဲ့ နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုဟာ ပြည်သူကို အဓိကထိခိုက်တယ်လို့ ယူဆပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခြေအနေကို ကြည့်ပြီးမှ sanctions ကို အလုံးစုံ ရုပ်သိမ်းမယ်၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်ထားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတွေ အဓိကနစ်နာမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန်၊ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက် နိုင်ကြဖို့အတွက် sanctions က အပေး အယူသဘောမျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ဖို့ဆိုရင် sanctions ကို ချက်ချင်းရုပ်သိမ်းသင့်တယ်လို့ ယူ ဆပါတယ်''ဟု ပြောကြားခဲ့သည်။
''စီးပွားရေး ပိတ်ဆို့မှုတွေကတော့ ရုပ်သိမ်းသွားရမှာပဲ။ အခုချိန်မှာ တချို့ကို ရုပ်သိမ်းသွားပြီး တချို့ကိုတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်။ အားလုံး ရုပ်သိမ်းဖို့အတွက် အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက်ပဲ လိုတော့မယ်။ ဘာပဲပြောပြော လုပ်ထုံးလုပ်နည်းအရ ရက် ၆၀ မပြည့်သေးပေမယ့်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ကို ဧပြီ ၂၃ မှာ စမယ့် လွှတ်တော်ပုံမှန်အစည်းအဝေးကို တက်ဖို့ ဖိတ်ကြားတာ၊ NLD မှတ်ပုံတင်နိုင်အောင် လုပ်ပေးတာ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်စေတာတွေဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခင်းအကျင်းတွေဖြစ်နေတယ်။ နောက်ပြီး အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေက တိုက်ရိုက်အနေအထားနဲ့ ၀င်လာမှာတော့ မဟုတ်ဘူး။ IMF တို့၊ World Bank  တို့ Stock လုပ်ငန်းတွေ အဲဒါတွေက တစ်ဆင့်ဝင်လာမှာ။ အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှုတွေကို တချို့ရုပ်သိမ်းပေးပြီး တချို့ရပ်ပေးတယ်ဆိုတာ တော်တော်ကောင်းတဲ့ အနေအထားပါ။ တစ်ခု သိထားလို့ရတာက အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ အမေရိကန် အစိုးရရဲ့ မူဝါဒ ပဲ။ အမေရိကန်နိုင်ငံသား တစ်ဦးချင်းစီက ဒီမူဝါဒကို မလိုက်နာရင်လည်း ဖြစ်တယ်။ အရင်ကလည်း Coca Cola တို့၊ Total တို့တွေ ဒီ နိုင်ငံထဲ လာခဲ့ဖူးတာပဲ။ ရှယ်ယာရှင် တွေက ကန့်ကွက်လို့၊ သူတို့အတွက် အမှန်တကယ် အကျိုးမရှိလို့သာလျင် သူတို့ ပြန်ထွက်သွားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ စီးပွားရေးပိတ်ဆို့မှု ရပ်နားထားတယ် ဆိုရင်ပဲ သက်ဆိုင်ရာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို လာလို့ရပါပြီ။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာလို့မြင်တယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
ကိုမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)က ''ဘယ်နိုင်ငံမှာ မဆိုပါ စီးပွားရေးပိတ်ဆို့မှု လုပ်တာကို ကျွန်တော်လည်း နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုတွေကို ဖွင့်လိုက်တဲ့အခါ ဒီလိုဖွင့်လိုက်မှုဟာ သန်းပေါင်း ၆၀ သော ပြည်သူလူထုဆီကို ရောက်နိုင်မှာလား၊ အခြေခံလူတန်းစားတွေဆီကို ရောက်နိုင်မှာလား။ အဲဒါတွေကို ပြန်ကြည့်ရမှာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကို ကျွန်တော်တို့လည်း ဖွင့်စေချင်ပါတယ်။ အကုန်လုံး မဟုတ်တောင် ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ထိရောက်မှုရှိအောင် ဖွင့်စေချင်တယ်။ တခြားတစ်ဖက်မှာလည်း အစိုးရအဖွဲ့အနေနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ ဘတ်ဂျက်ကိုတိုး သုံးစေချင်တယ်။ ကျန်တဲ့ အဆင့်တွေကိုလည်း တစ်ဆင့်ချင်းလာခဲ့ပါ။ တိုင်းရင်းသား အရေး ဆွေးနွေးတဲ့အခါမှာလည်း သူတို့ယုံကြည်တဲ့သူနဲ့ ပြေလည်အောင် ညှိနှိုင်းပြီး လုပ်ပေးစေချင်ပါတယ်။ KNU နဲ့တောင် ပြေလည်အောင် လုပ်နိုင်သေးတာပါ။ ကျန်တဲ့သူတွေနဲ့လည်း ပြေလည်အောင်လုပ်နိုင်မယ့် သူတွေနဲ့ အစားထိုးပြီး လုပ်ပေးပါလို့ အစိုးရကို ကျွန်တော်က တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပါမောက္ခဒေါ်လှမြင့်က ''ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ရလဒ်တွေအရ  မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အမေရိကန်၊ အီးယူ၊ ဂျပန်နိုင်ငံတို့က ဖြေ လျော့ပေးဖို့ ပြင်ဆင်လာကြပါပြီ။ ဒါပေမယ့် ဒါကအစပဲရှိသေးတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်သွားတဲ့အတွက် ပိတ်ဆို့ထားတဲ့နိုင်ငံတွေက ပြန်ဖြေလျော့ပေးမှာ မှန်ပေမယ့် နိုင်ငံက ၀ုန်းဆိုချက်ချင်းကြီးပြောင်း လဲသွားမှာမဟုတ်ဘူး။ မှော်ကြိမ်လုံးနဲ့ တို့လိုက်သလို ချက်ချင်းပြောင်းလဲ သွားမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ရုပ်လိုက်လို့ ဆီကို ရေချိုး ဆေးရိုးမီးလှုံ အခြေအနေဖြစ်မှာတော့ မဟုတ်ဘူး။  မြန်မာနိုင်ငံရဲ့အနေအထား ဒီလိုဖြစ် နေတာ အကြောင်းအချက် များစွာရှိတယ်။ ပိတ်ဆို့မှုတွေမှာလည်း အကြောင်းအရင်းများစွာရှိတယ်။ ချ မှတ်ထားတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီး စည်းစနစ်နဲ့ အလုပ်လုပ်တဲ့နိုင်ငံတွေ လည်းဖြစ်တော့ ဒီက ပြောင်းလဲတဲ့ အပြောင်းအလဲတွေအလိုက် ဘယ်လောက်ထိ ပြန်လျော့မယ်ဆိုတာ သူတို့ပဲသိမှာပါ။ ကမ္ဘာမှာ မြန်မာကို မသိသူ ရှိပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ကို မသိသူ မရှိလောက်ဘူး။ အခုနိုင်ငံရေးမှာ သူဒီလောက်ထိပါဝင် ခွင့်ရလာတဲ့အတွက် အဲဒီရဲ့တန်ပြန် သက်ရောက်မှုကို မြန်မာနိုင်ငံက ခံစားရမှာပါ။ ဒါကြောင့် မကြာခင်မှာပဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေ ပြန်ဖြေ လျော့တာမျိုး ဖြစ်လာမယ်လို့ ယူဆပါတယ်''ဟု သုံးသပ်ခဲ့သည်။
ပါမောက္ခ ဒေါ်ရီရီမြင့်ကလည်း ''အခုအစပဲရှိပါသေးတယ်။ အမေရိကန်နဲ့ အီးယူရော ဂျပန်ပါ တချို့ကို ပြန်ဖြေလျော့ပေမယ့် တချို့ကို ဆက်စောင့်ကြည့်ဦးမယ့် သဘောရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်က ဆက်ပြီး လုပ်ပြရဦးမယ်။ အမေရိကန်ထက် အီးယူနဲ့ ဂျပန်က ပိုပြီး လိုက်လိုက်လျောလျော ရှိနိုင်တယ်။ ဘယ်ဖြေလျော့မှုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကောင်းတယ်''ဟု ပြောကြားခဲ့သည်။
ပါမောက္ခဦးမော်သန်းက ပိတ်ဆို့မှုများ ဖြေလျော့လာသည်နှင့်အမျှ နိုင်ငံအတွင်း၌ ပြည်တွင်းပြည်ပ စီးပွားရေးပလေယာများ များလာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရပိုင်းက စီးပွားရေးယှဉ်ပြိုင်မှုများအကြားတွင် သန့်ရှင်းအောင်၊ တရားမျှတအောင်၊ သင့်တော်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရန်လည်း လိုပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း ခေတ်စနစ်အမျိုးမျိုးကြား၌ လုပ်ဖူးသလို နိုင်ငံတကာ လုပ်ငန်းများအနေဖြင့်လည်း နိုင်ငံမျိုးစုံတွင် နည်းမျိုးစုံဖြင့် လုပ်ခဲ့ဖူးကြသည်ဖြစ်သည့်အတွက် ဥပဒေများ၊ အခွန်များ၊ စည်းမျဉ်း စည်းကမ်းများကြားတွင် လှည့်နိုင် ပတ်နိုင်ကြ၍ အစိုးရက နိုင်ငံနှင့် ပြည်သူလူထု မထိခိုက်အောင် လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့သည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများ
ဥရောပသမဂ္ဂ
- ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် တင်းကျပ်သော အရေးယူမှုများဟု ခေါ်ဝေါ်သော ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ လက်နက်များ၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် သုံးနိုင်သောကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ပေးပို့မှုများ ကို ပိတ်ပင်ခဲ့သည်။
- သစ်ထုတ်လုပ်ရေး၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးတို့နှင့်ဆိုင်သော ကိရိယာများ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး ယင်းတို့ကို တင်သွင်းခြင်းကိုလည်း ကန့်သတ်ခဲ့သည်။ ယင်းကဏ္ဍများရှိ မြန်မာကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။ စွမ်းအင် နှင့် ခရီးသွားလာရေးကဲ့သို့သော ကဏ္ဍများမှာမူ မပါဝင်ခဲ့ပေ။
- ဒီမိုကရေစီရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး၊ အကျပ်အတည်း ဖြေရှင်းရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့မှအပ အခြားကဏ္ဍများတွင် အကူအညီများပေးအပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလတွင် မြန်မာထိပ်တန်း ခေါင်းဆောင်ပိုင်းမှ ၈၇ ဦး အပေါ် ဗီဇာပိတ်ပင်ထားခြင်းကို ယာယီရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ၄င်းတို့နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ မိသားစုများ၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းကိုမူ ဆက်လက်လုပ် ဆောင်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင်ပင် မြန်မာနိုင်ငံ၌ အကူအညီပေးရေး အစီအစဉ်များနှင့် ဆွေးနွေးမှုများ တိုးမြှင့်နိုင်ရေး ကိုယ်စားလှယ်ရုံးဖွင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
- နှစ်နှစ်ကြာမြင့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု အစီအစဉ်ဖြစ်သော ယူရိုသန်း ၁၅၀ တန်ဖိုးရှိ အစီအစဉ်ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

- ၂၀၁၂ ခုနှစ် ဧပြီလ၂၃ ရက် နေ့တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ရန် ဆွေးနွေးကြမည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ လူ ၅၀၀ နီးပါးနှင့်သီးခြား ကဏ္ဍနှင့် လုပ်ငန်း ၉၀၀ နီးပါး၏ ဥရောပရှိ ပိုင်ဆိုင်မှုများထိန်းချုပ်ထားခြင်းကို ယင်းဆွေးနွေးမှုတွင် ဖယ်ရှားပေးဖွယ်ရှိနေသည်။

- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို ယာယီဖယ်ရှားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ထားသည်။
အမေရိကန်ပြည်ထောင်စု
- ၁၉၉၇ ခုနှစ်တွင် အမေရိကန် နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။

- Burma Freedom and Democracy Act of 2003 အရ မြန်မာနိုင်ငံမှ တင်ပို့မှုအားလုံး၊ ဘဏ္ဍာရေး ကူးလူးယှက်နွှယ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းအားလုံးကို ကန့်သတ်ခဲ့သလို  မြန်မာနိုင်ငံတွင်းရှိ ဘဏ္ဍာရေးအဖွဲ့ အစည်းများနှင့် မြန်မာအစိုးရထိပ်တန်း  ခေါင်းဆောင်ပိုင်း၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်းများကို ထပ်တိုးခဲ့သည်။ မြန်မာကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။

- ၂၀၀၇ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတွင် ပါဝင်သူ မည်သူမဆို၊ ယခင်စစ်အစိုးရကို ထောက်ပံ့ပေးသူ မည်သူမဆိုအပေါ် အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း ပြုလုပ်ခဲ့သည်။

-၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရေး စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင်  မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီနှင့် လေ့လာသုံးသပ်ရေး အစီအစဉ်များ ပေးအပ်ရေးကို အကူအညီပေးနိုင်ရန် ပိတ်ပင်မှု အချို့ကို ဖယ်ရှားပေးခဲ့သည်။။ - ကြားဖြတ်ရွေးကောက်ပွဲများ အပြီးတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီကလင်တန်က အရေးယူပိတ်ဆို့မှုများ စတင်ဖြေလျော့နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာအရာရှိများ အမေရိကန်သို့ လွယ်ကူစွာ လာရောက်နိုင်ရေးမှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် အမေရိကန်က အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။

- သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်နေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများပေါ်တွင်မူ အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ၾသစေၾတးလ်

- ၂၀၀၇ ခုနှစ် အောက်တိုဘာလက  သြစတြေးလျသည် မြန်မာခေါင်းဆောင်ပိုင်းနှင့် ၄င်းတို့၏ အပေါင်းအပါများ၊ ထောက်ခံသူများ အပေါ် အရေးယူ ပိတ်ဆို့ခဲ့သည်။ ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှု အပါအ၀င် ဘဏ္ဍာရေးအရ ချိတ်ဆက်မှုများ၊ ဗီဇာနှင့် ခရီးသွားလာမှုများကိုပါ ပိတ်ပင်ခဲ့သည်။ လက်နက်တင်ပို့မှုနှင့် ပတ်သက်ပြီးလည်း ပိတ်ပင်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

-၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာသမ္မတနှင့် အခြားပုဂ္ဂိုလ် ၂၀၀ ကျော်အား ဘဏ္ဍာရေးနှင့် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ သို့ရာတွင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်အချို့နှင့် လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၁၃၀ ခန့်ကို ပိတ်ပင်မှုတွင် ဆက်လက်ထားရှိမည် ဖြစ်သည်။
နော်ဝေ

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်နက် ကူးသန်းရောင်းဝယ်မှုကိုမူ ဆက်လက်ပိတ်ပင်ထားမည် ဖြစ်သည်။
ကနေဒါ

- ၁၉၈၈ ခုနှစ်ကတည်းက ကနေဒါသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများမှအပ မည်သည့် ကုန်ပစ္စည်းကိုမျှ မတင်ပို့ရန် ပိတ်ပင်ထားခဲ့ပြီး ဖွံ့ဖြိုးရေးအကူအညီများကိုလည်း ရပ်ဆိုင်းခဲ့သည်။

- ယခင်အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ကနေဒါနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ မြန် မာနိုင်ငံမှ တင်သွင်းမှုတို့ကို ပိတ်ပင်ခဲ့ သလို မြန်မာနိုင်ငံတွင် ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးခြင်းကိုလည်း ပိတ်ပင်ခဲ့ပြီး အစိုးရထိပ်တန်းအရာရှိများ၊ အစိုးရနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကနေဒါရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့သည်။

- ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်မူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ကနေဒါသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ပြင်ဆင်ရန် (သို့မဟုတ်) အဆုံးသတ်ရန် စဉ်းစား သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။ 
ဂျပန်

၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံက ကိုးနှစ်ကြာ ရပ်ဆိုင်းထားသော ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis